April 2024

​ခွေးရူးပြန်​ရောဂါ နှင့် ​ခွေးရူးပြန်​ကာကွယ်​ဆေး

​ခွေးရူးပြန်​ရောဂါ ဆိုတာ ကြားမိလိုက်တာနဲ့ ဒီ​ရောဂါဖြစ်​နေသူဟာ ​သေချာ​ပေါက်​သေဆုံးရ​တော့မယ်ဆိုတာ အားလုံးသိကြပြီးဖြစ်ပါလိမ့်မယ်။မှန်ပါတယ် ဒီ​ခွေးရူး ဗိုင်းရပ်ပိုးဟာ လူနဲ့နို့တိုက်သတ္တဝါ​တွေမှာ ကူးစက်ခံရပီဆိုတာနဲ့ ​ကျောရိုးအာရုံ​ကျောမက​နေတဆင့် ဦး​ဏှောက်အထိ ​ရောက်ရှိကာ ဦး​ဏှောက်ပျက်စီးပြီး ​သေဆုံး​စေတာပဲဖြစ်ပါတယ်။ဒီ​ခွေးရူးပြန်ပိုးဖြစ်တဲ့ Rabies viruses ​တွေဟာ ​တောတွင်းတိရိစ္ဆာန်​ဖြစ်တဲ့ လင်းနို့​တွေကတဆင့် ​​ခွေး၊ ​တော​ကြောင်၊​​ မြေ​ခွေး၊ ကြောင်နဲ့လူ စတဲ့ နို့တိုက်သတ္တဝါ​တွေဆီ​ရောက်ရှိပြီး ​ရောဂါဖြစ်ပွား​စေတာပဲဖြစ်ပါတယ်။​ဒီ​ရောဂါပိုးကူးစက်ခံရပြီဆိုလျှင်​တော့ ​​ခွေးရူးပြန်​ရောဂါဖြစ်ဖို့ ရောဂါပျိုးချိန် ၂-ပတ်ကနေ ၇-နှစ်အထိ ​ကြာနိုင်ပါတယ်။ ဒါ​ကြောင့် ဒီ​ရောဂါမဖြစ်​အောင် ​ခွေးရူးပြန်​ကာကွယ်​ဆေး​တွေကို အချိန်မှီနဲ့ စနစ်တကျ ထိုးဖို့ အင်မတန် အ​ရေးကြီးလှပါတယ်။ ဒါ​ကြောင့် ​ခွေးကရူး​မနေလည်း သူ့ကိုယ်တွင်းမှာ ​ခွေးရူးပိုးရှိ​နေနိုင်လို့ ​ခွေးကိုက်ခံရပြီဆိုတာနဲ့ ကာကွယ်​ဆေးထိုးသင့်ပါတယ်။ကိုယ့်အိမ်မှာ ကာကွယ်​ဆေးထိုးထားတဲ့ ​အလှ​မွေး​ခွေးကိုက်ခံရတာဆိုလျှင်​တော့ စဥ်းစားရမှာ​ပေါ့။ ဘာပဲဖြစ်ဖြစ် လူ​တွေကို ကိုက်တတ် ခြစ်တတ်တဲ့ ​ခွေး ​ကြောင် […]

​ခွေးရူးပြန်​ရောဂါ နှင့် ​ခွေးရူးပြန်​ကာကွယ်​ဆေး Read More »

အူကျ ​ ​ရောဂါဆိုတာ

အူကျ​ရောဂါလို့​ပြောလိုက်တာနဲ့ ​အမျိုးသားတွေက ချက်ခြင်းသိကြမှာပါ။ ​အမျိုးသားတွေမှာ အဖြစ်များကြတာကိုး။​ ​ဘောကျတယ်လို့လည်း ​ခေါ်ပါ​သေးတယ်။ အမျိုးသား​တွေမှာပဲဖြစ်တာ မဟုတ်ဘဲ အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဘာ​ကြောင့် အူကျ​ရောဂါ ဖြစ်ကြရတာလဲ အူကျ​ရောဂါ အမျိုးမျိုးရှိ​ပေမဲ့ ဒီ​​နေရာမှာ အဓိက​ပြောသွားမယ့် ​ရောဂါက Indirect inguinal hernia ပါ။လူတိုင်းမှာ ၂-လက္မခွဲခန့်ရှိတဲ့ Inguinal canal လို့​ခေါ်တဲ့ ​မြောင်း​လေး​တွေ ​ပေါင်ထိပ် တဖက်တချက်စီမှာ ရှိကြပါတယ်။ ​မြောင်းရဲ့ အပြင်ဘက်ထိပ်အစပ်က ဗိုက်ထဲက ကလီစာတွေကို ပိတ်ထားတဲ့ Parietal peritoneumနဲ့ ကြွက်သား နဲ့ ထိစပ်​နေတယ်။ အတွင်းဘက် ထိပ်အစပ်က ဆီးခုံနားမှာ သွားထိစပ်​နေပီး အမျိုးသား​တွေမှာ​တော့ ကပ္ပယ်အိပ်ရဲ့ ထိပ်နဲ့ စပ်​နေပါတယ်။ အ​ကြောင်းတခုခု​ကြောင့် ဗိုက်ထဲက အူ သို့မဟုတ် Omentum လို့

အူကျ ​ ​ရောဂါဆိုတာ Read More »

လူများ ရှက်​ကြောက်​ ​နေကြတဲ့ ​လိပ်​ခေါင်း​ရောဂါ ဆိုတာ

တကယ်​တော့ လိပ်​ခေါင်း​ရောဂါက အဖြစ်မနည်းလှပါဘူး။ လူအများထဲမှာ​ကော ဆရာဝန်ဆီမှာပါ ​ပြောရ ပြရမှာ ရှက်​နေကြလို့ သိပ်မဖြစ်ဘူး ထင်​နေကြတာပါ။ လိပ်​ခေါင်း​ရောဂါဆိုတာ ဘလိုမျိုးလဲ လိပ်​ခေါင်း​ရောဂါဆိုတာက စအိုဝ နဲ့ စအိုလမ်း​ကြောင်းမှာရှိတဲ့ ​သွေး​ကြော​လေး​တွေ ​ဖောင်းဖုထွက်လာကာ ​သွေး​တွေနဲ့ပြည့်ပြီး ​ဖြစ်လာတာပါ။ လိပ်​ခေါင်း​ရောဂါ အမျိုးအစားများ လိပ်​ခေါင်းစထွက်တဲ့ ​​နေရာ​ပေါ်မူတည်ပြီး ၁။ အပြင်လိပ်​​ခေါင်းဆိုတာ စအိုအပြင်ဝ သွေး​ကြော​လေး​တွေ ​ဖောင်းဖုဖြစ်လာတာဖြစ်တယ်။ ဒီ​လို လိပ်​ခေါင်း​ကပိုအဖြစ်များပါတယ်။ ၂။ အတွင်းလိပ်​ခေါင်းဆိုတာက စအိုအတွင်းပိုင်းထဲက ​သွေး​ကြော​တွေ ဖြစ်လာတာပါ။ အဲထဲမှာမှ အတွင်းလိပ်​ခေါင်း​ရောဂါကို ဆိုးရွားမှုအ​ပေါ်မူတည်ပြီး အဆင့် ၄ ဆင့်ရှိပါတယ်။ အဆင့် ၁။ ​သွေးထွက်ရုံပဲ ထွက်တဲ့ လိပ်​ခေါင်း အဆင့် ၂။ လိပ်​​​ခေါင်း ​သွေး​ကြောဖု​လေးက အိမ်သာတက်အီးညှစ်တဲ့ အချိန်ပဲ ထွက်လာပြီး ပြီးရင်အလိုလိုပြန်ဝင်ပါတယ်။

လူများ ရှက်​ကြောက်​ ​နေကြတဲ့ ​လိပ်​ခေါင်း​ရောဂါ ဆိုတာ Read More »

အယ်လ်နီညို၊ အပူလှိုင်း၊ ​နွေရာသီနှင့် အပူရှပ်ခြင်း အန္တရာယ်

အခုရက်ပိုင်း​ အာဆီယံနိုင်ငံ​တွေမှာ အပူလှိုင်းဖြတ်သန်း​နေချိန် ဖြစ်ပြီး ​နွေရာသီထဲကို ​ရောက်ရှိ​နေချိန် ဖြစ်တာ​ကြောင့် အပူရှပ် ခြင်းအန္တရာယ် မှ ကင်း​ဝေ​စေရန် အသိ​ပေးနှိုး​ဆော် ​ရေးသားလိုက်ပါတယ်။ပုံမှန်အားဖြင့် လူ​ခန္ဓာကိုယ် အပူချိန် ဟာ ၃၇ ဒီဂရီ စင်တီဂရိတ် ( 37°C ) သို့မဟုတ် ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ( 98.6°F ) ဖြစ်ပါတယ်။ ကျ​နော်တို့ ဦး​​ဏှောက်အတွင်းမှာရှိတဲ့ Hypothalmus လို့​ခေါ်တဲ့ အစိတ်အပိုင်းက အဲဒီကိုယ်ခန္ဓာအပူချိန်ကို တသမတ်တည်းဖြစ်​အောင် ထိန်းသိမ်း​ပေးပါတယ်။ ရာသီဥတုက အရမ်းပူးပြင်းပြီး ကိုယ်ခန္ဓာထဲကို အပူ​တွေ ကူးစက်လာလျှင် Hypothalmus က အတိုင်းအတာ တခုအထိ ထိန်းသိမ်း​ပေး​ပေမယ့် မထိန်းနိုင်​တော့တဲ့အခါ ကိုယ်ခန္ဓာ အပူချိန် များလွန်းပြီး အပူရှပ်ခြင်း လက္ခဏာ​တွေ ခံစားလာရပါ​တော့တယ်။

အယ်လ်နီညို၊ အပူလှိုင်း၊ ​နွေရာသီနှင့် အပူရှပ်ခြင်း အန္တရာယ် Read More »

Scroll to Top