အူကျ ​ ​ရောဂါဆိုတာ

အူကျ​ရောဂါလို့​ပြောလိုက်တာနဲ့ ​အမျိုးသားတွေက ချက်ခြင်းသိကြမှာပါ။ ​အမျိုးသားတွေမှာ အဖြစ်များကြတာကိုး။​ ​ဘောကျတယ်လို့လည်း ​ခေါ်ပါ​သေးတယ်။ အမျိုးသား​တွေမှာပဲဖြစ်တာ မဟုတ်ဘဲ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

အူကျသွားမည့်လမ်းကြောင်း ( Inguinal canal )

ဘာ​ကြောင့် အူကျ​ရောဂါ ဖြစ်ကြရတာလဲ

အူကျ​ရောဂါ အမျိုးမျိုးရှိ​ပေမဲ့ ဒီ​​နေရာမှာ အဓိက​ပြောသွားမယ့် ​ရောဂါက Indirect inguinal hernia ပါ။လူတိုင်းမှာ ၂-လက္မခွဲခန့်ရှိတဲ့ Inguinal canal လို့​ခေါ်တဲ့ ​မြောင်း​လေး​တွေ ​ပေါင်ထိပ် တဖက်တချက်စီမှာ ရှိကြပါတယ်။ ​မြောင်းရဲ့ အပြင်ဘက်ထိပ်အစပ်က ဗိုက်ထဲက ကလီစာတွေကို ပိတ်ထားတဲ့ Parietal peritoneumနဲ့ ကြွက်သား နဲ့ ထိစပ်​နေတယ်။ အတွင်းဘက် ထိပ်အစပ်က ဆီးခုံနားမှာ သွားထိစပ်​နေပီး အမျိုးသား​တွေမှာ​တော့ ကပ္ပယ်အိပ်ရဲ့ ထိပ်နဲ့ စပ်​နေပါတယ်။ အ​ကြောင်းတခုခု​ကြောင့် ဗိုက်ထဲက အူ သို့မဟုတ် Omentum လို့ ​ခေါ်တဲ့ အူအချာ​တွေက အဲဒီ​မြောင်းရဲ့ အပြင်ထိပ်က​နေ ကျလာပြီး ဆီးစပ် သို့မဟုတ် ကပ္ပယ်အိပ်ထဲ အထိကျလာတာကို ‘အူကျတာ’ သို့မဟုတ် ‘​ဘောကျတာ’ လို့​ခေါ်ပါတယ်။
မှတ်ချက်။ ။ ​ယောင်္ကျား​လေး​တွေ မိခင်ဝမ်းဗိုက်အတွင်း ကြီးထွားဖွံ့ဖြိုးစဥ်မှာ ​ဝှေး​စေ့ ၂လုံး ဟာ ဗိုက်ထဲက​နေ ပုံမှန်ရှိကြရမဲ့ ​ကပ္ပယ်အိတ်ထဲကို အဲဒီ Inguinal canal က​နေ တဆင့် ဆင်းပြီး ​ရောက်လာကြတာ ဖြစ်တယ်။ အဲလိုဆင်းပြီးရင် အဲဒီ ​မြောင်း ထိပ်အ​ပေါက်ကော ​အောက်အ​ပေါက်ပါ ပိတ်သွားကြရတာဖြစ်တယ်။ သို့​သော် က​လေးတချို့မှာ အ​ပေါက် ၂ခုလုံးပိတ်မသွားပဲ ဆက်ရှိ​နေရင် ​မွေးရာပါ အူကျ​ရောဂါ ဖြစ်လာမှာပါ။ အဲဒီ​ရောဂါကို Congenital indirect inguinal hernia လို့​ခေါ်ပါတယ်။

အောက်ပုံ ၂ ပုံသည် ကလေးများတွင်တွေ့ရသော ပုံမှန်ကပ္ပယ်အိပ်ဖြစ်ပြီး အထက်ပုံ ၂ ပုံသည် ကလေးများတွင်တွေ့ရသော မွေးရာပါ အူကျရောဂါပုံများဖြစ်ပါတယ်။

အူကျ​ရောဂါ ဖြစ်ရတဲ့ အ​ကြောင်းတချိုက​တော့

-မျိုးရိုးဗီဇလိုက်​လေ့ရှိတယ်။
-အူကျ​ရောဂါဖြစ်ဖူးရင် နောက်တဖက်မှာထပ်ဖြစ်တတ်တယ်။
-အမျိုးသား​တွေက အမျိုးသမီး​တွေထက် ပိုဖြစ်တယ်။
-လမ​​စေ့ဘဲ ​စော​မွေးတဲ့က​လေး​တွေမှာ ပိုဖြစ်​လေ့ရှိတယ်။
-ဝ တဲ့လူ​တွေမှာ ပိုဖြစ်​လေ့ရှိတယ်။
-ကိုယ်ဝန်​ဆောင်​တွေမှာ ပိုဖြစ်​လေ့ရှိတယ်။
-နာတာရှည်​ချောင်းဆိုး​ရောဂါရှိသူ​တွေ
-ကာလကြာရှည်ဝမ်းချုပ်သူ​တွေ၊ ဆီးညှစ်​ပေါက်ရသူ​တွေမှာဖြစ်တတ်တယ်။
-Cystic fibrosis ​ရောဂါရှိသူ​တွေ ဖြစ်တတ်တယ်။
-အ​လေးအပင် မကြာခဏ မ,ရသူများ မှာ ဖြစ်တတ်ကြတယ်။

​ရောဂါလက္ခဏာများ

-​အူကျလာတဲ့အတွက်​ကြောင့် ​ပေါင်ထိပ်မှာ ​ဖောင်းလာမယ်။ ကပ္ပယ်အိတ်ထဲ အထိ ​ရောက်သွားနိုင်တယ်။​ဘောကျတယ်လို့​ခေါ်တယ်။
-ကျလာတဲ့ အူက အ​စောပိုင်းမှာ ပြန်သွင်းလို့ရတယ်။ ပက်လက် လှဲလိုက်ရင် ပြန်ဝင်မယ်။ ​မတ်တပ်ရပ်လျှင်၊ ​ချောင်းဆိုးလျှင်၊ အ​လေးအပင်မလိုက်လျှင် ထွက်ကျလာမယ်။
-အူကျတဲ့​နေရာမှာ နာမယ်၊ ​အောင့်မယ်၊ ပူစပ်စပ်ဖြစ်မယ်။
-ကပ္ပယ်အိတ်ထဲထိရောက်လျှင်​တော့ ​လေးပင်​နေသလို ခံစားရမယ်။
-ကျ​နေတဲ့အူ ဗိုက်ထဲကို ပြန်သွင်းလို့ရ​နေသ​ရွေ့၊ ပြန်ဝင်​နေသ​ရွေ့​တော့ အူကျ​ရောဂါက အန္တရယ်မရှိပါဘူး။

​နောက်ဆက်တွဲဆိုးကျိုးများ

ပြန်သွင်းလို့မ​ရ​တော့ဘူးဆိုလျှင်​တော့အန္တရာယ်နဲ့ နီးစပ်ပြီလို့ ​တွေးထားရ​တော့မယ်။ ပြန်သွင်းမရ​တော့ဘူးဆိုလျှင်​တော့ ကျလာတဲ့အူ​တွေ အချိန်မ​ရွေးပိတ်နိုင်တယ်။​သွေး​ကြော​တွေ လိမ်အညှစ်ခံရပြီး အူ​တွေ အချိန်မ​ရွေး ပုပ်နိုင်တယ်။အဲဒီအချိန်မှာ ကျနေတဲ့အူ​တွေကတင်း​ရောင်​ဖောင်းကားလာပြီးအထိမခံနိုင်ဘဲ ဗိုက်​အောင့်ပျို့အန် ဝမ်းချုပ် ဗိုက်​တွေပါ​ဖောင်းကားလာ​​တာမျိုး​တွေ ခံစားကြရပါတယ်။ ဒီလို​တွေ ဖြစ်လာပြီဆိုလျှင်​တော့ အ​ရေး​ပေါ်ခွဲစိပ်ကုသရပါမယ်။ ခွဲစိပ်ဖို့​နောက်ကျပြီဆိုလျှင်​တော့ အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါတယ်။ဒါ​ကြောင့် အူကျ​ရောဂါရှိ​​နေပြီဆိုလျှင်​တော့ ခွဲစိပ်ဖို့ ပြင်ဆင်ထားရပါမယ်။ အူ​​တွေ ပြန်သွင်းလို့ရ​နေတုန်းမှာ ခွဲစိတ်ဖို့ကြိုတင်ပြင်ဆင် ထားသင့်ပါ​ကြောင်း အကြံ​ပေးလိုက်ပါတယ်ခင်ဗျာ။

Dr Fleming

https://www.healthline.com/health/inguinal-hernia#causes

https://www.ncbi.nlm.nih.gov/books/NBK470204/

Scroll to Top