စစ်ဖြစ်ပွားရာဒေသများတွင် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်မှာ ခက်ခဲသည့်အပြင် နေရာအကျယ်အ ဝန်း၊ အလင်းရောင်၊ ဆေးဝါးပစ္စည်း၊ လုံခြုံမှုနှင့် အလင်းရောင်တို့ကို လုံလောက်စွာရရှိရန်မှာ လွန်စွာခက်ခဲ နိုင်ပါသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် မိမိတို့အနီးအနားတွင်ရှိသော ပစ္စည်းကိရိယာများကို အသုံးပြု ၍ ရရှိထားသောဒဏ်ရာများကို ပိုမိုဆိုးရွားမသွားအောင် အရေးပေါ်ပြုစုပေးခြင်းဖြင့် ဒဏ်ရာရလူနာများကို ဆေးဘက်ဝန်ထမ်းများထံရောက်ရှိသည်အထိ အသက်ရှင်နေစေရန်စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့သို့ လုပ်ဆောင်ပေးခြင်းဖြင့် မလိုလားအပ်သောအသက်သေဆုံးခြင်းများကို လျော့ချနိုင်စေမည်ဖြစ်ပါသည်။ ထို့ပြင် အကြပ်အတည်းကြုံစဉ်ကာလအတွင်းဆေးပစ္စည်မလုံလောက်ပါက မည်သို့အစားထိုးဆောင်ရွက်သင့် သည်ကိုလည်း သိရှိနားလည်စေရန်ဖြစ်ပါသည်။