​သောက်​ရေ သန့်သန့် ရရှိ​အောင် ကိုယ်တိုင် ပြုလုပ်နည်း

​ရေအသက် တမနက်
ထမင်းအသက် ခုနှစ်ရက်တဲ့…..
အစားမ​တော် တလုတ်
အသွားမ​​တော် တလှမ်းတဲ့…..

ကျ​နော်က​တော့ ဒီလို ထပ်ထည့်လိုက်ချင်ပါရဲ့
…အ​သောက်မ​တော် တခွက်…​ ( အရက်​တော့ မဟုတ်ပါ… ရေပါ )

တကယ်လည်း ​​သောက်​ရေက မသန့်ဘဲ ​တခွက်တည်း ​သောက်လိုက်ရုံဖြင့် ရောဂါပိုး​တွေ ပါလာပါက ဝမ်းပျက်ဝမ်း​​လျှော​ရောဂါ ၊ အသည်း​ရောင် အသားဝါရောဂါ အစရှိသည်ဖြင့် ကူးစက်ခံရပြီး ဒုက္ခ​တွေ​ရောက် ​ငွေကုန်​ကြေးကျများပြီး အသက်အန္တရာယ် ဆုံးရှုံးရနိုင်ပါတယ်။

ဒါ​ကြောင့် ယခုလို ​ပြေးလွှားတိမ်း​ရှောင်​နေကြရတဲ့ အချိန်၊ မိမိ​တို့နေထိုင်နေရတဲ့ ပတ်ဝန်းကျင်မှာ ​ရေသန့်မရလျှင်၊ ​ရေသန့်မဝယ်နိုင်ခဲ့လျှင် ​သောက်​ရေသန့် ပြုလုပ်နည်း​လေး​တွေကို ​ဝေမျှလိုက်ပါတယ်။

ပထမဦးစွာ ​သောက်​ရေအတွက် အသုံးပြုမည့်​ရေကို ​ရေကန် ၊ မြစ်၊ ​ချောင်းထဲက​နေ ခပ်ပီး အနည်ထိုင်ထားရပါမယ်။
အနည်ကျသွားပီး ​ရေကြည်လာလျှင် အခြားပုံးတခုထဲ ​ရေကြည်​တွေကို ခပ်ထည့်​ပေးပီးမှ ​​ရေသန့်​ဆေးရည် ကို ခပ်​ပေးရပါမယ်။


မှတ်ချက်။ ​သောက်​ရေအတွက် အသုံးပြုမည့်​ရေသည် ​နောက်​နေပြီး ပျစ်​နေပါက ​ရေသန့်​ဆေးထည့်​သော်လည်း ​ရေမသန့်နိုင်ပါ။ ဒါကို သတိထားပါ။

​ရေသန့်​ဆေးခပ်နည်း ( Sodium Hypochlorite 6% or 8.25% )

အဆင့် ၁။ သန့်ရှင်းစွာ သိမ်းထားတဲ့ အစက်ချ ပြွန်​လေးနဲ့ Sodium hypochlorite ​ဆေးရည်ကို ပြွန်နဲ့ယူရပါမယ်။

အဆင့် ၂။ ​ရေသန့်​ဆေးရည်က Sodium Hypochlorite က 6% လား 8.25% လား ကြည့်ပါ။


​ရေသန့်​ဆေးရည်သည် 6% ဖြစ်​နေလျှင်

ရေ ၁ လီတာ အတွက် ​ဆေးရည် ၂ စက်
​ရေ ၁ ဂါလံ အတွက် ​ဆေးရည် ၈ စက်
​ရေ ၂ ဂါလံ အတွက် ​ဆေးရည် ၁၆ စက်
​ရေ ​၄ ဂါလံ အတွက် ​ ​ဆေးရည် ၃၂ စက် သို့မဟုတ် လ္ဘက်စားဇွန်း ၁/၃ ပုံ
​ရေ ၈ ဂါလံအတွက် ​ဆေးရည် ၆၄ စက် သို့မဟုတ် လ္ဘက်စားဇွန်း ၂/၃ ပုံ

​ရေသန့်​ဆေးရည်သည် 8.25% ဖြစ်​နေလျှင်

ရေ ၁ လီတာ အတွက် ​ဆေးရည် ၂ စက်
​ရေ ၁ ဂါလံ အတွက် ​ဆေးရည် ၆ စက်
​ရေ ၂ ဂါလံ အတွက် ​ဆေးရည် ၁၂ စက်
​ရေ ၄ ဂါလံ အတွက် ​ဆေးရည် ၂၄ စက် သို့မဟုတ် လ္ဘက်စားဇွန်း ၁/၄ ပုံ
​ရေ ၈ ဂါလံ အတွက် ​ ​ဆေးရည် ၄၈ စက် သို့မဟုတ် လ္ဘက်စားဇွန်း ၁/၂ ပုံ
အဲဒီအတိုင်း ​ဆေးရည် ထည့်​ပေးပါ။ ​ရေ ​နောက်​နေ​သေးလျင်၊ တခြားအရောင်ရှိ​နေ​သေးလျှင် ၊ ​အေးလွန်း​နေရင် ​ဆေးရည်ကို ပုံမှန် ထက် ၂ ဆ ထည့်​ပေးရမည်။

အဆင့် ၃။ သန့်ရှင်း​သော သစ်သား​ချောင်း သို့မဟုတ် ​ယောက်ချိုဖြင့် ​သမမျှတ​အောင် မွှေ​ပေးပါ။ မိနစ် ၃၀ စောင့်ကြည့်ပြီးလျှင် ​ရေတွင် Chlorine အနံ့ရ​နေလျှင် ​ရေကို သုံးလို့ရပါပြီ။ Chlorine အနံ့ မရ​သေးလျှင် ​ဆေးရည် ​ဖော်ပြပါနည်း အတိုင်း ထပ်ထည့်း​ပေးပြီး ၁၅ မိနစ် ထပ်​စောင့်ပါ။ Chlorine အနံ့ရလျှင် အသုံးပြု်လို့ရပါပြီ။ အနံ့ပြင်းလွန်း​နေလျှင် မူလပုံးထဲ မှ အခြား တပုံး ထဲသို့ ထည့်လိုက်ပါ။ အနံ့ ​လျော့ သွားပါမည်။ အချိန် ထပ်​စောင့်ပါ။
​ဖော်ပြပါနည်း အတိုင်း မိမိတို့ကိုယ်တိုင် ​ရေသန့်ပြုလုပ်နိုင်ကြပါပြီ။

မှတ်ချက်။ ​သောက်​ရေအတွက် အသုံးပြုမည့်​ရေသည် ​နောက်​နေပြီး ပျစ်​နေပါက ​ရေသန့်​ဆေးထည့်​သော်လည်း ​ရေမသန့်နိုင်ပါ။ ဒါကို သတိထားပါ။

​နောက်အပတ်​တွေမှာလည်း ​တခြား​ဆေးတွေနဲ့ ရေသန့်ပြုလုပ်နည်း​တွေ ဆက်လက်ပြီး ​​ဖော်ပြ​ပေးပါမယ်။

Dr. Fleming
Credit –https://www.epa.gov/ground-water-and-drinking-water/emergency-disinfection-drinking-water

Scroll to Top