လိင်ဆက်ဆံခြင်းနှင့် ဂနို သို့မဟုတ် ဆီးပူ​​ညောင်းကျ ​ရောဂါ

ကွန်ဒုံး​တွေ ​​ပေါ်​လာပြီး တွင်ကျယ်စွာ အသုံးပြုလာကြတာ​ကြောင့် လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်တတ်တဲ့ ​ရောဂါ​ဖြစ်နှုန်း​​တွေ ကျဆင်းလာ​ပေမယ့် ​ရောဂါ​တွေ ဖြစ်​နေဆဲဆို​တာ ​တွေ့​နေရပါ​သေးတယ်။

ဒီထဲမှာမှ ကူးစက်ခံရပြီး ရက်ပိုင်းအတွင်းမှာ ​ရောဂါခံစားရ​လေ့ရှိတဲ့ ဂနို လို့​ခေါ်​တဲ့ ဆီးပူ​​ညောင်းကျ ​ရောဂါ အ​ကြောင်း ​ဗဟုသုတ ရရှိပြီး မကူးစက်ခံရ​စေရန် ​ဖော်ပြ​ပေးလိုက်ပါတယ်။

ဒီ​ရောဂါက အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း​ကြောင့် ကိုယ့် လိင်ဆက်ဆံ​ဖော် တ​ယောက်​ယောက်ဆီက​နေ Neisserria Gonorrhoea ဆိုတဲ့ ဘက်တီးရီးယားပိုး အကူးစက်ခံရလို့ပဲ ဖြစ်ပါတယ်။

ဘယ်သူ​တွေမှာ အဖြစ်များတာလဲ

အသက် ၁၅-၂၄ ‌နှစ်ကြားအရွယ်​တွေမှာ အဖြစ်များကြတယ်။ အ​ကြောင်းက​တော့ လူပျို​ဖော် အပျို​ဖော် ဝင်လာကြပြီး လိင်ဆက်ဆံချင်စိတ် ဖြစ်လာတဲ့အခါ အိမ်​ထောင်မရှိခြင်း၊ ချစ်သူရည်စား ရှိ​သော်လည်း လူငယ်တို့ သဘာဝ ( အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း )အ​ပျော်အပါး လိုက်စားရာမှ ကူးစက်ခံရခြင်း ​ကြောင့်ဖြစ်ပါသည်။

ဘာ​လက္ခဏာ​တွေ ခံစားရမလဲ

​ရောဂါပိုးကူးစက်ခံရပြီး ၁ ရက်​က​နေ ၃၀ ရက်အတွင်း ​ရောဂါ လက္ခဏာ​တွေ ခံစားကြရပါတယ်။ ဒီ​ရောဂါပိုးက လိင်အင်္ဂါ​​တွေ၊ ဆီးအိမ်မှထွက်လာတဲ့ ဆီးပြွန်​တွေ၊ စအိုတဝိုက်၊ ပါးစပ်၊ လည်​ချောင်းနှင့် မျက်လုံး​တွေမှာ ​ရောဂါလက္ခဏာ​တွေ ဖြစ်​စေတတ်တယ်။ဒါ​ကြောင့်

-ဆီးကျဥ်၊ ဆီး​အောင့်၊ ဆီးခဏ ခဏ သွားခြင်း
-ဆီးလမ်း​ကြောင်းက​နေ ပြည်ထွက်ခြင်း
-အမျိုးသမီး အင်္ဂါက​နေ ပြည်ထွက်ခြင်း
-လိင်အင်္ဂါတဝိုက် စအိုတဝိုက် ​ရောင်ရမ်းခြင်း၊ နာကျင်ခြင်း
-စအိုမှ ပြည်ထွက်ခြင်း
-ဝမ်းဗိုက်​အောက်ပိုင်း​တွေ ​အောင့်ခြင်း
-အချိန်အခါ မဟုတ် မိန်းမကိုယ်မှ ​သွေးဆင်းခြင်း၊ လိင်ဆက်ဆံချိန် ​သွေးဆင်းခြင်း

ပါးစပ်နဲ့ လိင်ဆက်ဆံ ခဲ့မယ်ဆိုရင်

-ပါးစပ်လည်​ချောင်း​တွေမှာ ​ရောင်ရမ်းနာကျင်ခြင်း
-လည်ပင်းမှာ အကျိတ်​တွေ ထွက်ခြင်း
-တခုခု မျိုချတဲ့အခါလည်ချောင်း ​နာခြင်း

မျက်​စေ့ကို ကူးစက်ခဲ့မယ်ဆိုရင်

-မျက်​စေ့ ​ရောင်ရမ်းနာကျင်ခြင်း၊ ခိုးလိုးခုလုဖြစ်ခြင်း
-ပြည်ထွက်ခြင်း
-​မွေးကင်းစက​လေး​တွေမှာ ရာသက်ပန် အမြင်အာရုံ ဆုံးရှုံးခြင်း(မိခင်တွင်​ရောဂါရှိပြီး ​မွေးဖွားချိန်တွင် ကူးစက်ခံရ​သော​ကြောင့်)

ဒီလက္ခဏာ​တွေ ခံစားကြရပါတယ်။ တ​ယောက်နဲ့ တ​ယောက်​တော့ ခံစားရတာခြင်း တူချင်မှ တူပါမယ်။

​အချိန်မှီ မကုသခဲ့ရင်၊ ​ပျောက်ကင်း​အောင် မကုသခဲ့ရင်

-မီးယပ်အင်္ဂါ​တွေ နာတာရှည် ​ယောင်ရမ်းနာကျင်ခြင်း ( PID )
-နေရာမှား သ​န္ဓေတည်ခြင်း
-မျိုးမ​အောင်ခြင်း ( က​လေး မရနိုင် )
-သုတ်ရည်အိတ် ပြည်တည်ခြင်း
-အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်း
စတာ​တွေက ​နောက်ဆက်တွဲ ဆိုးကျိုး ​တွေပဲ ဖြစ်ပါတယ်။

ဂနို​ရောဂါ ဆိုတာ ​​သေချာ​ပီလား

အထက်ပါ လက္ခဏာ​တွေ ခံစား​နေရပြီဆိုရင် ဂနိုရောဂါ ဖြစ်​နေပြီဆိုတာ ​သေချာပါတယ်။ ပုံမှန်အားဖြင့် ​​ရောဂါလက္ခဏာ​တွေ ကြည့်ရုံနဲ့ ​သေချာတာ​ကြောင့် ​နောက်ထပ် စစ်​ဆေးမှု​တွေ လုပ်​လေ့မရှိပါ။ ဆီး၊ လိင်အင်္ဂါ၊ စအို နဲ့ မျက်​စေ့တို့မှ ထွက်လာတဲ့ အရည်​တွေကို ဓါတ်ခွဲ စစ်​ဆေးရင်​တော့ ဂနို ​ရောဂါပိုး Neisseria gonococci ​တွေကို ​တွေ့ရမှာပဲ ဖြစ်ပါတယ်။

ကာကွယ်လို့ရသလား

ကာကွယ်လို့ရပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက​နေ ကူးစက်တဲ့ အတွက်​ကြောင့် အန္တရာယ်ကင်း စိတ်ချရတဲ့ လိင်ဆက်ဆံသော အမူအကျင့်​တွေကို ​သေချာ လိုက်နာ​ပေးရင် ​ရောဂါ ကူးစက်ခံရမှာ မဟုတ်ပါ။
-လိင်ဆက်ဆံတဲ့ အခါတိုင်း ကွန်ဒုံးကို စနစ်တကျသုံး ကြပါ။
-ဂနို​ရောဂါပိုး ရှိသူနဲ့ လိင်ဆက်ဆံခြင်း မပြုရန်
-ဂနို​ရောဂါ လက္ခဏာ ရှိသူတွေနဲ့ လိင်ဆက်ဆံခြင်း မပြုရန်
-လိင်ဆက်ဆံ​ဖော် ​လျှော့ချပါ
-ဂနို​ရောဂါ ရှိ​နေသည်ဟု သံသယရှိလျှင် စစ်​ဆေးကုသမှု ခံယူပါ။

ကာကွယ်​ဆေးရှိသလား

-မရှိသေးပါ။

ဒါ​ကြောင့် ကာကွယ်နည်း​တွေကို စနစ်တကျ လိုက်နာဖို့ အ​ရေးကြီးပါသည်။ ဂနို​ရောဂါသည် ကူးစက်ခံခဲ့ရပြီဆိုရင်​တောင် ​အချိန်မှီ ကုသမှု ခံယူပါက ​ပျောက်ကင်းနိုင်ပါ​သေးသည်။
HIV -AIDS ​ရောဂါကား ကူစက်ခံရပြီဆိုပါက ​ပျောက်ကင်း​အောင် ကုသလို့ မရဘဲ တသက်လုံး ကုသရမည် ဖြစ်​သော​ကြောင့် အန္တရာယ်ကင်း​သော လိင်ဆက်ဆံခြင်း နည်းလမ်းများကို ​သေ​သေချာချာ လိုက်နာကျင့်သုံးမှသာ စိတ်ချရမည် ဖြစ်ပါသည်။
ဒါ​ကြောင့် စနစ်တကျ သုံးကြပါ။

ကွန်ဒုံး…ကွန်ဒုံး

Dr. Fleming

https://www.healthline.com/health/gonorrhea#transmission

Scroll to Top