Windows activate မဖြစ်တဲ့ပြဿနာဟာ Windows 10, 11 တို့မှာ သိပ်မရှိတော့ပါဘူး။ Microsoft က Windows 11 Home ကို free ပေးသုံးထားတဲ့အတွက် Windows 11 ဟာ software ပေါင်းစုံနဲ့ခိုးသုံးစရာမလိုတော့ဘဲ error ကင်းကင်းနဲ့သုံးလို့အဆင်ပြေတဲ့ Windows တစ်ခုဖြစ်လာပါတယ်။
Windows 10, 11 Pro တွေကို ဝယ်သုံးတာမဟုတ်ဘဲ ခိုးသုံးထားတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ခိုးသုံးတာသိသွားတယ်ဆိုရင် Windows not activated ပြန်ဖြစ်သွားပြီး သုံးရတာ နှေးလာတာ၊ လေးလာတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွန်ပြူတာနှေးရတဲ့ အကြောင်းရင်းဟာလည်း Windows activate မဖြစ်တာကြောင့်ဖြစ်နိုင်ပါတယ်။

Windows activate ဖြစ်/မဖြစ် စစ်ခြင်း
Settings > System > Activation ကိုသွားပါ။ မိမိ Windows ရဲ့ activation အခြေအနေကို ကြည့်နိုင်ပါတယ်။ activation status တစ်ခုစီဟာ အဓိပ္ပါယ်တစ်ခုစီရှိပါတယ်။

Windows is activated.
Windows activate ဖြစ်ပါတယ်။ Microsoft account နဲ့ချိတ်ထားခြင်းမရှိပါဘူး။

Windows is activated with a digital license.
Windows activated ဖြစ်ပါတယ်။ Microsoft account နဲ့မချိတ်ထားပါဘူး။ ကွန်ပြူတာဆိုင်က ဝယ်လာကတည်းက activate လုပ်ထားပြီးသား ကွန်ပြူတာတွေမှာ ဒီလိုမျိုးတွေ့ရတတ်ပါတယ်။

Windows is activated with a digital license linked to your Microsoft account.
Windows activated ဖြစ်ပါတယ်။ ရှိပြီးသား Microsoft account ထဲကနေ Windows လိုင်စင်ဝယ်ပြီး အဲဒီ Microsoft account ကို ကွန်ပြူတာမှာ login ဝင်လိုက်တာနဲ့ အဲဒီ Windows ပါ activated ဖြစ်သွားတဲ့ပုံစံဖြစ်ပါတယ်။

Windows is not activated.
Windows activate မဖြစ်တော့ပါဘူး။ တစ်နည်းနည်းနဲ့ activate လုပ်ရပါမယ်။ မလုပ်ရင် ကွန်ပြူတာနှေးလာပါလိမ့်မယ်။

Windows 10/11 Home နှင့် 10/11 Pro ကွာခြားချက်များ
Feature Windows Home Windows Pro
Bitlocker device encryption No Yes
Group Policy No Yes
 Maximum RAM  128 GB  2 TB
 Maximum No. of CPUs  1  2
 Maximum No. of CPU cores  64  128

Bitlocker encryption ဆိုတာ ကိုယ့် computer က hard disk ကို ကိုယ်မသိအောင်ဖြုတ်ပြီး တခြား computer မှာသွားထိုးကြည့်ရင် data တွေမပေါ်လာအောင် ပိတ်ထားတဲ့ နည်းပညာဖြစ်ပါတယ်။ အဲဒီ hard disk ကိုပဲ ကိုယ့် computer မှာ ပြန်လာထိုးရင် data တွေ ပြန်ပေါ်လာမှာဖြစ်ပါတယ်။ Windows 10/11 Pro တွေမှာပဲရပါတယ်။
Group Policy ဆိုတာကတော့ Software installation ပိတ်တဲ့အပိုင်းမှာ ဖော်ပြပြီးသားဖြစ်ပါတယ်။ Group policy editor ဟာ Windows 10/11 Pro မှာပဲပါပါတယ်။ Home မှာသုံးချင်ရင် command ကနေ သွင်းပေးရပါတယ်။
Maximum RAM က RAM အများဆုံး လက်ခံနိုင်တဲ့ပမာဏဖြစ်ပါတယ်။ အဲဒီပမာဏကျော်သွားအောင် RAM တွေထပ်စိုက်လည်း Windows က လက်ခံပြီးအလုပ်မလုပ်ပေးနိုင်တော့ပါဘူး။
Maximum No of CPUs နဲ့ CPU Cores ကလည်း Windows က လက်ခံပြီးအလုပ်လုပ်ပေးနိုင်တဲ့ CPU နဲ့ CPU Cores ပမာဏဖြစ်ပါတယ်။ အဲဒီ CPU နဲ့ CPU Cores ထက်ပိုပြီးသုံးပေးထားပေမယ့် Windows က လက်ခံပြီးအလုပ်မလုပ်ပေးနိုင်တဲ့သဘောပါ။