တိုင်းရင်းသားနယ်မြေဒေသများအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းလမ်းညွှန် (၂၀၂၅) သည် ဒေသတွင်းရရှိနိုင်သော အရင်းအမြစ်များနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများပေါ် အခြေခံ၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို လက်တွေ့ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြုစုထားသော လက်စွဲစာအုပ်ဖြစ်ပါသည်။ ဤလမ်းညွှန်တွင် ကျောင်းကျန်းမာရေးမူဝါဒ၊ ဘေးကင်းသော ရေ၊ မိလ္လာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး (WASH)၊ ကျွမ်းကျင်မှုအခြေပြု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းအခြေပြု ကျန်းမာရေးနှင့် အာဟာရဝန်ဆောင်မှုများ စသည့်အချက်များ ပါဝင်သည်။ ထို့အပြင် ကျောင်းသားများ၏ ဖွံ့ဖြိုးမှု၊ အမြင်/အကြားအာရုံနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးဆန်းစစ်ခြင်း၊ သန်ချဆေးနှင့် ဗီတာမင်ကျွေးမွေးခြင်း၊ ကူးစက်ရောဂါများနှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်ခြင်း၊ မီး၊ ရေ၊ မိုင်းနှင့် ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေး ကြိုတင်ပြင်ဆင်ချက်များနှင့် အရေးပေါ် ရှေးဦးသူနာပြုစုခြင်း နည်းလမ်းများကို အသေးစိတ် လမ်းညွှန်ထားပါသည်။

Please download below

School Health handbook