အမျိုးသားများနှင့် ဆီးကြိတ်​ကြီး ​ရောဂါ ( BPH )

အမျိုးသား​တွေ​ကော အမျိုးသမီးများပါ ဆီးစွန့် လုပ်ငန်း​ဆောင်တာ​တွေ ရှိကြ​ပေမယ့် ဆီးကြိတ်ဂလင်း ( Prostate Gland ) က​တော့ အမျိုးသားများမှာသာ ပါရှိကြတာဖြစ်ပါတယ်။ ဒါ​ကြောင့် ​ယောင်္ကျားမှာ…ဆီး မိန်းမမှာ…မီးဆိုတဲ့ စကားပုံ ရှိတာပဲဖြစ်ပါတယ်။ အမျိုးသား​တွေ အသက် ၅၀ ​ကျော်လာပြီဆိုလျှင် ဆီးကြိတ်ဂလင်းက ကြီးလာပြီး​တော့ ဆီး​​ပေါက်တဲ့အခါမှာ ပုံမှန် မဟုတ်​တော့ဘဲ ခက်ခဲမှု​တွေ စတင်ဖြစ်​ပေါ်လာတတ်ကြပါတယ်။ ဒီ​​တော့ ဆီးကြိတ်ရဲ့ လုပ်ငန်းတာဝန်နဲ့ တည်ရှိမှု​နေရာကို ​လေ့လာကြည့်ကြရ​အောင်ပါ။

ဆီးကြိတ်က သုတ်ရည်ထဲမှာ အရည်တချို့ ထုတ်​ပေးပါတယ်။ အဲဒီအရည်ထဲမှာ အင်ဇိုင်းတချို့၊ Zinc ဓါတ်နဲ့ Citric acid ​တွေပါပြီး​တော့ သ​န္ဓေ​အောင်ဖို့အတွက် အကူညီ​ပေးပါတယ်။ ဆီးကြိတ်၏တည်​နေရာက​တော့ ဆီးအိမ်ရဲ့​အောက်ကပ်လျှက်ဆီးပြွန်နဲ့ သုတ်ပြွန် ကို ခွပြီး ရှိ​နေတာ ဖြစ်ပါတယ်။

ဆီးကြိတ်ကြီး​ရောဂါ ( BPH )သည် အသက် ၅၀ ​ကျော် အမျိုးသား​တွေမှာ စတင်ဖြစ်လာ​လေ့ရှိပါတယ်။ ဖြစ်ရ​သော အ​ကြောင်းအရင်း ​သေချာမသိ​ပေမဲ့ အသက်ကြီးအမျိုးသား​တွေမှာ ​ဟော်မုန်း​ပြောင်းလဲမှု​တွေ​ကြောင့် ဆီးဂလင်းက ဆဲလ်​တွေပွားများလာပြီး ကြီးလာတယ် လို့ ယူဆထားကြပါတယ်။

ရောဂါလက္ခဏာများ

ဆီးကြိတ်ကြီးလာ​သောအခါ သူ့အတွင်းမှာရှိတဲ့ ဆီးပြွန်ကျဥ်းသွားသောကြောင့်

-ဆီးကုန်​အောင် မ​​ပေါက်နိုင်ခြင်း၊ ဆီးကျန်သလိုခံစားရခြင်း
-ညအိပ်ချိန် ခဏခဏ ဆီးထ​ပေါက်ရခြင်း
-ဆီး​​ပေါက်ပြီး​သော်လည်း ဆီး တစက်စက်ကျ​ခြင်း
-ဆီးလျှံခြင်း၊ ဆီးမထိန်းနိုင်ခြင်း
-ဆီးညှစ်​ပေါက်ရခြင်း
-ဆီးလုံး ​သေးသွားခြင်း
-ဆီး​​ပေါက်ချိန် ကြာလာခြင်း
-ဆီးလုံးဝ မ​ပေါက်နိုင်​တော့ခြင်း စတာ​တွေ ခံစားလာကြရပါတယ်။

​ရောဂါရှာ​ဖွေခြင်းနည်းလမ်းမျာ

အထက်မှာ​ဖော်ပြထားတဲ့ ဆီး​ရောဂါလက္ခဏာ​တွေ ခံစားလာရ​သော​ကြောင့် ​ဆေးရုံ​ဆေးခန်းသွား​သောအခါ ဆရာဝန်​တွေက စမ်းသပ်စစ်​ဆေးပြီး
အာထွာ​ဆောင်းရိုက်​လိုက်သောအခါ ဆီးကြိတ်ကြီး​နေ​ကြောင်း တွေ့ရပါမယ်။ အခြားနည်းလမ်း​တွေလည်း ရှိ​ပေမဲ့ အာထွာ​ဆောင်းရိုက်နည်းဟာ အရိုးရှင်းဆုံး၊ အကုန်အကျ အသက်သာဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

ကုသနည်းများ

ဆီးကြိတ်ကြီး​ရောဂါ ( BPH ) ကို သူ့ရဲ့ကြီး​နေ​သော အရွယ်အစား​ပေါ် မူတည်ကာ အဆင့် ( ၁ ) ၊ ( ၂ ) နှင့် ( ၃ ) ဆိုပြီး ခွဲခြားထားပါတယ်။ အဲဒီအဆင့်​ပေါ်မှာ မူတည်ပြီး ​ဆေးဝါးနဲ့ကုသရမလား၊ ခွဲစိပ်ကုသရမလား ဆိုပြီး ကွဲပြား သွားကြပါတယ်။

​ဆေးဝါးများ

Alpha -1 blockers

-Doxazosin ( Duracard )
-Prazosin
-Tamsulosin ဒီ​ဆေးဝါး​တွေက​တော့ ဆီးအိမ်အထွက်နှင့် ဆီးကြိတ်မှာရှိ​သောကြွက်သား​တွေကို ​တင်းအားပြေ​လျော့​စေပြီး ဆီးထွက်​ကောင်း​စေ​သော​ ဆေးဝါး​တွေ ဖြစ်ပါတယ်။

5-alpha reductase inhibitor

-Finasteride
-Dutasteride

Dihydrotesterone ( DHT ) က ဆီးကြိတ်ကြီးထွားမှုအတွက် လိုအပ်​သော ​ဟော်မုန်းဖြစ်ပြီး 5-alpha reductase ဆို​သော အင်ဇိုင်းအကူအညီ နဲ့ Testosterone က​နေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ​ကြောင့် အထက်ပါ​ဆေး ၂ မျိုးက 5-alpha reductase အင်ဇိုင်းကို တားမြစ်ပြီး DHT ​လျော့နည်းသွား​သောအခါ ဆီးကြိတ် ကြီးထွားမှု ​ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

ခွဲစိပ်ကုသနည်းများ

၁)- Transurethral resection of Prostate (TURP ) နည်းက​တော့ အသုံးအများဆုံးနည်းလမ်းဖြစ်ပါတယ်။ ဗိုက်ခွဲရန် မလို​သောနည်းလမ်းဖြစ်ပါတယ်။လိင်အင်္ဂါထိပ်ဝ ဆီးပြွန်​ပေါက်က​နေ ခွဲစိပ်ပစ္စည်း ထည့်ပြီး ဆီးကြိတ်ကို ခြစ်ထုတ် တာဖြစ်ပါတယ်။
၂)- Simple Prostatectomy နည်းက​တော့ ရိုးရိုးခွဲစိပ်နည်းဖြစ်ပါတယ်။ ဗိုက်ကို ခွဲပြီးမှ ဆီးကြိတ်ကို ခွဲထုတ်တာဖြစ်ပါတယ်။ဒီနည်းကဆေးရုံတက်ရက်ကြာပါတယ်။နည်းပညာနဲ့ ပစ္စည်းမရှိ​သော ဒေသ​တွေမှာ​တော့ ဒီနည်းလမ်းကို သုံး​နေဆဲပဲဖြစ်ပါတယ်။
၃)-Transurethral incision of Prostate ဆို​သောနည်းလမ်းလည်းရှိပါသေးတယ်။

အထက်ပါကုသနည်း​တွေက​တော့ ​ဆေးရုံတက်ကုသရန် လိုအပ်ပါတယ်။ ​ဆေးရုံတက်ရန်မလိုဘဲ ပြင်ပလူနာ အ​နေနဲ့ နည်းပညာမြင့်နိုင်ငံ​တွေမှာ​တော့ ကုသလို့ရ​သော ကုသနည်း​တွေလည်းကျန်ပါ​သေးတယ်။အဲဒီနည်းလမ်း​တွေ​က​တော့
၁)-Transurethral needle ablation ( TUNA )
၂)-Transurethral microwave therapy (TUMT )
၃)-Transurethral water vapor therapy ( Rezum )
၄)-Water-induced thermotherapy ( WIT )
၅)-High-intensity focused ultrasonography ( HIFU )
၆)-Urolift ဆို​သော ကုသနည်း​​တွေဖြစ်ပါတယ်။ဒီနည်း​တွေထဲက Rezum နှင့် Urolift နည်း​တွေက​တော့ ​ဆေးရုံတက်ပြီးကုသရ​သော TURP နည်းကဲ့သို့ ထိ​ရောက်မှု ​ရှိပါသတဲ့ဗျာ။ အားလုံး ဆီးကြိတ်နှင့်ပတ်သက်​ပြီး ဗဟုသုတရကြပါစေဟု ရည်ရွယ်လျှက်

Dr. Fleming

https://www.healthline.com/health/enlarged-prostate#complications

https://www.medicalnewstoday.com/articles/319859#what-does-it-do

Scroll to Top