Computer Maintenance and Troubleshooting Basics
Topic outline
-
ကွန်ပြူတာပြုပြင်ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေကို စုစည်းထားတဲ့ သင်တန်းဖြစ်ပါတယ်။ သင်တန်းလို့ခေါင်းစဉ်တပ်ထားပေမယ့် သင်တန်းရယ်လို့မဟုတ်ဘဲ knowledge sharing လို့လည်းယူဆနိုင်ပါတယ်။ ဒီမှာဖော်ပြထားတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ပိုကျွမ်းကျင်လာစေဖို့ Google မှာ ရှာဖွေလေ့ကျင့်ကြဖို့လည်း တိုက်တွန်းပါတယ်။ -
ပထမဆုံး ခေါင်းစဉ်ကတော့ Computer is slow ပါ။ ကွန်ပြူတာဘာကြောင့်နှေးသွားရသလဲ၊ ဘာပြဿနာတွေရှိသလဲ။ ဘယ်လိုဖြေရှင်းနိုင်လဲဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။
-
ရုံးသုံး/ကျောင်းသုံး ကွန်ပြူတာတွေမှာ မလိုအပ်ဘဲ application တွေအများကြီးသွင်းထားတာဟာ storage အသုံးပြုမှုများပြီး တစ်ချိန်တည်းနောက်ကွယ်က run နေတဲ့ application တွေကိုလည်း များလာစေတာမို့လို့ ကွန်ပြူတာနှေးစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
-
Windows activate မဖြစ်ဘူးဆိုရင် ကွန်ပြူတာအလိုအလျောက် နှေးသွားမှာပါ။ Microsoft က Windows Genuine မဖြစ်တဲ့ကွန်ပြူတာတွေမှာ အသုံးပြုရနှေးသွားအောင် တမင်လုပ်ထားတာကြောင့် activate မဖြစ်တဲ့ကွန်ပြူတာတွေမှာ activate လုပ်မှပဲ မြန်လာမှာဖြစ်ပါတယ်။
-
Windows ဟာ temporary file တွေကို C: ထဲမှာယာယီထားပြီး အလုပ်လုပ်တာမို့လို့ C: ပြည့်နေပြီဆိုလျှင် Windows အသုံးပြုရတာ နှေးသွားလေ့ရှိပါတယ်။ Windows Update လုပ်တဲ့အခါမှာ Update installer တွေကို C: ထဲကို download လုပ်ရတာကြောင့် C: ပြည့်နေတဲ့အခါ Windows update လုပ်လို့မရဘဲ ရှိတတ်ပါတယ်။ ဒါကြောင့် Windows အသုံးပြုရ မြန်ဆန်လာအောင် C: ထဲက မလိုတာတွေရှင်းထုတ်ဖို့အရေးကြီးပါတယ်။
-
ကွန်ပြူတာနှေးရတဲ့အကြောင်းရင်းတွေကို MSCONFIG နဲ့ Task Manager သုံးပြီး ဘယ်လိုအဖြေရှာမလဲဆိုတာဖော်ပြထားပါတယ်။ မလိုအပ်ဘဲ run နေတဲ့ service တွေကို msconfig ကနေ ပိတ်ပစ်လို့ရပြီး ကွန်ပြူတာဖွင့်ဖွင့်ချင်း မလိုအပ်ဘဲ run နေတဲ့ application တွေကို Task Manager ကနေ ပိတ်ထားလို့ရပါတယ်။
-
ကွန်ပြူတာအတွင်းအပြင် သန့်ရှင်းမှုအားနည်းခြင်းကြောင့် အပူချိန်မြင့်တက်ပြီး သာမန်စွမ်းဆောင်ရည်မရရှိနိုင်တာမျိုးဖြစ်တတ်ပါတယ်။ ကွန်ပြူတာအသုံးပြုရာမှာ သန့်ရှင်းပြီးစနစ်ကျစေဖို့ 5S နည်းစနစ်အတိုင်း ဖော်ပြထားပါတယ်။
-
-
Windows 10 နဲ့ 11 မှာပါလာတဲ့ God Mode အကြောင်းဖော်ပြထားပါတယ်။ Windows အတွက် လိုအပ်တဲ့ setting တွေကို တစ်နေရာတည်းမှာ ထိန်းချုပ်နိုင်မယ့်နေရာဖြစ်ပါတယ်။
-
Windows 10/11 မှာ Setting တွေကိုတစ်နေရာတည်းမှာ ဝင်ရောက်ထိန်းချုပ်နိုင်မည့် God Mode ဟာ Start ထဲမှာသွားရှာရင် မတွေ့နိုင်တာကြောင့် သီးသန့်ဖန်တီးပြီးအသုံးပြုရပါတယ်။
-