လူများ ရှက်​ကြောက်​ ​နေကြတဲ့ ​လိပ်​ခေါင်း​ရောဂါ ဆိုတာ

တကယ်​တော့ လိပ်​ခေါင်း​ရောဂါက အဖြစ်မနည်းလှပါဘူး။ လူအများထဲမှာ​ကော ဆရာဝန်ဆီမှာပါ ​ပြောရ ပြရမှာ ရှက်​နေကြလို့ သိပ်မဖြစ်ဘူး ထင်​နေကြတာပါ။

လိပ်​ခေါင်း​ရောဂါဆိုတာ ဘလိုမျိုးလဲ

လိပ်​ခေါင်း​ရောဂါဆိုတာက စအိုဝ နဲ့ စအိုလမ်း​ကြောင်းမှာရှိတဲ့ ​သွေး​ကြော​လေး​တွေ ​ဖောင်းဖုထွက်လာကာ ​သွေး​တွေနဲ့ပြည့်ပြီး ​ဖြစ်လာတာပါ။

လိပ်​ခေါင်း​ရောဂါ အမျိုးအစားများ

လိပ်​ခေါင်းစထွက်တဲ့ ​​နေရာ​ပေါ်မူတည်ပြီး

၁။ အပြင်လိပ်​​ခေါင်းဆိုတာ စအိုအပြင်ဝ သွေး​ကြော​လေး​တွေ ​ဖောင်းဖုဖြစ်လာတာဖြစ်တယ်။ ဒီ​လို လိပ်​ခေါင်း​ကပိုအဖြစ်များပါတယ်။

၂။ အတွင်းလိပ်​ခေါင်းဆိုတာက စအိုအတွင်းပိုင်းထဲက ​သွေး​ကြော​တွေ ဖြစ်လာတာပါ။

အဲထဲမှာမှ အတွင်းလိပ်​ခေါင်း​ရောဂါကို ဆိုးရွားမှုအ​ပေါ်မူတည်ပြီး အဆင့် ၄ ဆင့်ရှိပါတယ်။

အဆင့် ၁။ ​သွေးထွက်ရုံပဲ ထွက်တဲ့ လိပ်​ခေါင်း

အဆင့် ၂။ လိပ်​​​ခေါင်း ​သွေး​ကြောဖု​လေးက အိမ်သာတက်အီးညှစ်တဲ့ အချိန်ပဲ ထွက်လာပြီး ပြီးရင်အလိုလိုပြန်ဝင်ပါတယ်။

အဆင့် ၃။ လိပ်​ခေါင်းက အ​ကြောင်းတခုခ ​ကြောင့် ထွက်လာလျှင် သူ့ဘာသူ​တော့ပြန်မဝင်​တော့ဘူး။ လက်နဲ့ပြန်သွင်းရင်​တော့ ဝင်သွားတယ်။

အဆင့် ၄။ လိပ်​ခေါင်းက အမြဲတမ်းစအိုအပြင်ဘက်ကိုထွက်​နေတယ်။ လက်နဲ့ပြန်သွင်းလည်း အထဲကိုသွင်းမရ​တော့ဘူး။

ဒီလိပ်​ခေါင်း​ရောဂါ အဆင့် သတ်မှတ်ချက်က​တော့ အတွင်းလိပ်​ခေါင်း အတွက် ခွဲခြားထားတာဖြစ်တယ်။

လိပ်​ခေါင်း​ရောဂါ ဘာ​ကြောင့်ဖြစ်တာလဲ

-ဝမ်းညှစ်လွန်းသူများ
-ဝမ်း ချုပ်လွန်းသူများ
-အ​​လေးအပင် မ, ရသူများ
-နာတာရှည် ​ချောင်းဆိုး ​ရောဂါ ခံစား​နေသူများ
-ကိုယ်ဝန်​ဆောင် မိခင်များ
-အသက်ကြီး၍ တင်ပါး နှင် စအို ကြွက်သား အားနည်းသူများ
-ကာလကြာရှည် ဝမ်း​လျှောဝမ်းပျက်​နေသူများ အစရှိသူတို့မှာ အဖြစ်များကြ​​​​လေ့ရှိတယ်။

​ရောဂါလက္ခဏာများ

-ဝမ်းသွားတဲ့အခါ ​သွေးပါမယ်။
-လိပ်​ခေါင်းလို့ ​ခေါ်တဲ့ ​သွေး​ကြောဖု​လေး​တွေ ထွက်လာမယ် ။ စမ်းမိမယ်။
-စအိုက​နေ အကျိအချွဲ ​တွေ ထွက်မယ်။
-စအို ယားယံမယ်။
-ဝမ်းသွားပြီးတဲ့ အခါ ဝမ်းမကုန်သလို ခံစားရမယ်
-လိပ်​ခေါင်းက ​ဖောင်းပြီး နာလာတတ်မယ်။
-အတွင်းလိပ်​ခေါင်းက ထွက်ကျလာပြီး ပြန်မဝင်​တော့ဘဲ အညှစ်ခံရသလိုဖြစ်ပြီး စအိုအပြင်မှာ တင်း​ရောင်​ဖောင်းကားလာတတ်တယ်။

အပြင်လိပ်​ခေါင်းက​တော့ မြင်ရုံနဲ့ သိသာ​ပေမယ့် အတွင်းလိပ်​ခေါင်း ဟုတ် မဟုတ်က​တော့ Protoscope လို့​ခေါ်တဲ့ စအိုကြည့်တဲ့ စတီးပိုက်​ နဲ့ကြည့်ပြီး ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။

ဘလိုကုသရမလဲ

ပုံမှန်အားဖြင့်​တော့ လိပ်​ခေါင်းသက်သာ​အောင် ပိုပြီး မဆိုးရ​အောင်

၁။ အမျှင်ပါတဲ့ အစားအစာ များများစား​ပေးရပါမယ်။
၂။ ဝမ်းအချုပ်မခံရပါ။
၃။ ဝမ်းချုပ်လျှင် ဝမ်း​ပျော့​ဆေး ​သောက်​ပေးရပါမယ်။
၄။ ​ရေများများ ​သောက်​ပေးရပါမယ်။
၅။ ကိုယ်လက်လှုပ်ရှား ​လေ့ကျင့်ခန်း လုပ်​ပေးရပါမယ်။
၆။ နာတာ ယားတာ ​တွေအတွက် ပါရာစီတ​မော၊ Diclo gel၊ Lignocaine gel နဲ့ Metro gel ​တွေ ​သောက်​ပေး လိမ်း​ပေး လို့ရပါတယ်။
၇။ ​​​ရောင်​နေတဲ့အခါ ​ရေခဲပတ် ကပ်​ပေးလို့ရပါတယ်။
၈။ ​ကြက်သီး​နွေးဆားငံ​ရေ လည်း ထိုင်​ပေးရပါမယ်။
၉။ အိမ်သာတက်လျှင် တတ်နိုင်သမျှ မညှစ်ပါနဲ့။
၁၀။ Kegel exercise ( စအိုရှုံ့ ​လေ့ကျင့်ခန်း ) လုပ်​ပေးရပါမယ်။

ခွဲစိပ်ကုသနည်း

-အဆင့် (၄) အတွင်းလိပ်​ခေါင်း​တွေက​တော့ ခွဲစိပ်ကုသရပါမယ်။
-လိပ်​ခေါင်းထဲမှာ ​သွေးခဲ​နေလျှင်မဖြစ်မ​နေ ခွဲစိပ်ကုသရပါမယ်။ခွဲစိပ်ကုသနည်းက​တော့ ၃ နည်း ရှိပါတယ်။ အဆင်​ပြေတဲ့နည်း နဲ့ ခွဲစိပ်လို့ ရပါတယ်။ ခွဲစိပ်ကုသနည်း မဟုတ်ဘဲ သား​ရေကွင်းပစ်နည်း၊ ရှုံ့​ဆေးထိုးနည်း​တွေ၊ ခွဲခန်းသုံးမီးရှို့နည်း ​တွေနဲ့လည်း ကုသလို့ရပါ​သေးတယ်။

ဒါ​ကြောင့် လိပ်​ခေါင်း​ရောဂါ ​ဝေဒနာ ခံစား​နေရသူများ ​ ရှက်လို့ပဲဖြစ်ဖြစ် ​ကြောက်လို့ပဲ ဖြစ်ဖြစ် ကြိတ်မှိတ်ခံစားမ​နေဘဲ မှန်ကန်​သော ကုသမှုကို အချိန်မှီ ခံယူနိုင်ပါ​စေဟု ရည်ရွယ်လျှက်

​Dr.Fleming

https://www.bupa.co.uk/health-information/digestive-gut-health/haemorrhoids

https://pubmed.ncbi.nlm.nih.gov/14766336/

Scroll to Top