အယ်လ်နီညို၊ အပူလှိုင်း၊ ​နွေရာသီနှင့် အပူရှပ်ခြင်း အန္တရာယ်

အခုရက်ပိုင်း​ အာဆီယံနိုင်ငံ​တွေမှာ အပူလှိုင်းဖြတ်သန်း​နေချိန် ဖြစ်ပြီး ​နွေရာသီထဲကို ​ရောက်ရှိ​နေချိန် ဖြစ်တာ​ကြောင့် အပူရှပ် ခြင်းအန္တရာယ် မှ ကင်း​ဝေ​စေရန် အသိ​ပေးနှိုး​ဆော် ​ရေးသားလိုက်ပါတယ်။
ပုံမှန်အားဖြင့် လူ​ခန္ဓာကိုယ် အပူချိန် ဟာ ၃၇ ဒီဂရီ စင်တီဂရိတ် ( 37°C ) သို့မဟုတ် ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ( 98.6°F ) ဖြစ်ပါတယ်။ ကျ​နော်တို့ ဦး​​ဏှောက်အတွင်းမှာရှိတဲ့ Hypothalmus လို့​ခေါ်တဲ့ အစိတ်အပိုင်းက အဲဒီကိုယ်ခန္ဓာအပူချိန်ကို တသမတ်တည်းဖြစ်​အောင် ထိန်းသိမ်း​ပေးပါတယ်။ ရာသီဥတုက အရမ်းပူးပြင်းပြီး ကိုယ်ခန္ဓာထဲကို အပူ​တွေ ကူးစက်လာလျှင် Hypothalmus က အတိုင်းအတာ တခုအထိ ထိန်းသိမ်း​ပေး​ပေမယ့် မထိန်းနိုင်​တော့တဲ့အခါ ကိုယ်ခန္ဓာ အပူချိန် များလွန်းပြီး အပူရှပ်ခြင်း လက္ခဏာ​တွေ ခံစားလာရပါ​တော့တယ်။ ကိုယ်အပူချိန် ၄၀ ဒီဂရိီ စင်တီဂရိတ် ( 40°C ) သို့မဟုတ် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ( 104°F ) ​အထိ​ရောက်သွားလျှင် အပူရှပ်ခြင်း ရဲ့ အပြင်းထန်ဆုံး အဆင့်​တွေ ခံစားရမှာ ဖြစ်တယ်။

အဓိကအ​ကြောင်းအရင်း

အပူရှပ်ခြင်း ​ရောဂါ ခံစားရတဲ့ အဓိက အ​ကြောင်းအရင်းက ရာသီဥတု အရမ်းပူ​နေချိန်မှာ အပြင်ထွက်လွန်း​ခြင်း၊ အလုပ်လုပ်​နေရခြင်း နှင့် ကိုယ်လက်လှုပ်ရှား လုပ်​ကြ လို့ဖြစ်ပါတယ်။

ဘယ်သူ​တွေ က ပိုမို ခံစားရ​လေ့ရှိလဲ

-​မွေးကင်းစနှင့် အသက် ၄ နှစ်​အောက်ကလေးများ
-အသက် ၆၅ နှစ်အထက်ရှိသူတွေ
-အမျိုးသား​တွေ က အမျိုးသမီး​တွေထက် ပိုဖြစ်​လေ့ရှိ
-အရက်အလွန်အကျွံ​သောက်ခြင်း
-အဝလွန်သူ​တွေ
-နှလုံး​ရောဂါ နှင့် ဆီးချို​ရောဂါ ရှိသူ​တွေ
-ဆီး​ဆေး၊ ဆီးချို​ဆေး၊ နှလုံး​ရောဂါနှင့် ​သွေးကျ​ဆေး၊ ကင်ဆာ​ဆေး ​သောက်သုံး ​နေရသူ​တွေ
-အားကစားသမားများ
-စစ်သားများ
-နေပူပူတွင် အလုပ်လုပ်သူများ
-​ရေဓါတ်ခမ်း​ခြောက်​နေသူများ
အထက်ပါလူ​တွေမှာ အပူရှပ်ခြင်း​ရောဂါက ပိုမိုဖြစ်ပွား​လေ့ရှိတယ်။

အပူချိန် ၁၀၀ ဒီကရီဖာရင်ဟိုက် ထက်များလာပြီး ပိုဆိုးလာပြီ ဆိုလျှင်​တော့

-​ချွေးမထွက်နိုင်​တော့ခြင်း
-တကိုယ်လုံး ခြစ်ခြစ်​တောက် ပူ​နေခြင်း
-အ​ရေပြားဖြူပြီး​ဖျော့​​တော့လာခြင်း
-လမ်းမ​လျှောက်​နိုင်တော့ခြင်း
-က​ယောင်ကတမ်းဖြစ်ခြင်း
-သတိလစ်ခြင်း
-ဆီးနည်းလာခြင်း
ဒါ​တွေ ခံစားလာရမှာဖြစ်ပြီး ​နောက်ဆက်တွဲ အ​နေနဲ့
-​ကျောက်ကပ်၊ အသည်း၊ အဆုတ်၊ ဦး​ဏှောက် စသည်တို့ ပျက်စီးပြီး အသက်​သေဆုံးသည် အဆင့်ထိ ဖြစ်နိုင်ပါတယ်။

ဘလို ကုသ ရမလဲ

အပူရှပ်ခြင်း စဖြစ်လာပြီလို့ ထင်လိုက်တာာနဲ့ မိမိ ဘာသာ ကုသ​နေထိုင်နည်း​တွေ ရှိပါတယ်။

-နဖူး၊ လည်ပင်း၊ ချိုင်းကြားနှင့် ​ပေါင်ကြား​တွေကို ​ရေ​အေးပတ် သို့မဟုတ် ​ရေခဲ ကပ်​ပေးပါ။
-ငြိမ်ငြိမ်​နေပါ။
-​ဓါတ်ဆားရည် သို့မဟုတ် အားကစားသမား​တွေ ​သောက်တဲ့ အားဖြည့် ဓါတ်ဆားရည် ​သောက်​ပေး တိုက်​ပေးပါ။
-အရိပ်ရ ​အေးမြ​သော ​နေရာတွင်​နေပါ။ ​
-​လေဝင်​လေထွက်​ကောင်း​သော ​နေရာတွင်​​နေပါ။
-ပန်ကာဖွင့်​နေပါ။ အဆင်​ပြေလျှင် Air cooler Air Con တို့ဖွင့်ထားပါ။

​ဘာ​တွေဖြစ်လာရင် ​ဆေးရုံ ​ဆေးခန်း သွားပြရမလဲ

-အသက်ရှူမြန်ခြင်း
-ရှော့ရခြင်း
-တက်ခြင်း
-က​ယောင်ကတမ်းဖြစ်ခြင်း
-သတိလစ်ခြင်း
ဒါ​တွေ ခံစားလာရပီ ဆိုလျှင်​တော့ ​နီးစပ်ရာဆေးရုံ​ဆေးခန်းသို့ သွားပြရပါမယ်။ အသက်အန္တရာယ် ရှိလာနိုင့်ပဲ ဖြစ်ပါတယ်။

ဘလို ကာကွယ်ရမလဲ

အပူရှပ်ခြင်း ကင်း​ဝေး​အောင် ကာကွယ်​နည်း​တွေက​တော့

-​နေပူပူတွင် အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်စားခြင်းကို ​ရှောင်ကြဥ်ပါ။
-မနက် ၁၀ နာရီမှ ည​နေ ၅နာရီ အထိ အပြင်ထွက်ခြင်း​ရှောင်ကြဥ်ပါ။ ထိုအချိန်အတွင်း ​ရေမချိုးရ။
-အပြင်ထွက်ရန် လိုအပ်ပါက အဝတ်ပွများ၊ အင်္ကျီလက်ရှည်၊ ​ဘောင်းဘီရှည်၊ ဦးထုပ်၊ ​နေကာမျက်မှန် များ ဝတ်ဆင်ပါ။
-အပြင်မှ ပြန်လာပြီး ချက်ခြင်း​ရေမချိုးရ။
-​နေ့လည် ​နေ့ခင်းတွင် အရိပ်ရ ​အေးမြ​သော​နေရာတွင် နား​နေပါ။
-ပန်ကာ၊ Air cooler၊ Air con များဖွင့်၍ ​နေထိုင်ပါ။

Dr. Fleming

https://my.clevelandclinic.org/health/diseases/21812-heatstroke

Scroll to Top