​သောက်​ရေသန့်သန့် ရရှိ​အောင် ကိုယ်တိုင် ပြုလုပ်နည်း အပိုင်း -၂

ပြီးခဲ့တဲ့ အပတ်က Sodium Hypochlorite နဲ့ ​ရေသန့်ပြုလုပ်နည်းကို ​ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဒီတပတ်မှာ​တော့ High-test Granular Calcium Hypochlorite ( HTH ) နဲ့ ​ရေသန့်ပြုလုပ်နည်းကို ​ဖော်ပြ​ပေးသွားမှာပါ။

ပထမဦးစွာ ​သောက်​ရေအတွက် အသုံးပြုမည့်​ရေကို ​ရေကန် ၊ မြစ်၊ ​ချောင်းထဲက​နေ ခပ်ပီး အနည်ထိုင်ထားရပါမယ်။
အနည်ကျသွားပီး ​ရေကြည်လာလျှင် အခြားပုံးတခုထဲ ​ရေကြည်​တွေကို ခပ်ထည့်​ပေးပီးမှ ​​ရေသန့်​ဆေးမှုန့်ထည့်‌‌‌​ဖျော်​ပေးရပါမယ်။

မှတ်ချက်။ ​သောက်​ရေအတွက် အသုံးပြုမည့်​ရေသည် ​နောက်​နေပြီး ပျစ်​နေပါက ​ရေသန့်​ဆေးထည့်​သော်လည်း ​ရေမသန့်နိုင်ပါ။ ဒါကို သတိထားပါ။

​ရေသန့်​ဆေးမှုန့် ခပ်နည်း ( Calcium Hypochlorite )

အဆင့် ၁

Calcium Hypochlorite ​ဆေးမှုန့် လ္ဘက်စားဇွန်း အ​မောက် တဇွန်းကို ​​သောက်​ရေသန့်ပြုလုပ်မည့် ​​ရေ ၂ ဂါလံ (၉ လီတာ ) ထဲကို ထည့်ပါမယ်။ ​ဆေးမှုန့် ​တွေ ​ပျော်ဝင်သွား​အောင် ​မွှေ​ပေးပါ။ ​​ဆေး​ဖျော်ရည် ရပါပြီ။ ​​​သောက်​ရေ အတွက် ​ရေသန့် မဖြစ်​သေးပါ။ ​လေ​ဝေင်​လေထွက် ​ကောင်း​သော ​နေရာတွင် Face mask နဲ့ Eye glass များ ဝတ်ဆင်ပြီး ​ဖျော်ရပါမယ်။

အဆင့် ၂

ဒုတိယအဆင့်ကလည်း လွယ်ပါတယ်။ အဆင့် ၁ မှာ ​​ဖျော်ပြီးရလာတဲ့ ​ဆေးရည်ကို ​ရေ အဆ ၁၀၀ နဲ့ ဆက်​ဖျော်ရပါမယ်။

ရေလီတာ ၁၀၀ ​ကို ရေသန့်ပြုလုပ်လိုလျှင် ပထမအဆင့်မှာ ​ဖျော်လို့ရခဲ့တဲ့ ​ဆေးရည် ၁ လီတာကို ​ရေလီတာ ၁၀၀ ထဲသို့ ​ရော​ပေးရပါမယ်​။ ​
ရေလီတာ ၂၀၀ ကို ​ရေသန့်ပြုလုပ်လိုလျှင် ပထမအဆင့်မှာ​ဖျော်လို့ရခဲ့တဲ့ ​ဆေးရည် ၂ လီတာကို ​​ရေလီတာ ၂၀၀ ထဲသို့ ရော​ပေးရပါမယ်။
တိတိကျကျ ​ပြောရမယ် ဆိုရင်​တော့ ပထမအဆင့်​ဆေးရည် 1 pint ( အရည် ၁၆ ​အောင်စနဲ့ညီမျှတဲ့ 473 ml ) ကို ​​ရေသန့်ပြုလုပ်မည့် ​ရေ ၁၂ ဂါလံခွဲ ( 56250 ml ) နဲ့ ​ရော​ပေးရတာပါ။

အကြမ်းဖျင်း​တွက်နည်းသည် ​​ဆေး​ဖျော်ရည် 500 ml ကို ​ရေသန့်ပြုလုပ်လိုသည့် ​ရေလီတာ ၅၀ ထဲသို့ ထည့်​ဖျော်ရတာပါ။
ဒါ​ကြောင့် အကြမ်းဖျင်း ​ပြောရလျှင် ပထမအဆင့်​ဖျော်ရည် တဆ နဲ့ ​ရေသန့်ပြုလုပ်မည့် ​ရေ အဆ ၁၀၀ နဲ့ ​ရော​ပေးရတာပါ။ ၃ နာရီမှ ၅ နာရီခန့်ကြာလျှင် ​ရေသန့် အဖြစ် အသုံးပြုနိုင်ပါပြီ။ အနံ့ပြင်းလွန်း​နေ​သေးလျှင် ​ရေ ကို တခြားပုံးထဲ သို့ ​ပြောင်းထည့်ပါ။ အချိန် အနည်းငယ် ထပ်​စောင့်ပါ။ ဒါဆို ​မိမိတို့ ပတ်ဝန်းကျင် သို့မဟုတ် အိမ်တွင် ​သောက်​ရေအဖြစ် အသုံးပြုနိုင်​သော ​ရေသန့် ရပါပြီ။

အကျိုးရှိပါ​စေဟု ရည်သန်လျှက်
Dr. Fleming

https://www.epa.gov/ground-water-and-drinking-water/emergency-disinfection-drinking-water

Scroll to Top