What to do when C: is full
Completion requirements
Windows ဟာ temporary file တွေကို C: ထဲမှာယာယီထားပြီး အလုပ်လုပ်တာမို့လို့ C: ပြည့်နေပြီဆိုလျှင် Windows အသုံးပြုရတာ နှေးသွားလေ့ရှိပါတယ်။ Windows Update လုပ်တဲ့အခါမှာ Update installer တွေကို C: ထဲကို download လုပ်ရတာကြောင့် C: ပြည့်နေတဲ့အခါ Windows update လုပ်လို့မရဘဲ ရှိတတ်ပါတယ်။ ဒါကြောင့် Windows အသုံးပြုရ မြန်ဆန်လာအောင် C: ထဲက မလိုတာတွေရှင်းထုတ်ဖို့အရေးကြီးပါတယ်။

C: ဟာ အနီရောင်ပြနေပြီး C: is full ဆိုတဲ့ message ခဏခဏပေါ်လာတာမျိုး ကြုံဖူးတဲ့သူရှိမှာပါ။ Windows အလုပ်လုပ်ဖို့ system file တွေနဲ့ temporary file တွေဟာ C: ထဲမှာသိမ်းတာမို့လို့ C: တဖြည်းဖြည်းပြည့်လာတာနဲ့အမျှ ကွန်ပြူတာသုံးရတာနှေးလာတာ၊ လေးလာတာ ရှိတတ်ပါတယ်။
C: ဘာကြောင့် ပြည့်လာရသလဲ
Windows OS ၊ System file တွေနဲ့ Setting တွေဟာ C: ထဲမှာသိမ်းတာဖြစ်ပါတယ်။
ထပ်ထည့်တဲ့ Application တွေ၊ Windows နဲ့တွဲပါလာတဲ့ application တွေ၊ Download လုပ်ထားတဲ့ file တွေဟာလည်း C: ထဲမှာပဲဖြစ်ပါတယ်။
User တွေရဲ့ data တွေ၊ Document တွေ၊ Photo တွေဟာလည်း C: ထဲမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ file အများစုက Desktop နဲ့ Download ထဲမှာသိမ်းထားတာပဲဆိုပေမယ့် အဲဒီ Desktop folder နဲ့ Download folder တွေရဲ့ Properties ကိုသွားကြည့်မယ်ဆိုရင် C: ထဲမှာပဲရှိနေတာကို တွေ့ရပါလိမ့်မယ်။
C: ပြည့်သွားရင် ဘာဖြစ်လာနိုင်လဲ
Windows သုံးရတာ နှေးလာနိုင်ပါတယ်၊ လေးလာနိုင်ပါတယ်။
file အသစ်တွေ download လုပ်လို့မရတော့ပါဘူး။ file download တွေဟာ C: မဟုတ်တဲ့တခြားကို download လုပ်ပေးဖို့ setting မသတ်မှတ်ပေးထားဘူးဆိုရင် C: ထဲကိုပဲ download လုပ်ပေးမှာမို့လို့ C: ပြည့်နေရင် download အသစ်လုပ်နိုင်တော့မှာမဟုတ်ပါဘူး။
Microsoft Word တို့ Excel တို့သုံးတဲ့အခါ File ထဲက New ယူပြီး အသစ်သုံးလို့မရတော့ပါဘူး။ New file အတွက် temporary file တွေဟာ C: ထဲမှာ အလုပ်လုပ်တာမို့လို့ C: ပြည့်နေရင် New file ခေါ်လို့မရတော့တာဖြစ်ပါတယ်။
Windows update လုပ်လို့မရတော့ပါဘူး။ Windows update လုပ်ဖို့ဆိုရင် update file တွေကို ကွန်ပြူတာထဲကို အရင် download လုပ်ရတာမို့လို့ C: ထဲမှာ နေရာလွတ်မရှိရင် Windows update လုပ်ပေးနိုင်တော့မှာမဟုတ်ပါဘူး။
Application အသစ်တွေ install လုပ်လို့မရတော့ပါဘူး။
ဒါကတော့ရှင်းပါတယ်။ Application တွေဟာ C:\Program Files\ ထဲမှာ install လုပ်ရတာမို့လို့ C: ပြည့်နေရင် install လုပ်လို့မရတာဖြစ်ပါတယ်။
C: နေရာလွတ်ရအောင်ဘယ်လိုလုပ်မလဲ
ကိုယ့်ရဲ့ ကွန်ပြူတာမှာ C: တစ်ခုပဲရှိတယ်၊ အဲဒီ C: ထဲမှာလည်း ပြည့်နေတယ်ဆိုရင် C: ထဲက ရှင်းထုတ်သင့်တာရှင်းထုတ်ပြီး အပြင် external disk တစ်ခုခုမှာ ပြောင်းသိမ်းသင့်တာသိမ်းပါ။
C: အပြင် D: ပါရှိတယ်ဆိုရင် C: ထဲကတစ်ချို့ file တွေ D: ပြောင်းသိမ်းပါ။
C: လည်းရှိတယ်၊ D: လည်းရှိတယ်၊ C: ထဲက file တွေ D: ထဲလည်းပြောင်းလို့ရသလောက်ပြောင်းပေမယ့် C: မှာ အနီရောင်ဖြစ်နေတုန်းပဲဆိုရင် D: ရဲ့ ပိုနေတဲ့ space ကို C: ကို ပြန်ဖြည့်ပေးလို့ရပါတယ်။ ဒီလို C:, D: တို့ရဲ့ space တွေကို အတိုးအလျှော့ပြုလုပ်ဖို့အတွက် Partition Manager Application တစ်ခုသုံးဖို့လိုပါတယ်။
အခုဥပမာမှာတော့ AOMEI partition assistant သုံးပြီး partition space အတိုးအလျှော့ပြုလုပ်ပုံကို ဖော်ပြထားပါတယ်။
ဒီနေရာမှာ အရေးကြီးတာက C: တို့ D: တို့ကို အကြီးစားပြင်ဆင်မှုတွေ မလုပ်ခင်မှာ data တွေ backup ယူထားဖို့ပါ။ External disk တစ်ခု၊ ဒါမှမဟုတ် memory stick မှာ အရေးကြီးတဲ့ file တွေ အရင် copy ယူသိမ်းထားပါ။ ပြီးမှ partition တွေကို ပြင်ဆင်မှုလုပ်ပါ။
Partition Storage အတိုးအလျှော့ပြုလုပ်ခြင်း
AOMEI Partition Assistant
အရင်ဆုံး D: ဆီက လျှော့ဖို့လိုပါတယ်။
D: ကို Right Click နှိပ်ပါ။ Resize Partition ကိုနှိပ်ပါ။

Partition ရဲ့ ဘယ်ဘက်အစွန်က မြားခေါင်းလေးကို ညာဘက်ကိုဆွဲပြီး လိုချင်တဲ့ space ရောက်ရင် လွှတ်ပါ။ Ok နှိပ်ပါ။ ဒါဆို ဘယ်သူမှမပိုင်တဲ့ unallocated space ဆိုတဲ့ နေရာလွတ်တစ်ခုရလာမှာဖြစ်ပါတယ်။

D: ကို လျှော့လို့ရလာတဲ့ unallocated space ကို C: ထဲ ပေါင်းထည့်ပေးရပါမယ်။ C: ကို Right Click နှိပ်ပြီး Resize Partition ကိုနှိပ်ပါ။

C: ရဲ့ ညာဘက်အစွန်က မြားခေါင်းလေးကို ညာဘက်အစွန်ဆုံးအထိ ဆွဲချပြီး unallocated space ကို C: အတွက်အားလုံးပေးလိုက်ပါ။ OK နှိပ်ပါ။

အားလုံးပြီးသွားပြီဆိုရင် ဘယ်ဘက်အစွန်က Apply ကိုနှိပ်ပါ။ ကွန်ပြူတာကို restart ပြန်လုပ်ပါ။

restart လုပ်ပြီး ပြန်ပွင့်လာပြီဆိုရင် D: ထဲက လျှော့လိုက်တဲ့ space ဟာ C: ထဲရောက်သွားတာ တွေ့ပါလိမ့်မယ်။
C: ကို ရှင်းသင့်တာရှင်းထုတ်ခြင်း
C: ကို ရှင်းထုတ်မယ်ဆိုပြီး တွေ့တဲ့ file တွေအကုန် ဖျက်ပစ်လိုက်လို့လည်းမရပါဘူး။ C: ထဲမှာ Operating System file တွေရှိတာကြောင့် ဖျက်လိုက်ရင် Windows တက်မလာတော့တာ၊ တက်လာပေမယ့်လည်း error တွေ တပုံတပင်နဲ့ ကောင်းကောင်းအလုပ်မလုပ်တော့တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် C: ကို ရှင်းမယ်ဆိုရင် ဘယ်ဟာတွေကို စိတ်ချလက်ချ ဖျက်လို့ရတယ်ဆိုတာ သိထားဖို့လိုပါတယ်။
- Disk Clean up
Start ကိုနှိပ်ပါ။ disk cleanup လို့ရိုက်ထည့်ပါ။
C: ကိုရှင်းမယ်ဆိုရင် C: ကိုရွေးပါ။
ရှင်းချင်တဲ့ file တွေရှေ့မှာ အမှန်ခြစ်ပါ။ အများအားဖြင့် disk clean up မှာပါတဲ့ file တွေဟာ စိတ်ချလက်ချ ရှင်းထုတ်လို့ရတဲ့ file တွေဖြစ်ပါတယ်။ အမှန်ခြစ်လို့ရပါတယ်။ Recycle bin ထဲက file တွေကိုတော့ မရှင်းခင်မှာ ကိုယ်မှားဖျက်လိုက်မိလို့ recycle bin ထဲရောက်သွားတာရှိ/မရှိ တစ်ခေါက်လောက်စစ်ကြည့်ပါ။ အမှန်ခြစ်ပြီးရင် OK နှိပ်ပါ
Disk clean up လုပ်ဖို့အချိန်ယူရလေ့ရှိပါတယ်။ disk clean up မပြီးခင် တခြားအလုပ်တွေ ခဏနားပေးထားတာပိုကောင်းပါတယ်။ - Application များ Uninstall ပြုလုပ်ခြင်း
Windows + R ကိုနှိပ်ပါ။ Run dialog ပေါ်လာလျှင် appwiz.cpl ရိုက်ထည့်ပြီး enter နှိပ်ပါ။
Program and Features ပေါ်လာလျှင် list ရဲ့ အပေါ်ဆုံးမှာ Size ကိုနှိပ်ပါ။ space အများဆုံးယူထားတဲ့ application တွေက အပေါ်ဆုံးကိုရောက်လာပါမယ်။ အဲဒီအထဲကမှ ကိုယ့်အတွက်အသုံးမဝင်တဲ့ application ကို Right click နှိပ်ပြီး Uninstall ကိုနှိပ်ပါ။
ကိုယ်မသုံးတဲ့ application အားလုံး uninstall လုပ်လို့ရလားဆိုရင် Microsoft နဲ့ ကိုယ့် computer အမှတ်တံဆိပ်ပါတဲ့ application တွေကိုတော့ ချန်ထားခဲ့ပြီး ကျန်တဲ့ application ထဲက ကိုယ်မသုံးတာကို uninstall လုပ်လို့ရပါတယ်။
Application တစ်ခုချင်းစီမှာ Publisher column ကိုကြည့်လိုက်ရင် ထုတ်လုပ်တဲ့ ကုမ္ပဏီကို တွေ့နိင်ပါတယ်။ အဲဒီမှာ Microsoft Coorperation ပါတဲ့ application တွေကို uninstall မလုပ်ဘဲချန်ထားသင့်ပါတယ်။
ကိုယ့်ကွန်ပြူတာက Dell ဆိုရင် Dell ပါတဲ့ application တွေ၊ HP ဆိုရင် HP ပါတဲ့ application တွေကိုလည်း uninstall မလုပ်ဘဲ ချန်ထားသင့်ပါတယ်။ ကွန်ပြူတာရဲ့လိုအပ်တဲ့ driver တွေက အဲဒီ application တွေမှာရှိတတ်တာမို့လို့ပါ။
အထက်ပါအဆင့်တွေ လုပ်ပြီးပြီဆိုရင်တော့ ကွန်ပြူတာမှာ space တော်တော်များများ လျော့သွားလောက်ပါပြီ။