Available courses

စစ်ဖြစ်ပွားရာဒေသများတွင် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်မှာ ခက်ခဲသည့်အပြင် နေရာအကျယ်အ ဝန်း၊ အလင်းရောင်၊ ဆေးဝါးပစ္စည်း၊ လုံခြုံမှုနှင့် အလင်းရောင်တို့ကို လုံလောက်စွာရရှိရန်မှာ လွန်စွာခက်ခဲ နိုင်ပါသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် မိမိတို့အနီးအနားတွင်ရှိသော ပစ္စည်းကိရိယာများကို အသုံးပြု ၍ ရရှိထားသောဒဏ်ရာများကို ပိုမိုဆိုးရွားမသွားအောင် အရေးပေါ်ပြုစုပေးခြင်းဖြင့် ဒဏ်ရာရလူနာများကို ဆေးဘက်ဝန်ထမ်းများထံရောက်ရှိသည်အထိ အသက်ရှင်နေစေရန်စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့သို့ လုပ်ဆောင်ပေးခြင်းဖြင့် မလိုလားအပ်သောအသက်သေဆုံးခြင်းများကို လျော့ချနိုင်စေမည်ဖြစ်ပါသည်။ ထို့ပြင် အကြပ်အတည်းကြုံစဉ်ကာလအတွင်းဆေးပစ္စည်မလုံလောက်ပါက မည်သို့အစားထိုးဆောင်ရွက်သင့် သည်ကိုလည်း သိရှိနားလည်စေရန်ဖြစ်ပါသည်။ 


EHSSG ကပြုလုပ်ထားတဲ့ Pharmacy Inventory Management Mobile Application ကို အသုံးပြုဖို့ User Manual ဖြစ်ပါတယ်။ ဒီ user manual မှာ Application သုံးပြီး Data ဖြည့်သွင်းဖို့နှင့် Application ရဲ့ User Interface အကြောင်းကို အဓိကဖော်ပြထားပါတယ်။ Database ကိုစီမံခန့်ခွဲဖို့ Manual ကတော့ သီးသန့်ထပ်မံပြုလုပ်ထားပါတယ်။ User Manual ဖြစ်တာကြောင့် စာမျက်နှာများကို Guest Account ဖြင့်ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Organization သို့မဟုတ် Medium Office တစ်ခုအတွက် Wireless Internet အား ကောင်းမွန်စွာ အသုံးပြုနိုင်ရန်နှင့် လုံးခြုံစွာအသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်။

  • စာဖတ်သူအနေဖြင့် Networking အခြေခံရှိထားပြီးသူနှင့် မိမိရုံးတွင် IT Support များဖြစ်ပါက ပိုမိုနားလည်နိုင်ပြီး လိုအပ်ချက်များရှိပါ အကြုံပြုနိုင်ပါသည်

မိမိတို့အဖွဲ့အစည်းမှာ နည်းပညာအခက်အခဲများ ကူညီဖြေရှင်းနိုင်စေရန် ရည်ရွယ်ပါတယ်။ IT help desk လုပ်ငန်းတာဝန်ယူထားသူများ သိထားသင့်တဲ့ အချက်အလက်တွေပါဝင်ပါတယ်

ကွန်ပြူတာအခြေခံရှိပြီးတဲ့သူတွေအတွက် ကွန်ပြူတာပြုပြင်ထိန်းသိမ်းနိုင်စေဖို့ online course ဖြစ်ပါတယ်။ ဒီမှာပါဝင်တဲ့အကြောင်းအရာတွေဟာ ရုံး/ကျောင်း/အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ IT ဝန်ထမ်းတွေအတွက် အဓိကရည်ရွယ်တာဖြစ်ပါတယ်။

Windows 10/ Windows 11 ကိုအဓိကထားပြီး ဖော်ပြထားတာဖြစ်တာကြောင့် Windows 7/ Windows 8 တွေအတွက်တော့ ပါဝင်မှာမဟုတ်ပါဘူး။ ကွန်ပြူတာအသုံးပြုတဲ့လူတစ်ယောက်ချင်းစီအတွက် ရည်ရွယ်တာမဟုတ်တာကြောင့် တချို့အပိုင်းတွေဟာ ကိုယ်နဲ့မသက်ဆိုင်သလိုဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဗဟုသုတအနေနဲ့ ဝင်ရောက်ဖတ်ရှုမယ်ဆိုရင်လည်း ဖတ်ရှုလို့ရပါတယ်။

ကွန်ပြူတာ software နှင့် hardware များအကြောင်း၊ Basic Microsoft Office အသုံးပြုနည်းနှင့်ပတ်သက်တဲ့ သင်ခန်းစာများဖြစ်ပါတယ်။