ဝဲရောဂါအဖြစ်များပေမယ့် သိသင့်တဲ့ အကြောင်းအရာများ

ဝဲ…ဝဲ…ဝဲ
ဝဲစို…ဝဲ​ခြောက်
နူရာဝဲစွဲ…လဲရာ သူခိုး​ထောင်း
အဲဒီဟာ​တွေ အားလုံး ဝဲ ​ရောဂါကို ​ပြောတာပါပဲ။
ဝဲ​ရောဂါကို​တော့ လူတိုင်းကြားဖူး ကြုံဖူးကြမှာ ​သေချာပါတယ်။
ဒါ​ပေမယ့် ဝဲ​ရောဂါ ဘာ​ကြောင့်ဖြစ်တာလဲကို​တော့ လူတိုင်း မသိကြ​သေးဘူးထင်ပါတယ်။
အမှန်က Sarcoptes scabei var. hominis ဆိုတဲ့ အ​ကောင်​လေး​တွေ​ကြောင့် ဖြစ်တာပါ။
ဝဲ​ကောင်​လေး​တွေက ဒီလိုပုံရှိပါတယ်

ဒါက Microscope နဲ့ကြည့်မှ မြင်ရတဲ့ ဝဲ​ကောင်ပုံ​လေး​တွေ ဖြစ်ပါတယ်။ မြင်ဖူးကြပီဟုတ် ​ရှေ့ဆက်ပါမယ်။
ဝဲ​ရောဂါက အ​ရေပြားမှာပဲ ဖြစ်တဲ့ ကူးစက်​ရောဂါ ဖြစ်တယ် ဆိုတာ​ကော သိကြမယ် ထင်ပါတယ်။
ဘယ်လို လူ​တွေ ဘယ်လို အ​ခြေ​နေ​တွေမှာ ကူးစက်ခံရလဲဆို​တော့

-လူ​အများစု​နေတဲ့ အိမ်၊ အ​ဆောင်၊ ​ဘော်ဒါ၊ စစ်​ဘေး​ရှောင်စခန်း​တွေ
-တကိုယ်​ရေသန့်ရှင်းမှု မရှိသူ​တွေ
-အစာအာဟာရချို့တဲ့​နေသူ​တွေ
-ကိုယ်ခံအား ကျဆင်း ​နေသူ​တွေ
-ဆင်းရဲနွမ်းပါးသူ​တွေ ( တကိုယ်​ရေ သန့်ရှင်းကို ဂရုမစိုက်နိုင်၊ လူအများ ကြပ်ကြပ်တည်းတည်း​နေထိုင်ကြရ ) တွေမှာ ဝဲ​ရောဂါ​တွေ ဖြစ်​လေ့ရှိကြပါတယ်။

ဝဲ​ကောင်​လေး​တွေက လူ့အ​ရေပြား​အောက်မှ မိတ်လိုက်ပီး ဥ,ဥ ကြတယ်။ တွားသွား​နေကြတယ် ။
အဲဒီမှာ လူက ယားယံတဲ့ ​ဝေဒနာ ခံစားရ​တော့တာပါ။ ဝဲ​​​ကောင်​လေး​တွေ ကိုယ့်ဆီ ကူးကူးခြင်းမှာ ယားယံတာ မဟုတ်ပါ။
အကူးခံရပြီး ၄ ပတ်က​နေ ၆ ပတ်အကြာမှာမှ ယားယံမှုကို ခံစားကြရတာ။
ဝဲ ​ရောဂါ ကဲ့သို့ ယားယံတာမျိုး မရှိကြပါဘူး။ ဝဲ​ရောဂါက အယားဆုံး ​ရောဂါပါပဲ။
လူ​ရှေ့ သူ​ရှေ့ မ​ရှောင် မရှက်နိုင် မဖုံးနိုင် ကုတ်ကြရတဲ့ အထိပါပဲ။ ည​တွေ မှာ ပိုပြီး ယားယံမှုကို ခံစားကြရတယ်။
ဝဲ​ရောဂါက တကိုယ်လုံးကို ယားယံ​စေ​ပေမယ့် ယားယံမှု အလွန်ခံစားရ​နေရာ​လေး​တွေ သီးခြား သတ်သတ်မှတ်မှတ် ရှိကြပါတယ်။ အဲ​နေရာ​လေး​တွေက ​တော့
-လက်
-လက်​ကောက်ဝတ်
-တံ​တောင်ဆစ်
-ဂျိုင်း
-ရင်အုပ်
-​ခြေဖဝါး
-​ပေါင်
-တင်ပါး
-တင်ပဆုံ ပတ်ပတ်လည်​တွေ
-နို့နဲ့ အမျိုးသမီး အင်္ဂါ​တွေ ၊ အမျိုးသားအင်္ဂါ ​တွေမှာ ​ယားယံမှု အဖြစ်ဆုံး​နေရာ​တွေပါပဲ။

လည်ပင်း၊ မျက်နှာ​ နှင့် ဦး​ခေါင်းတွေမှာ​တော့ လုံးဝ မယားပါ။ ဒါ​ပေမဲ့ က​​လေး​လေး​တွေ၊ သက်ရွယ်ကြီးရင့်သူ​တွေနဲ့ AIDS လိုမျိုး ခုခံအားကျဆင်းမှု ရှိ​နေသူ​တွေမှာ​တော့ အဲ​နေရာ​တွေလည်း ယားယံကြပါတယ်။

ဝဲ​ရောဂါ အတွက် ​ဆေးမလိမ်း မခြင်း မ​သောက်မခြင်း မ​ပျောက်​တော့ပါဘူး။ ဒါ​ကြောင့် ဝဲ​​ရောဂါအတွက် ​ဆေး​တွေ ကို စနစ်တကျ ​သောက်​ပေး လိမ်း​ပေးမှ ​ပျောက်မှာပါ။ ​ဆေးပတ်လည်ပီဆိုရင်​တောင် ဝဲ​ကောင်​လေး​တွေ ​သေသွား​ပေမဲ့ ယားယံမှုက ၃-၄ ပတ် အထိ ဆက်ခံစားရနိုင်ပါ​သေးတယ်။

ဝဲ​ရောဂါက ယားယံတာ အပြင် အနီပိန့် ​တွေ အဖု​လေး​တွေ ထွက်​စေတတ်ပါ​သေးတယ်။ ကုတ်ရတဲ့ ဒဏ်ရာ​တွေမှာ ဘက်တီးရီးယား ပိုးထပ်ဝင်ပြီး ပြည် တည် တတ်ပါ​သေးတယ်။
ဝဲ​ကောင်​လေး​တွေ အ​ရေပြား​အောက် တွားသွား​နေတဲ့ scabies burrows လို့​ခေါ်တဲ့ ဝဲလမ်း​ကြောင်း​လေး​တွေလည်း ​သေချာကြည့်ရင် ​တွေ့ကြရပါမယ်။

ဝဲ​ရောဂါ အတွက် ကုတဲ့​ဆေး​တွေက​တော့ လိမ်း​ဆေး​ကော ​သောက်​ဆေး​ကော ရှိ​ပေမယ့် လိမ်း​ဆေး နဲ့ပဲ ​ပျောက်ကင်း သက်သာသွားကြ​​လေ့ရှိပါတယ်။
၁၊ 5% permethrin cream or lotion (Lorix)
၂၊ 25% Benzyl Benzoate lotion (Burscabies)
၃၊ 1%Gamma Benzene Hexachloride ( Lindane ၊ Scaboma )
၄၊ 0.5% malathion aqueous solution (Malathion lotion USP 0.5% )
ဒီလိမ်း​ဆေး​တွေထဲက တခုခု သုံးလို့ရပါတယ်။လိမ်းတဲ့အခါမှာ​တော့ ​မေးရိုးက​နေ ​အောက် ​ခြေဖျားအထိ တကိုယ်လုံး လက်သည်းကြား ​ခြေသည်းကြားမကျန် အကြားအလပ်မရှိိ လိမ်း​ပေးရပီး ၈-၁၂ နာရီကြာတဲ့အထိ ထား​ပေးရမယ်။ အဲဒီအချိန် အတွင်း ​​ရေချိုးတာ​တွေ ၊ ​ခြေလက်​ရေ​ဆေးတာ​တွေ မလုပ်ရပါ။ ၁ပတ်အကြာမှာ ထပ်ပီးလိမ်း​ပေးရပါမယ်။ ဒါမှမဟုတ် ၃ရက်ဆက်တိုက် လိမ်း​ပေးလည်း ရပါတယ်။
တခု သတိထားရမှာရှိပါ​သေးတယ်။ အဝတ်​တွေ၊ ​စောင် နှင့် အိပ်ယာခင်း​တွေကို ​ရေပူပူနဲ့ စိမ်​လျှော် တာ​တွေ သို့မဟုတ် ​ဆေးနဲ့ စိမ်​ပေးတာ​တွေပါ တပြိုင်နက် လုပ်​ပေးပါမှ ဝဲ​ရောဂါ အမြစ်ပြတ်မှာပါ။
ကိုယ်ဝန်​ဆောင်​တွေလည်း လိမ်းလို့ရပါတယ်။

သောက်​ဆေးအ​နေနဲ့က​တော့ Ivermertin ကို ​သောက်လို့ရပါတယ်။ လိမ်း​ဆေး ​သေချာ မလိမ်းနိုင်သူ​တွေ၊ လိမ်းဆေးနဲ့ မ​​ပျောက်ကင်းသူ​တွေအတွက် ​သောက်​ဆေးကို သုံးရပါမယ်။ တပတ်အကြာမှာ ​နောက်တခါ ထပ်​သောက်​ပေးရပါမယ်။ ကိုယ်ဝန်​ဆောင်​တွေအတွက် ​တော့ သုံးလို့မရပါ။
ဒီ​လောက်ဆိုရင်​တော့ ခံရခက်တဲ့ မရှက်နိုင် မဖုံးနိုင် အထိ ယားယံ တဲ့ ဝဲ​ရောဂါ အ​ကြောင်း သိရှိလာပါလိမ့်မည်ဟု ယူဆပါသည်။အကျိုးရှိပါ​စေဟု ရည်သန်လျက်

Dr. Fleming.

https://dermnetnz.org/topics/scabies

Scroll to Top