Author name: Dr. Fleming

လူများ ရှက်​ကြောက်​ ​နေကြတဲ့ ​လိပ်​ခေါင်း​ရောဂါ ဆိုတာ

တကယ်​တော့ လိပ်​ခေါင်း​ရောဂါက အဖြစ်မနည်းလှပါဘူး။ လူအများထဲမှာ​ကော ဆရာဝန်ဆီမှာပါ ​ပြောရ ပြရမှာ ရှက်​နေကြလို့ သိပ်မဖြစ်ဘူး ထင်​နေကြတာပါ။ လိပ်​ခေါင်း​ရောဂါဆိုတာ ဘလိုမျိုးလဲ လိပ်​ခေါင်း​ရောဂါဆိုတာက စအိုဝ နဲ့ စအိုလမ်း​ကြောင်းမှာရှိတဲ့ ​သွေး​ကြော​လေး​တွေ ​ဖောင်းဖုထွက်လာကာ ​သွေး​တွေနဲ့ပြည့်ပြီး ​ဖြစ်လာတာပါ။ လိပ်​ခေါင်း​ရောဂါ အမျိုးအစားများ လိပ်​ခေါင်းစထွက်တဲ့ ​​နေရာ​ပေါ်မူတည်ပြီး ၁။ အပြင်လိပ်​​ခေါင်းဆိုတာ စအိုအပြင်ဝ သွေး​ကြော​လေး​တွေ ​ဖောင်းဖုဖြစ်လာတာဖြစ်တယ်။ ဒီ​လို လိပ်​ခေါင်း​ကပိုအဖြစ်များပါတယ်။ ၂။ အတွင်းလိပ်​ခေါင်းဆိုတာက စအိုအတွင်းပိုင်းထဲက ​သွေး​ကြော​တွေ ဖြစ်လာတာပါ။ အဲထဲမှာမှ အတွင်းလိပ်​ခေါင်း​ရောဂါကို ဆိုးရွားမှုအ​ပေါ်မူတည်ပြီး အဆင့် ၄ ဆင့်ရှိပါတယ်။ အဆင့် ၁။ ​သွေးထွက်ရုံပဲ ထွက်တဲ့ လိပ်​ခေါင်း အဆင့် ၂။ လိပ်​​​ခေါင်း ​သွေး​ကြောဖု​လေးက အိမ်သာတက်အီးညှစ်တဲ့ အချိန်ပဲ ထွက်လာပြီး ပြီးရင်အလိုလိုပြန်ဝင်ပါတယ်။ […]

လူများ ရှက်​ကြောက်​ ​နေကြတဲ့ ​လိပ်​ခေါင်း​ရောဂါ ဆိုတာ Read More »

အယ်လ်နီညို၊ အပူလှိုင်း၊ ​နွေရာသီနှင့် အပူရှပ်ခြင်း အန္တရာယ်

အခုရက်ပိုင်း​ အာဆီယံနိုင်ငံ​တွေမှာ အပူလှိုင်းဖြတ်သန်း​နေချိန် ဖြစ်ပြီး ​နွေရာသီထဲကို ​ရောက်ရှိ​နေချိန် ဖြစ်တာ​ကြောင့် အပူရှပ် ခြင်းအန္တရာယ် မှ ကင်း​ဝေ​စေရန် အသိ​ပေးနှိုး​ဆော် ​ရေးသားလိုက်ပါတယ်။ပုံမှန်အားဖြင့် လူ​ခန္ဓာကိုယ် အပူချိန် ဟာ ၃၇ ဒီဂရီ စင်တီဂရိတ် ( 37°C ) သို့မဟုတ် ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ( 98.6°F ) ဖြစ်ပါတယ်။ ကျ​နော်တို့ ဦး​​ဏှောက်အတွင်းမှာရှိတဲ့ Hypothalmus လို့​ခေါ်တဲ့ အစိတ်အပိုင်းက အဲဒီကိုယ်ခန္ဓာအပူချိန်ကို တသမတ်တည်းဖြစ်​အောင် ထိန်းသိမ်း​ပေးပါတယ်။ ရာသီဥတုက အရမ်းပူးပြင်းပြီး ကိုယ်ခန္ဓာထဲကို အပူ​တွေ ကူးစက်လာလျှင် Hypothalmus က အတိုင်းအတာ တခုအထိ ထိန်းသိမ်း​ပေး​ပေမယ့် မထိန်းနိုင်​တော့တဲ့အခါ ကိုယ်ခန္ဓာ အပူချိန် များလွန်းပြီး အပူရှပ်ခြင်း လက္ခဏာ​တွေ ခံစားလာရပါ​တော့တယ်။

အယ်လ်နီညို၊ အပူလှိုင်း၊ ​နွေရာသီနှင့် အပူရှပ်ခြင်း အန္တရာယ် Read More »

​သောက်​ရေသန့်သန့် ရရှိ​အောင် ကိုယ်တိုင် ပြုလုပ်နည်း အပိုင်း -၂

ပြီးခဲ့တဲ့ အပတ်က Sodium Hypochlorite နဲ့ ​ရေသန့်ပြုလုပ်နည်းကို ​ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒီတပတ်မှာ​တော့ High-test Granular Calcium Hypochlorite ( HTH ) နဲ့ ​ရေသန့်ပြုလုပ်နည်းကို ​ဖော်ပြ​ပေးသွားမှာပါ။ ပထမဦးစွာ ​သောက်​ရေအတွက် အသုံးပြုမည့်​ရေကို ​ရေကန် ၊ မြစ်၊ ​ချောင်းထဲက​နေ ခပ်ပီး အနည်ထိုင်ထားရပါမယ်။အနည်ကျသွားပီး ​ရေကြည်လာလျှင် အခြားပုံးတခုထဲ ​ရေကြည်​တွေကို ခပ်ထည့်​ပေးပီးမှ ​​ရေသန့်​ဆေးမှုန့်ထည့်‌‌‌​ဖျော်​ပေးရပါမယ်။ မှတ်ချက်။ ​သောက်​ရေအတွက် အသုံးပြုမည့်​ရေသည် ​နောက်​နေပြီး ပျစ်​နေပါက ​ရေသန့်​ဆေးထည့်​သော်လည်း ​ရေမသန့်နိုင်ပါ။ ဒါကို သတိထားပါ။ ​ရေသန့်​ဆေးမှုန့် ခပ်နည်း ( Calcium Hypochlorite ) အဆင့် ၁ Calcium Hypochlorite ​ဆေးမှုန့် လ္ဘက်စားဇွန်း အ​မောက် တဇွန်းကို ​​သောက်​ရေသန့်ပြုလုပ်မည့်

​သောက်​ရေသန့်သန့် ရရှိ​အောင် ကိုယ်တိုင် ပြုလုပ်နည်း အပိုင်း -၂ Read More »

​သောက်​ရေ သန့်သန့် ရရှိ​အောင် ကိုယ်တိုင် ပြုလုပ်နည်း

​ ​ရေအသက် တမနက်ထမင်းအသက် ခုနှစ်ရက်တဲ့…..အစားမ​တော် တလုတ်အသွားမ​​တော် တလှမ်းတဲ့….. ကျ​နော်က​တော့ ဒီလို ထပ်ထည့်လိုက်ချင်ပါရဲ့…အ​သောက်မ​တော် တခွက်…​ ( အရက်​တော့ မဟုတ်ပါ… ရေပါ ) တကယ်လည်း ​​သောက်​ရေက မသန့်ဘဲ ​တခွက်တည်း ​သောက်လိုက်ရုံဖြင့် ရောဂါပိုး​တွေ ပါလာပါက ဝမ်းပျက်ဝမ်း​​လျှော​ရောဂါ ၊ အသည်း​ရောင် အသားဝါရောဂါ အစရှိသည်ဖြင့် ကူးစက်ခံရပြီး ဒုက္ခ​တွေ​ရောက် ​ငွေကုန်​ကြေးကျများပြီး အသက်အန္တရာယ် ဆုံးရှုံးရနိုင်ပါတယ်။ ဒါ​ကြောင့် ယခုလို ​ပြေးလွှားတိမ်း​ရှောင်​နေကြရတဲ့ အချိန်၊ မိမိ​တို့နေထိုင်နေရတဲ့ ပတ်ဝန်းကျင်မှာ ​ရေသန့်မရလျှင်၊ ​ရေသန့်မဝယ်နိုင်ခဲ့လျှင် ​သောက်​ရေသန့် ပြုလုပ်နည်း​လေး​တွေကို ​ဝေမျှလိုက်ပါတယ်။ ပထမဦးစွာ ​သောက်​ရေအတွက် အသုံးပြုမည့်​ရေကို ​ရေကန် ၊ မြစ်၊ ​ချောင်းထဲက​နေ ခပ်ပီး အနည်ထိုင်ထားရပါမယ်။အနည်ကျသွားပီး ​ရေကြည်လာလျှင် အခြားပုံးတခုထဲ ​ရေကြည်​တွေကို

​သောက်​ရေ သန့်သန့် ရရှိ​အောင် ကိုယ်တိုင် ပြုလုပ်နည်း Read More »

လိင်ဆက်ဆံခြင်းနှင့် ဂနို သို့မဟုတ် ဆီးပူ​​ညောင်းကျ ​ရောဂါ

ကွန်ဒုံး​တွေ ​​ပေါ်​လာပြီး တွင်ကျယ်စွာ အသုံးပြုလာကြတာ​ကြောင့် လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်တတ်တဲ့ ​ရောဂါ​ဖြစ်နှုန်း​​တွေ ကျဆင်းလာ​ပေမယ့် ​ရောဂါ​တွေ ဖြစ်​နေဆဲဆို​တာ ​တွေ့​နေရပါ​သေးတယ်။ ဒီထဲမှာမှ ကူးစက်ခံရပြီး ရက်ပိုင်းအတွင်းမှာ ​ရောဂါခံစားရ​လေ့ရှိတဲ့ ဂနို လို့​ခေါ်​တဲ့ ဆီးပူ​​ညောင်းကျ ​ရောဂါ အ​ကြောင်း ​ဗဟုသုတ ရရှိပြီး မကူးစက်ခံရ​စေရန် ​ဖော်ပြ​ပေးလိုက်ပါတယ်။ ဒီ​ရောဂါက အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း​ကြောင့် ကိုယ့် လိင်ဆက်ဆံ​ဖော် တ​ယောက်​ယောက်ဆီက​နေ Neisserria Gonorrhoea ဆိုတဲ့ ဘက်တီးရီးယားပိုး အကူးစက်ခံရလို့ပဲ ဖြစ်ပါတယ်။ ဘယ်သူ​တွေမှာ အဖြစ်များတာလဲ အသက် ၁၅-၂၄ ‌နှစ်ကြားအရွယ်​တွေမှာ အဖြစ်များကြတယ်။ အ​ကြောင်းက​တော့ လူပျို​ဖော် အပျို​ဖော် ဝင်လာကြပြီး လိင်ဆက်ဆံချင်စိတ် ဖြစ်လာတဲ့အခါ အိမ်​ထောင်မရှိခြင်း၊ ချစ်သူရည်စား ရှိ​သော်လည်း လူငယ်တို့ သဘာဝ (

လိင်ဆက်ဆံခြင်းနှင့် ဂနို သို့မဟုတ် ဆီးပူ​​ညောင်းကျ ​ရောဂါ Read More »

ဝဲရောဂါအဖြစ်များပေမယ့် သိသင့်တဲ့ အကြောင်းအရာများ

ဝဲ…ဝဲ…ဝဲဝဲစို…ဝဲ​ခြောက်နူရာဝဲစွဲ…လဲရာ သူခိုး​ထောင်းအဲဒီဟာ​တွေ အားလုံး ဝဲ ​ရောဂါကို ​ပြောတာပါပဲ။ဝဲ​ရောဂါကို​တော့ လူတိုင်းကြားဖူး ကြုံဖူးကြမှာ ​သေချာပါတယ်။ ဒါ​ပေမယ့် ဝဲ​ရောဂါ ဘာ​ကြောင့်ဖြစ်တာလဲကို​တော့ လူတိုင်း မသိကြ​သေးဘူးထင်ပါတယ်။ အမှန်က Sarcoptes scabei var. hominis ဆိုတဲ့ အ​ကောင်​လေး​တွေ​ကြောင့် ဖြစ်တာပါ။ ဝဲ​ကောင်​လေး​တွေက ဒီလိုပုံရှိပါတယ် ဒါက Microscope နဲ့ကြည့်မှ မြင်ရတဲ့ ဝဲ​ကောင်ပုံ​လေး​တွေ ဖြစ်ပါတယ်။ မြင်ဖူးကြပီဟုတ် ​ရှေ့ဆက်ပါမယ်။ဝဲ​ရောဂါက အ​ရေပြားမှာပဲ ဖြစ်တဲ့ ကူးစက်​ရောဂါ ဖြစ်တယ် ဆိုတာ​ကော သိကြမယ် ထင်ပါတယ်။ ဘယ်လို လူ​တွေ ဘယ်လို အ​ခြေ​နေ​တွေမှာ ကူးစက်ခံရလဲဆို​တော့ -လူ​အများစု​နေတဲ့ အိမ်၊ အ​ဆောင်၊ ​ဘော်ဒါ၊ စစ်​ဘေး​ရှောင်စခန်း​တွေ-တကိုယ်​ရေသန့်ရှင်းမှု မရှိသူ​တွေ-အစာအာဟာရချို့တဲ့​နေသူ​တွေ-ကိုယ်ခံအား ကျဆင်း ​နေသူ​တွေ-ဆင်းရဲနွမ်းပါးသူ​တွေ ( တကိုယ်​ရေ သန့်ရှင်းကို

ဝဲရောဂါအဖြစ်များပေမယ့် သိသင့်တဲ့ အကြောင်းအရာများ Read More »

Scroll to Top