Windows System Configuration လို့ခေါ်တဲ့ Msconfig ဟာ အသုံးမလိုတဲ့ Windows service တွေကိုပိတ်ထားနိုင်ပါတယ်။ အရင် Windows 7 မှာ Msconfig ကနေ Startup application တွေကိုပါ ဖွင့်/ပိတ်လုပ်နိုင်ပါတယ်။ Windows 10/11 မှာတော့ Startup application တွေကို Task Manager ကနေ ဖွင့်/ပိတ်လုပ်ရပါတယ်။

Startup application ဆိုတာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလိုအလျောက်ပွင့်လာတဲ့ application တွေပါ။ ကွန်ပြူတာသုံးနေကျသူဆိုရင် သတိထားမိပါလိမ့်မယ်။ ကွန်ပြူတာဖွင့်လိုက်ပြီဆိုတာနဲ့ Microsoft Team လို application တွေ၊ Google Drive လို application တွေ အလိုအလျောက်ပွင့်လာတာကြုံဖူးကြမှာပါ။

ဒီတော့ ကွန်ပြူတာဖွင့်တဲ့အခါ အလိုအလျောက်ပွင့်ရမည့် application တွေများလေလေ၊ ကွန်ပြူတာ အထနှေးလေလေပါပဲ။ ပွင့်ရမည့် application တစ်ခုပြီးတစ်ခုပွင့်အောင် တန်းစီစောင့်နေရတာနဲ့ ကိုယ်သုံးချင်တဲ့ application ကို တော်တော်နဲ့ဖွင့်မရဘဲ ရှိတတ်ပါတယ်။

MSCONFIG

MSCONFIG (Windows System Configuration) ဟာ ကွန်ပြူတာပွင့်ကာစမှာ အလိုအလျောက် run တဲ့ service တွေကို ထိန်းချုပ်နိုင်ပါတယ်။

  1. Windows + R ကိုနှိပ်ပါ
  2. Run dialog ပေါ်လာလျှင် msconfig ရိုက်ထည့်ပါ။ Enter နှိပ်ပါ



  3. Services Tab မှာ လက်ရှိ run နေတဲ့ service တွေကို မြင်ရပါလိမ့်မယ်။ မလိုတဲ့ services တွေကိုပိတ်ပါ။ ဥပမာ ကိုယ့်စက်ထဲမှာ Adobe Photoshop ၊ Adobe Acrobat တို့လို application တွေ ရှိထားရင် Adobe Acrobat Update Service ၊ Adobe Genuine Monitor Service တို့လို Service တွေဟာ အသုံးမလိုတာကြောင့် ပိတ်ထားလို့ရပါတယ်။ မပိတ်သင့်တဲ့ service တွေကတော့ Manufacturer မှာ Microsoft Cooperation လို့ပြနေတဲ့ service တွေပါပဲ။ ယေဘုယျအားဖြင့် Microsoft Windows မှာ ပုံသေ run နေတဲ့ service တွေကို မပိတ်ဘဲထားတာ ပိုသင့်တော်ပါတယ်။


    ပိုသေချာချင်ရင် အောက်ဆုံးက Hide all Microsoft services ဆိုတဲ့ checkbox လေးကို အမှန်ခြစ်ပေးလိုက်ရင် Microsoft services တွေခဏဖယ်ပြီး တခြား application တွေရဲ့ service တွေကိို ပြပေးမှာဖြစ်ပါတယ်။
    ကိုယ်မသုံးချင်တဲ့ service တစ်ခုချင်းစီကို အမှန်ခြစ်ဖြုတ်ပြီး Apply နှိပ်ပါ။ OK နှိပ်ပါ။

Task Manager

Task Manager ကနေ အလုပ်မလုပ်ဘဲရပ်နေတဲ့ application တွေကို ပိတ်ပစ်လို့ရပါတယ်။ Startup application တွေကိုလည်း ကိုယ်မပွင့်စေချင်တဲ့ application တစ်ခုချင်းစီလိုက်ပြီး ပိတ်ထားလို့ရပါတယ်။

  1. Windows + R နှိပ်ပါ။
  2. Run dialog မှာ taskmgr လို့ရိုက်ထည့်ပါ။ Enter နှိပ်ပါ။



  3. More details ကိုနှိပ်ပါ။



  4. Startup tab ကိုသွားပါ



  5. မပွင့်စေချင်တဲ့ application တစ်ခုချင်းစီကို Right click နှိပ်ပြီး Disable ကိုရွေးပါ။



    ဒီမှာလည်း Publisher မှာ Microsoft Cooperation ဆိုရင် မပိတ်ဘဲထားပါ။ တခြား application တွေကတော့ ကိုယ်သုံးနေကျ application တွေမဟုတ်ဘူး၊ အထူးသဖြင့် ကွန်ပြူတာဖွင့်ဖွင့်ချင်း တန်းပွင့်ချင်တဲ့ application မဟုတ်ဘူးဆိုရင် disable လုပ်ထားလို့ရပါတယ်။