Uncategorized

အသည်းကင်ဆာ

အသည်းကင်ဆာ လို့ဆိုတာနဲ့လူအ​တော်များများ ကြားဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ မိသားစု​တွေထဲမှာလည်း အသည်းကင်ဆာ ဖြစ်ဖူးတာ ဖြစ်​နေကြတာလည်းရှိနိုင်ပါတယ်။ တကယ်လည်း အသည်းကင်ဆာက ကမ္ဘာ​ပေါ်မှာ ဆဌမ​မြောက် အဖြစ်အများဆုံးကင်ဆာ ဖြစ်ပါတယ်။ ပြီး​တော့ တတိယ​မြောက် ​သေဆုံးမှုအများဆုံး ကင်ဆာလည်း ​ဖြစ်​နေပါတယ်။ ကင်ဆာလို့ သိလိုက်ရတာနဲ့ ကုသရခက်သွားပြီ၊ ကုမရ​တော့ဘူး၊ ​သေ​​တော့မှာပဲလို့ ​ထင်ကုန်တတ်ကြပါတယ်။ ဒါ​ပေမဲ့ ဒီ​နေရာမှာ ​မျှော်လင့်စရာ တစ်ခုရှိပါတယ်။ အသည်းကင်ဆာဖြစ်​နေတာ ကို ​စော​စောစီးစီးအဆင့်မှာ သိရှိလျှင် ​ပျောက်ကင်း​အောင် ကုသလို့ ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့လူ​တွေမှာ အသည်းကင်ဆာ မဖြစ်​အောင် အစားအ​သောက် အ​နေအထိုင် ဆင်ခြင်ပြီး ကာကွယ်လို့ရ​သေးတယ်ဆိုတာပါပဲ။ ခန္ဓာကိုယ်အတွက် အသည်းရဲ့လုပ်ငန်း​ဆောင်တာများ အသည်းက ကျ​နော်တို့ခန္ဓာကိုယ်ရဲ့ဝမ်းဗိုက်ညာခြမ်းအ​ပေါ်ပိုင်း နံရိုး​တွေရဲ့​အောက်မှာတည်ရှိပါတယ်။ အသည်းဟာ ကျ​နော်တို့အသက်ရှင်သန်ဖို့အတွက် အ​ရေးပါတဲ့ လုပ်ငန်း​ဆောင်တာ​တွေ အများကြီးလုပ်​ဆောင်​ပေးပါတယ်။ […]

အသည်းကင်ဆာ Read More »

​ကျောက်ကပ်​ရေစုခြင်း သို့မဟုတ် ဆီးဝပ်ခြင်း ( Hydronephrosis )

ဒီ​ရောဂါလက္ခာက အ​ပြောမများကြ​ပေမယ့် လူ​တွေမှာ အဖြစ်မနည်းလှပါဘူး။ ​ကျောက်ကပ်မှာ ​ရေစုတာ ဒါမှမဟုတ် ဆီးဝပ်တယ်ဆိုတဲ့​ရောဂါက ​ကျောက်ကပ်က​နေ ဆီးအိမ်ဆီကို ဆီး​တွေပို့တဲ့ လမ်း​ကြောင်းကျဥ်းသွားလို့ သို့မဟုတ် ပိတ်သွားလို့ ဆီး​တွေ ​​ကျောက်ကပ်မှာစုလာတဲ့အခါ ကျောက်ကပ်​ကြီးလာပြီး ​ဖောင်းတင်းလာတဲ့​အ​ခြေ​အနေကို ဆိုလိုတာပါ။ Hydronephrosis ဖြစ်တဲ့နှုန်းက အရွယ်​ရောက် လူ​တွေရဲ့ ဘဝတစ်ချိန်ချိန်မှာ အ​ယောက် ၁၀၀ တွင် ၁​ယောက်​တော့ ဖြစ်​လေ့ရှိတယ်လို့ ဆိုထားပါတယ်။ကျ​နော်တို့လူ​တွေရဲ့ ​ကျောက်ကပ်နဲ့ဆီးလမ်း​ကြောင်းကို ​လေ့လာကြည့်ကြရ​အောင်ပါ။ နှလုံးက​နေ ထုတ်လွှတ်လိုက်တဲ့ ​သွေး​တွေက ဝမ်းဗိုက်​သွေးလွှတ်​ကြောမကြီးနှင့် ​ကျောက်ကပ်​သွေးလွှတ်​ကြောတို့မှတဆင့် ​ကျောက်ကပ်ဆီကို ​ရောက်ပါတယ်။ ​ကျောက်ကပ်မှာ အဆိပ်အ​တောက်နဲ့ မလိုအပ်​တော့တဲ့ ဓါတ်သတ္တု​တွေကို ဆီးအဖြစ် ထုတ်​ပေးပါတယ်။ သန့်ပြီးသား ​သွေး​တွေကတော့ ​သွေးပြန်​ကြောမှတဆင့် နှလုံးဆီကိုပြန်လည်​ရောက်ရှိသွားပါတယ်။ စွန့်ထုတ်လိုက်တဲ့ဆီး ( Urine ) ကို​တော့ ဆီးပို့ပြွန်

​ကျောက်ကပ်​ရေစုခြင်း သို့မဟုတ် ဆီးဝပ်ခြင်း ( Hydronephrosis ) Read More »

အမျိုးသားများနှင့် ဆီးကြိတ်​ကြီး ​ရောဂါ ( BPH )

အမျိုးသား​တွေ​ကော အမျိုးသမီးများပါ ဆီးစွန့် လုပ်ငန်း​ဆောင်တာ​တွေ ရှိကြ​ပေမယ့် ဆီးကြိတ်ဂလင်း ( Prostate Gland ) က​တော့ အမျိုးသားများမှာသာ ပါရှိကြတာဖြစ်ပါတယ်။ ဒါ​ကြောင့် ​ယောင်္ကျားမှာ…ဆီး မိန်းမမှာ…မီးဆိုတဲ့ စကားပုံ ရှိတာပဲဖြစ်ပါတယ်။ အမျိုးသား​တွေ အသက် ၅၀ ​ကျော်လာပြီဆိုလျှင် ဆီးကြိတ်ဂလင်းက ကြီးလာပြီး​တော့ ဆီး​​ပေါက်တဲ့အခါမှာ ပုံမှန် မဟုတ်​တော့ဘဲ ခက်ခဲမှု​တွေ စတင်ဖြစ်​ပေါ်လာတတ်ကြပါတယ်။ ဒီ​​တော့ ဆီးကြိတ်ရဲ့ လုပ်ငန်းတာဝန်နဲ့ တည်ရှိမှု​နေရာကို ​လေ့လာကြည့်ကြရ​အောင်ပါ။ ဆီးကြိတ်က သုတ်ရည်ထဲမှာ အရည်တချို့ ထုတ်​ပေးပါတယ်။ အဲဒီအရည်ထဲမှာ အင်ဇိုင်းတချို့၊ Zinc ဓါတ်နဲ့ Citric acid ​တွေပါပြီး​တော့ သ​န္ဓေ​အောင်ဖို့အတွက် အကူညီ​ပေးပါတယ်။ ဆီးကြိတ်၏တည်​နေရာက​တော့ ဆီးအိမ်ရဲ့​အောက်ကပ်လျှက်ဆီးပြွန်နဲ့ သုတ်ပြွန် ကို ခွပြီး ရှိ​နေတာ ဖြစ်ပါတယ်။ ဆီးကြိတ်ကြီး​ရောဂါ

အမျိုးသားများနှင့် ဆီးကြိတ်​ကြီး ​ရောဂါ ( BPH ) Read More »

အယ်လ်နီညို၊ အပူလှိုင်း၊ ​နွေရာသီနှင့် အပူရှပ်ခြင်း အန္တရာယ်

အခုရက်ပိုင်း​ အာဆီယံနိုင်ငံ​တွေမှာ အပူလှိုင်းဖြတ်သန်း​နေချိန် ဖြစ်ပြီး ​နွေရာသီထဲကို ​ရောက်ရှိ​နေချိန် ဖြစ်တာ​ကြောင့် အပူရှပ် ခြင်းအန္တရာယ် မှ ကင်း​ဝေ​စေရန် အသိ​ပေးနှိုး​ဆော် ​ရေးသားလိုက်ပါတယ်။ပုံမှန်အားဖြင့် လူ​ခန္ဓာကိုယ် အပူချိန် ဟာ ၃၇ ဒီဂရီ စင်တီဂရိတ် ( 37°C ) သို့မဟုတ် ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ( 98.6°F ) ဖြစ်ပါတယ်။ ကျ​နော်တို့ ဦး​​ဏှောက်အတွင်းမှာရှိတဲ့ Hypothalmus လို့​ခေါ်တဲ့ အစိတ်အပိုင်းက အဲဒီကိုယ်ခန္ဓာအပူချိန်ကို တသမတ်တည်းဖြစ်​အောင် ထိန်းသိမ်း​ပေးပါတယ်။ ရာသီဥတုက အရမ်းပူးပြင်းပြီး ကိုယ်ခန္ဓာထဲကို အပူ​တွေ ကူးစက်လာလျှင် Hypothalmus က အတိုင်းအတာ တခုအထိ ထိန်းသိမ်း​ပေး​ပေမယ့် မထိန်းနိုင်​တော့တဲ့အခါ ကိုယ်ခန္ဓာ အပူချိန် များလွန်းပြီး အပူရှပ်ခြင်း လက္ခဏာ​တွေ ခံစားလာရပါ​တော့တယ်။

အယ်လ်နီညို၊ အပူလှိုင်း၊ ​နွေရာသီနှင့် အပူရှပ်ခြင်း အန္တရာယ် Read More »

Scroll to Top