HLP

အဖြစ်များလာ​သော အသည်းအဆီဖုံး​ရောဂါ

အသည်းအဆီဖုံး​ရောဂါဆိုတာက အသည်းထဲမှာ အဆီ​တွေ စုပုံလာပြီး အသည်းဆဲလ်​တွေကို ​ရောင်ရမ်းပျက်စီး​စေကာ အသည်းရဲ့ လုပ်ငန်း​ဆောင်တာ​တွေ အားနည်းပြီး ​ရောဂါလက္ခဏာ​တွေ ခံစားရခြင်းဖြစ်ပါတယ်။ ​နောက်ဆုံး အသည်း​ခြောက်သည် အထိ ဆိုးရွား​စေနိုင်ပါတယ်။ ခု​ခေတ်မှာ အသည်းအဆီဖုံး​ရောဂါ ဘယ်​လောက်အဖြစ်များလာကြသလဲဆိုလျှင် ဓါတ်မှန်ဆရာဝန်က လူအ​ယောက် ၁၀၀ ကို အာထွာ​ဆောင်းရိုက်ကြည့်တဲ့အခါ လူ ၁၀၁ ​ယောက်မှာ အသည်းအဆီဖုံး​ရောဂါ​တွေ့ရပါသတဲ့။ ဆိုလိုတာက အာထွာ​ဆောင်းလာရိုက်တဲ့ လူအ​ယောက် ၁၀၀ အပြင် ဓါတ်မှန် ဆရာဝန်ကိုယ်တိုင် အသည်းအဆီဖုံး​ရောဂါ ရှိ​နေလို့ပါတဲ့။ ဒီ​တော့ လူတိုင်း အသည်းအဆီဖုံး​ရောဂါ ဖြစ်​နေကြပြီလို့ ဆိုလိုပါတယ်။ ခက်တာက အသည်းအဆီဖုံး​ရောဂါက အ​စောပိုင်းအဆင့်​တွေမှာ ​ရောဂါလက္ခဏာ မပြဘူး။ လူနာက ​ရောဂါ ​ဝေဒနာ မခံစားကြရလို့ပဲ ဖြစ်ပါတယ်။ ဒါဆို အသည်းအဆီဖုံး​ရောဂါ ဖြစ်​နေမှန်း ဘယ်လိုသိနိုင်မလဲ။ […]

အဖြစ်များလာ​သော အသည်းအဆီဖုံး​ရောဂါ Read More »

ဂေါက်ရောဂါ

ဂေါက်​ရောဂါဆိုတာက ​ကျ​နော်တို့ ​အရပ်ထဲမှာ ဒီ​ကောင်က​တော့ ​ဂေါက်​ကြောင်​ကြောင် ဖြစ်​နေပါပြီ၊ ဟိုကောင်​တော့ ရူး​ဂေါက်​နေပြီ ဆိုတာမျိုးကို ​ပြောတာမဟုတ်ပါ။ အဆစ်အမြစ်နာ ​( Gout )ဂေါက်ရောဂါကို ​ပြောတာ ဖြစ်ပါတယ်။ မြန်မာလို ​ဂေါက်​ရောဂါ ဆိုတာက အင်္ဂလိပ်လို ( Gout ) ဆိုတဲ့ စကားလုံးကို တိုက်ရိုက် ဘာသာပြန်​ခေါ်​နေကြတာ ဖြစ်ပါတယ်။​ ​သွေးထဲမှာ Uric acid ​တွေများလာပြီးတချို့အဆစ်အမြစ်​ ( အထူးသဖြင့် ​ခြေ​ထောက်မှာရှိတဲ့ အဆစ်အမြစ်​တွေ ) တွေမှာ အနည်ကျလာတဲ့အခါ ​ဂေါက်​ရောဂါ ​​ဝေဒနာကို ခံစားလာကြရတာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ​သွေးတွင်း Uric acid ကအမျိုးသား​တွေမှာ ​7 mg/dl ထက်မ​များရပါဘူး။ အမျိုးသမီး​တွေမှာ 6 mg/dl ထက်မများရပါဘူး။

ဂေါက်ရောဂါ Read More »

​ပွေး ညှင်း ဒက် နှင့် အ​ရေပြားမှိုစွဲ​ရောဂါများ

ပွေး၊ညှင်း၊ဒက် ​ရောဂါ​တွေဆိုတာ ကျ​နော်တို့ပတ်ဝန်းကျင်မှာအဖြစ်များလှတယ်ဆိုတာ ​တွေ့ကြမှာပါ။ ကိုရင်​လေး​တွေမှာ သပိတ်​ပြောင်​အောင်မ​ဆေးလို့ ဒက်​ပေါက်တာ ဆိုပြီး​တော့ အရပ်ထဲမှာ ​ပြော​လေ့ရှိတာလည်း ကြားဖူးကြမှာပါ။အဲဒါက ယူဆချက် အမှားဖြစ်ပါတယ်။ ‌ဒါဆို အမှန်တွေဖတ်ကြည့်ကြစို့။ အ​ရေပြားမှိုစွဲ​ရောဂါ​တွေက ကူးစက်တတ်သလား ​ သေချာ​ပေါက် ကူးစက်​ရောဂါ​တွေဖြစ်ပါတယ်။ ညှင်းက​တော့ တ​ယောက်ဆီက​နေ ​နောက်တ​ယောက်ထံ မကူးစက်တတ်ပါဘူး။ ဘာ​ကြောင့် အ​ရေပြားမှိုစွဲ​ရောဂါ​တွေ ဖြစ်ရတာလဲ -​အ​ရေပြားမှိုစွဲ​ရောဂါဖြစ်​နေသူက​နေ အခြားလူ​တွေကို ကူးစက်တတ်တယ် -တခြားအိမ်​မွေးတိရိစ္ဆာန်​တွေဆီမှတဆင့် -​ရောဂါဖြစ်​နေသူရဲ့ တကိုယ်​ရေသုံး ပစ္စည်းများမှတဆင့် -​မြေကြီး မှတဆင့် (ဖိနပ်မပါဘဲ သွားလာ လှုပ်ရှားခြင်း ) -ကိုယ့်ခန္ဓာကိုယ်​ပေါ်မှာ ပုံမှန်ရှိ​နေ​သောမှိုပိုးများက ​ရောဂါဖြစ်​စေခြင်း( ခုခံအားကျဆင်းသွား​သောအခါ) အထက်​ဖော်ပြပါ အ​​ခြေအ​နေများမှတဆင့် ကူးစက်ခံကြရတာပဲ ဖြစ်ပါတယ်။ မှို​ရောဂါ​တွေက မည်သူ​တွေမှာ ဖြစ်​စေတာလဲ -ပူ​နွေးစိုစွတ်​သော ရာသီဥတုမှာ ​နေထိုင်လုပ်ကိုင်သူ​များ-အဝတ်အစားအကြပ်၊ ဖိနပ်အကြပ်

​ပွေး ညှင်း ဒက် နှင့် အ​ရေပြားမှိုစွဲ​ရောဂါများ Read More »

သားအိမ်မှာအလုံးအကြိတ်တည်ခြင်းနှင့် ဖြစ်လာတတ်​သော ​နောက်ဆက်တွဲ ဆိုးကျိုးများ

အမျိုးသမီးအချို့ ဗိုက်​အောင့်တာ မ​ပျောက်လို့ပဲဖြစ်ဖြစ်၊ ​သွေးဆင်းများ​နေလို့ပဲဖြစ်ဖြစ် သားဖွားမီးယပ် ဆရာဝန်​တွေနဲပြသစစ်​ဆေးပြီးတဲ့အခါ သားအိမ်မှာ အလုံးရှိ​နေ​တာ​ကြောင့် ဖြစ်​နေတာဆိုပြီး ကြားဖူးကြမယ် ထင်ပါတယ်။သားအိမ်မှာ အလုံး၊ အကြိတ် ​တည်​နေလို့ဆိုတဲ့​နေရာမှာ ရိုးရိုး အကြိတ်နဲ့ ကင်ဆာကြိတ် ဆိုပြီး ရှိ​ပေမဲ့ ဒီတစ်ပတ်မှာ​တော့ ရိုးရိုးအကြိတ် အ​ကြောင်းကို ​ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကင်ဆာမဟုတ်တဲ့ ရိုးရိုးသားအိမ်အကြိတ်​တွေကို​တော့ Uterine fibroids သို့မဟုတ် Myoma လို့ ​ခေါ်ကြပါတယ်။ သားအိမ်မှာ အလုံး​တွေ ဘာကြောင့် ဖြစ်လာတာလဲ သားအိမ်​​တွေမှာ ဘာ​ကြောင့် အလုံး​အကြိတ်တွေ ဖြစ်လာရသလဲဆိုတာ ​သေ​သေချာချာ မ​ပြောနိုင်​ပေမဲ့ ​အောက်ပါ အချက် ၃ ချက် ​ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ ၁–Genetic factors လို့​ခေါ်တဲ့ မျိုးရိုးဗီဇ​တွေနဲ့ သက်ဆိုင်နိုင်တယ်။၂– အမျိုးသမီး​ဟော်မုန်း​တွေဖြစ်တဲ့ Oestrogen

သားအိမ်မှာအလုံးအကြိတ်တည်ခြင်းနှင့် ဖြစ်လာတတ်​သော ​နောက်ဆက်တွဲ ဆိုးကျိုးများ Read More »

သားအိမ်​ခေါင်းကင်ဆာ

သားအိမ်​ခေါင်းကင်ဆာဆိုတာ လူအ​တော်များများ ကြားဖူးကြမယ်လို့ထင်ပါတယ်။ ဒါ​ပေမယ့် သားအိမ်​ခေါင်းဆိုတာ ဘယ်​နေရာမှာရှိတာလဲ ဘယ်အရာကို သားအိမ်​ခေါင်းလို့ ​ခေါ်ကြသလဲ ဆိုတာ ​သေချာသိကြမယ် မထင်ပါဘူး။ ဒါ​ကြောင့် ​သေချာ သိကြရ​​စေဖို့ ပုံ​လေးနဲ့ ရှင်းပြလိုက်ပါတယ်။သားအိမ်ခေါင်းက အမျိုးသမီး ​အင်္ဂါလမ်း​ကြောင်းအဆုံးနဲ့ သားအိမ် တို့ ဆုံတဲ့​နေရာမှာရှိတာပါ။ ခု​​ခေတ်မှာ ကင်ဆာ​ရောဂါ ဆိုတာက မကြားချင်မှ အဆုံးပါပဲ။ ဘယ်သူ​တော့ ဘယ်ကင်ဆာ ဘယ်ဝါ​တော့ ဘာကင်ဆာ ဖြစ်လို့ဆိုပြီး ကြား​နေကြရတာပါ။ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ ဆိုပြီး ကင်ဆာ အမျိုးမျိုး ဖြစ်​​နေကြတာပါ။သားအိမ်​ခေါင်းကင်ဆာ ဆိုတာက သားအိမ်​ခေါင်းမှာရှိတဲ့ ဆဲလ်​တွေက ပုံမှန် မဟုတ်​ဘော့ဘဲ ကင်ဆာ အဖြစ်သို့ ​ပြောင်းပြီး ပုံမှန်မဟုတ်ဘဲ ပွားများ အမြစ်တွယ် ပျံ့နှံ့လာတဲ့အခါ ​ရောဂါလက္ခဏာ​တွေကို ခံစား​စေရတာပဲ ​ဖြစ်တယ်။

သားအိမ်​ခေါင်းကင်ဆာ Read More »

ခါးနာခါးကိုက်ခြင်း၊ ခါးဆစ်ရိုးနု ကျွံထွက်ခြင်းနှင့် ​နောက်ဆက်တွဲ ဆိုးကျိုးများ

ကျ​နော်တို့ ပတ်ဝန်းကျင်မှာ ခါးနာလို့ ခါးကိုက်လို့ဆိုပြီး ခံစား​နေရသူ​တွေ၊ အလုပ်အကိုင်ပျက် အအိပ်ပျက်သူ​တွေ အများကြီးရှိကြတယ်ဆိုတာ သတိထားမိကြပါရဲ့လား။ ခါးနာ ခါးကိုက်ဆိုတာက​တော့ ခါးမှာရှိတဲ့ အရိုး၊ အရိုးနု၊ အ​ရွတ်၊ ကြွက်သား၊ အာရုံ​ကြော​တွေ ထိခိုက်​ရောင်ရမ်းခြင်း​ကြောင့်​သော်လည်းကာင်း ​ရောဂါပိုးဝင်​ရောက်ခြင်း​ကြောင့်​​သော်လည်း​ကောင်း ဖြစ်​လေ့ရှိတာပါ။ သု​တေသန​တွေရဲ့ ​ဖော်ပြချက်​တွေမှာ​တော့ လူ​​တွေရဲ့ ၆၀ ရာခိုင်နှုန်းက​နေ ၈၀ ရာခိုင်နှုန်း အထိက ခါးနာ​ခါးကိုက် ​ဝေဒနာကို ဘဝရဲ့တချိန်ချိန်မှာ ခံစားကြရပါသတဲ့။ကျ​နော်ကိုယ်တိုင်​တောင် အဲဒီ ​ရောဂါ ခံစား​နေရတာ ​ပေါ်လိုက် ​ပျောက်လိုက်ပါပဲ။အဲဒီထဲက တချို့က​တော့ ခါးဆစ်ရိုးနုဒဏ်ရာရပျက်စီးခြင်း ကျွံထွက်ခြင်း​ကြောင့် ခါးနာခါးကိုက် ​ပေါင်ကိုက် ​ခြေ​ထောက်ကိုက် ​ဝေဒနာ​တွေ ခံစား​နေကြရတာပါလို့ ဆိုကြပါတယ်။ ခါးဆစ်ရိုး၊ ခါးဆစ်ရိုးနု နဲ့ ခါးဆစ်ရိုး အာရုံ​ကြော​တွေ ဆိုတာ ဘလိုမျိုး ဖွဲ့စည်းတည်​ဆောက်ထားကြသလဲ ကျ​နော်တို့

ခါးနာခါးကိုက်ခြင်း၊ ခါးဆစ်ရိုးနု ကျွံထွက်ခြင်းနှင့် ​နောက်ဆက်တွဲ ဆိုးကျိုးများ Read More »

​ခွေးရူးပြန်​ရောဂါ နှင့် ​ခွေးရူးပြန်​ကာကွယ်​ဆေး

​ခွေးရူးပြန်​ရောဂါ ဆိုတာ ကြားမိလိုက်တာနဲ့ ဒီ​ရောဂါဖြစ်​နေသူဟာ ​သေချာ​ပေါက်​သေဆုံးရ​တော့မယ်ဆိုတာ အားလုံးသိကြပြီးဖြစ်ပါလိမ့်မယ်။မှန်ပါတယ် ဒီ​ခွေးရူး ဗိုင်းရပ်ပိုးဟာ လူနဲ့နို့တိုက်သတ္တဝါ​တွေမှာ ကူးစက်ခံရပီဆိုတာနဲ့ ​ကျောရိုးအာရုံ​ကျောမက​နေတဆင့် ဦး​ဏှောက်အထိ ​ရောက်ရှိကာ ဦး​ဏှောက်ပျက်စီးပြီး ​သေဆုံး​စေတာပဲဖြစ်ပါတယ်။ဒီ​ခွေးရူးပြန်ပိုးဖြစ်တဲ့ Rabies viruses ​တွေဟာ ​တောတွင်းတိရိစ္ဆာန်​ဖြစ်တဲ့ လင်းနို့​တွေကတဆင့် ​​ခွေး၊ ​တော​ကြောင်၊​​ မြေ​ခွေး၊ ကြောင်နဲ့လူ စတဲ့ နို့တိုက်သတ္တဝါ​တွေဆီ​ရောက်ရှိပြီး ​ရောဂါဖြစ်ပွား​စေတာပဲဖြစ်ပါတယ်။​ဒီ​ရောဂါပိုးကူးစက်ခံရပြီဆိုလျှင်​တော့ ​​ခွေးရူးပြန်​ရောဂါဖြစ်ဖို့ ရောဂါပျိုးချိန် ၂-ပတ်ကနေ ၇-နှစ်အထိ ​ကြာနိုင်ပါတယ်။ ဒါ​ကြောင့် ဒီ​ရောဂါမဖြစ်​အောင် ​ခွေးရူးပြန်​ကာကွယ်​ဆေး​တွေကို အချိန်မှီနဲ့ စနစ်တကျ ထိုးဖို့ အင်မတန် အ​ရေးကြီးလှပါတယ်။ ဒါ​ကြောင့် ​ခွေးကရူး​မနေလည်း သူ့ကိုယ်တွင်းမှာ ​ခွေးရူးပိုးရှိ​နေနိုင်လို့ ​ခွေးကိုက်ခံရပြီဆိုတာနဲ့ ကာကွယ်​ဆေးထိုးသင့်ပါတယ်။ကိုယ့်အိမ်မှာ ကာကွယ်​ဆေးထိုးထားတဲ့ ​အလှ​မွေး​ခွေးကိုက်ခံရတာဆိုလျှင်​တော့ စဥ်းစားရမှာ​ပေါ့။ ဘာပဲဖြစ်ဖြစ် လူ​တွေကို ကိုက်တတ် ခြစ်တတ်တဲ့ ​ခွေး ​ကြောင်

​ခွေးရူးပြန်​ရောဂါ နှင့် ​ခွေးရူးပြန်​ကာကွယ်​ဆေး Read More »

အူကျ ​ ​ရောဂါဆိုတာ

အူကျ​ရောဂါလို့​ပြောလိုက်တာနဲ့ ​အမျိုးသားတွေက ချက်ခြင်းသိကြမှာပါ။ ​အမျိုးသားတွေမှာ အဖြစ်များကြတာကိုး။​ ​ဘောကျတယ်လို့လည်း ​ခေါ်ပါ​သေးတယ်။ အမျိုးသား​တွေမှာပဲဖြစ်တာ မဟုတ်ဘဲ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဘာ​ကြောင့် အူကျ​ရောဂါ ဖြစ်ကြရတာလဲ အူကျ​ရောဂါ အမျိုးမျိုးရှိ​ပေမဲ့ ဒီ​​နေရာမှာ အဓိက​ပြောသွားမယ့် ​ရောဂါက Indirect inguinal hernia ပါ။လူတိုင်းမှာ ၂-လက္မခွဲခန့်ရှိတဲ့ Inguinal canal လို့​ခေါ်တဲ့ ​မြောင်း​လေး​တွေ ​ပေါင်ထိပ် တဖက်တချက်စီမှာ ရှိကြပါတယ်။ ​မြောင်းရဲ့ အပြင်ဘက်ထိပ်အစပ်က ဗိုက်ထဲက ကလီစာတွေကို ပိတ်ထားတဲ့ Parietal peritoneumနဲ့ ကြွက်သား နဲ့ ထိစပ်​နေတယ်။ အတွင်းဘက် ထိပ်အစပ်က ဆီးခုံနားမှာ သွားထိစပ်​နေပီး အမျိုးသား​တွေမှာ​တော့ ကပ္ပယ်အိပ်ရဲ့ ထိပ်နဲ့ စပ်​နေပါတယ်။ အ​ကြောင်းတခုခု​ကြောင့် ဗိုက်ထဲက အူ သို့မဟုတ် Omentum လို့

အူကျ ​ ​ရောဂါဆိုတာ Read More »

လူများ ရှက်​ကြောက်​ ​နေကြတဲ့ ​လိပ်​ခေါင်း​ရောဂါ ဆိုတာ

တကယ်​တော့ လိပ်​ခေါင်း​ရောဂါက အဖြစ်မနည်းလှပါဘူး။ လူအများထဲမှာ​ကော ဆရာဝန်ဆီမှာပါ ​ပြောရ ပြရမှာ ရှက်​နေကြလို့ သိပ်မဖြစ်ဘူး ထင်​နေကြတာပါ။ လိပ်​ခေါင်း​ရောဂါဆိုတာ ဘလိုမျိုးလဲ လိပ်​ခေါင်း​ရောဂါဆိုတာက စအိုဝ နဲ့ စအိုလမ်း​ကြောင်းမှာရှိတဲ့ ​သွေး​ကြော​လေး​တွေ ​ဖောင်းဖုထွက်လာကာ ​သွေး​တွေနဲ့ပြည့်ပြီး ​ဖြစ်လာတာပါ။ လိပ်​ခေါင်း​ရောဂါ အမျိုးအစားများ လိပ်​ခေါင်းစထွက်တဲ့ ​​နေရာ​ပေါ်မူတည်ပြီး ၁။ အပြင်လိပ်​​ခေါင်းဆိုတာ စအိုအပြင်ဝ သွေး​ကြော​လေး​တွေ ​ဖောင်းဖုဖြစ်လာတာဖြစ်တယ်။ ဒီ​လို လိပ်​ခေါင်း​ကပိုအဖြစ်များပါတယ်။ ၂။ အတွင်းလိပ်​ခေါင်းဆိုတာက စအိုအတွင်းပိုင်းထဲက ​သွေး​ကြော​တွေ ဖြစ်လာတာပါ။ အဲထဲမှာမှ အတွင်းလိပ်​ခေါင်း​ရောဂါကို ဆိုးရွားမှုအ​ပေါ်မူတည်ပြီး အဆင့် ၄ ဆင့်ရှိပါတယ်။ အဆင့် ၁။ ​သွေးထွက်ရုံပဲ ထွက်တဲ့ လိပ်​ခေါင်း အဆင့် ၂။ လိပ်​​​ခေါင်း ​သွေး​ကြောဖု​လေးက အိမ်သာတက်အီးညှစ်တဲ့ အချိန်ပဲ ထွက်လာပြီး ပြီးရင်အလိုလိုပြန်ဝင်ပါတယ်။

လူများ ရှက်​ကြောက်​ ​နေကြတဲ့ ​လိပ်​ခေါင်း​ရောဂါ ဆိုတာ Read More »

အယ်လ်နီညို၊ အပူလှိုင်း၊ ​နွေရာသီနှင့် အပူရှပ်ခြင်း အန္တရာယ်

အခုရက်ပိုင်း​ အာဆီယံနိုင်ငံ​တွေမှာ အပူလှိုင်းဖြတ်သန်း​နေချိန် ဖြစ်ပြီး ​နွေရာသီထဲကို ​ရောက်ရှိ​နေချိန် ဖြစ်တာ​ကြောင့် အပူရှပ် ခြင်းအန္တရာယ် မှ ကင်း​ဝေ​စေရန် အသိ​ပေးနှိုး​ဆော် ​ရေးသားလိုက်ပါတယ်။ပုံမှန်အားဖြင့် လူ​ခန္ဓာကိုယ် အပူချိန် ဟာ ၃၇ ဒီဂရီ စင်တီဂရိတ် ( 37°C ) သို့မဟုတ် ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ( 98.6°F ) ဖြစ်ပါတယ်။ ကျ​နော်တို့ ဦး​​ဏှောက်အတွင်းမှာရှိတဲ့ Hypothalmus လို့​ခေါ်တဲ့ အစိတ်အပိုင်းက အဲဒီကိုယ်ခန္ဓာအပူချိန်ကို တသမတ်တည်းဖြစ်​အောင် ထိန်းသိမ်း​ပေးပါတယ်။ ရာသီဥတုက အရမ်းပူးပြင်းပြီး ကိုယ်ခန္ဓာထဲကို အပူ​တွေ ကူးစက်လာလျှင် Hypothalmus က အတိုင်းအတာ တခုအထိ ထိန်းသိမ်း​ပေး​ပေမယ့် မထိန်းနိုင်​တော့တဲ့အခါ ကိုယ်ခန္ဓာ အပူချိန် များလွန်းပြီး အပူရှပ်ခြင်း လက္ခဏာ​တွေ ခံစားလာရပါ​တော့တယ်။

အယ်လ်နီညို၊ အပူလှိုင်း၊ ​နွေရာသီနှင့် အပူရှပ်ခြင်း အန္တရာယ် Read More »

Scroll to Top