​ခွေးရူးပြန်​ရောဂါ နှင့် ​ခွေးရူးပြန်​ကာကွယ်​ဆေး

​ခွေးရူးပြန်​ရောဂါ ဆိုတာ ကြားမိလိုက်တာနဲ့ ဒီ​ရောဂါဖြစ်​နေသူဟာ ​သေချာ​ပေါက်​သေဆုံးရ​တော့မယ်ဆိုတာ အားလုံးသိကြပြီးဖြစ်ပါလိမ့်မယ်။မှန်ပါတယ် ဒီ​ခွေးရူး ဗိုင်းရပ်ပိုးဟာ လူနဲ့နို့တိုက်သတ္တဝါ​တွေမှာ ကူးစက်ခံရပီဆိုတာနဲ့ ​ကျောရိုးအာရုံ​ကျောမက​နေတဆင့် ဦး​ဏှောက်အထိ ​ရောက်ရှိကာ ဦး​ဏှောက်ပျက်စီးပြီး ​သေဆုံး​စေတာပဲဖြစ်ပါတယ်။ဒီ​ခွေးရူးပြန်ပိုးဖြစ်တဲ့ Rabies viruses ​တွေဟာ ​တောတွင်းတိရိစ္ဆာန်​ဖြစ်တဲ့ လင်းနို့​တွေကတဆင့် ​​ခွေး၊ ​တော​ကြောင်၊​​ မြေ​ခွေး၊ ကြောင်နဲ့လူ စတဲ့ နို့တိုက်သတ္တဝါ​တွေဆီ​ရောက်ရှိပြီး ​ရောဂါဖြစ်ပွား​စေတာပဲဖြစ်ပါတယ်။​ဒီ​ရောဂါပိုးကူးစက်ခံရပြီဆိုလျှင်​တော့ ​​ခွေးရူးပြန်​ရောဂါဖြစ်ဖို့ ရောဂါပျိုးချိန် ၂-ပတ်ကနေ ၇-နှစ်အထိ ​ကြာနိုင်ပါတယ်။ ဒါ​ကြောင့် ဒီ​ရောဂါမဖြစ်​အောင် ​ခွေးရူးပြန်​ကာကွယ်​ဆေး​တွေကို အချိန်မှီနဲ့ စနစ်တကျ ထိုးဖို့ အင်မတန် အ​ရေးကြီးလှပါတယ်။

ဒါ​ကြောင့် ​ခွေးကရူး​မနေလည်း သူ့ကိုယ်တွင်းမှာ ​ခွေးရူးပိုးရှိ​နေနိုင်လို့ ​ခွေးကိုက်ခံရပြီဆိုတာနဲ့ ကာကွယ်​ဆေးထိုးသင့်ပါတယ်။ကိုယ့်အိမ်မှာ ကာကွယ်​ဆေးထိုးထားတဲ့ ​အလှ​မွေး​ခွေးကိုက်ခံရတာဆိုလျှင်​တော့ စဥ်းစားရမှာ​ပေါ့။ ဘာပဲဖြစ်ဖြစ် လူ​တွေကို ကိုက်တတ် ခြစ်တတ်တဲ့ ​ခွေး ​ကြောင် အကိုက်ခံရပြီလျှင်​တော့ ကာကွယ်​ဆေးထိုးတာက စိတ်အချရဆုံးနည်းလမ်းပဲဖြစ်ပါတယ်။​​ခွေးအကိုက်မခံရလည်း ကိုယ်​ပေါ်မှအနာကို ​ခွေး၊​ကြောင်​တွေရဲ့ လျှာနဲ့အယက်ခံရလျှင် ​ခွေးရူးပိုးကူးစက်ခံရနိုင်ပါ​သေးတယ်။ခွေး ​ကြောင်​တွေရဲ့ သွားရည်​တွေမှာ ​ခွေးရူးပိုးရှိ​နေနိုင်လို့ပါ။

​ခွေးကိုက်ခံရပြီဆိုလျှင်( ကာကွယ်​ဆေးမထိုးဖူး​သေးသူများအတွက် )

၁။ ​ခွေးကိုက်ဒဏ်ရာကို ​ဆေး​ကြောခြင်း

-ပထမဦးစွာ ဒဏ်ရာကို ​​ရေတ​ဖျော​ဖျော​လောင်းပြီးဆပ်ပြာနဲ့ ​ဆေး​ပေးရပါမယ်။

-Iodine ပါတဲ့​ဆေးရည်နဲ့လည်း ထပ်မံ​ဆေး​ပေးရပါမယ်။

-မေးခိုင်​ရောဂါကာကွယ်​ဆေး တပြိုင်နက်ထိုးပါ။

-ဘက်တီးရီးယားပိုဝင်ပြီး အနာရင်းနိုင်တာ​ကြောင့် ပိုးသတ်​ဆေးလည်း ​သောက်​ပေးရပါမယ်။

၂။​ခွေးရူးပြန်ကာကွယ်​ဆေးထိုးပါ။ ( Rabies vaccines )

-​ခွေးကိုက်ရပြီဆိုတာနဲ့ ကာကွယ်​ဆေး တစ်လုံးစထိုးပါ။

​-ပထမတစ်လုံးထိုးပြီး ၃-ရက်အကြာမှာ တစ်လုံး
-ပထမတစ်လုံးထိုးပြီး ၇-ရက်အကြာမှာ တစ်လုံး
-ပထမတစ်လုံးထိုးပြီး ၁၄-ရက်အကြာမှာ တစ်လုံး ထိုး​ပေးရပါမယ်။ ရက်အကွာအခြားကိုတော့ ( 0-3-7-14 ) လို့မှတ်လို့ရပါတယ်။
ကိုယ်ခံအားကျ​ဆင်း​နေသူ​တွေမှာဆိုရင်​တော့ ပထမတစ်လုံးထိုးပြီး ၂၈ရက်အကြာမှာ တစ်လုံး ထပ်ထိုးရပါမယ်။ဒီ​လိုထိုးတဲ့အချိန်မှာ စုစု​ပေါင်း ၄-လုံးထိုးမှာလား ၅-လုံး ထိုးမှာလားနဲ့ ရက်အကွာအခြားက ကာကွယ်​ဆေးအမျိုးအစား​ပေါ်မူတည်ပြီးကွာခြားတတ်ကြပါတယ်။နီးစပ်ရာ ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။
မှတ်ချက်။ လူကြီးဆိုလျှင်​တော့ လက်​မောင်းမှာ ထိုး​ပေးရပြီး က​လေး​တွေမှာ​တော့ ​ပေါင်​ဘေးမှာထိုး​ပေးရပါမယ်။တင်ပါးမှာ လုံးဝမထိုးရပါ။
ကိုယ်ဝန်​ဆောင်မိခင်များလည်း ထိုးလို့ရပါတယ်။

ခွေးရူးပြန်ကာကွယ်ဆေး
ခွေးရူးပြန်ကာကွယ်ဆေး

၃။​ခွေးရူးပိုးအမြန်သတ်​​ဆေးထိုးရပါမယ်။ ( Immunoglobulin )

-Rabies immunoglobulin ကို 20IU/Kg နှုန်းနဲ့တွက်ပြီး ဒဏ်ရာတဝိုက်အမြန်ဆုံးထိုး​ပေးရပါမယ်။အဲဒီဆေးက ခွေးရူးဗိုင်းရပ်တွေကို တိုက်ရိုက် သတ်ပေးပါတယ်။

Rabies immunoglobulin

ကာကွယ်​ဆေးထိုးဖူးသူများအတွက်

-ခွေးအကိုက်ခံရပြီဆိုတာနဲ့ခွေးရူးပြန်ကာကွယ်​ဆေးတစ်လုံးချက်ခြင်းထိုးပါ။

-၃ရက်အကြာမှာ ဒုတိယ တစ်လုံးထိုး​ပေးလျှင်လုံ​လောက်ပါပြီ။

-Rabies Immnoglobulin ထိုး​ပေးရန်မလိုအပ်ပါ။

​ခွေးရူးပြန်​ရောဂါအန္တရာယ်မှ ကင်း​ဝးကြေပါ​စေ။

Dr. Fleming

https://www.cdc.gov/rabies/medical_care/vaccine.html

http://annapurnapharmacy.com/drug/5968-equirab-inj-antirabies-immunoglobulin-

Scroll to Top