​ကျောက်ကပ်​ရေစုခြင်း သို့မဟုတ် ဆီးဝပ်ခြင်း ( Hydronephrosis )

ဒီ​ရောဂါလက္ခာက အ​ပြောမများကြ​ပေမယ့် လူ​တွေမှာ အဖြစ်မနည်းလှပါဘူး။ ​ကျောက်ကပ်မှာ ​ရေစုတာ ဒါမှမဟုတ် ဆီးဝပ်တယ်ဆိုတဲ့​ရောဂါက ​ကျောက်ကပ်က​နေ ဆီးအိမ်ဆီကို ဆီး​တွေပို့တဲ့ လမ်း​ကြောင်းကျဥ်းသွားလို့ သို့မဟုတ် ပိတ်သွားလို့ ဆီး​တွေ ​​ကျောက်ကပ်မှာစုလာတဲ့အခါ ကျောက်ကပ်​ကြီးလာပြီး ​ဖောင်းတင်းလာတဲ့​အ​ခြေ​အနေကို ဆိုလိုတာပါ။ Hydronephrosis ဖြစ်တဲ့နှုန်းက အရွယ်​ရောက် လူ​တွေရဲ့ ဘဝတစ်ချိန်ချိန်မှာ အ​ယောက် ၁၀၀ တွင် ၁​ယောက်​တော့ ဖြစ်​လေ့ရှိတယ်လို့ ဆိုထားပါတယ်။
ကျ​နော်တို့လူ​တွေရဲ့ ​ကျောက်ကပ်နဲ့ဆီးလမ်း​ကြောင်းကို ​လေ့လာကြည့်ကြရ​အောင်ပါ။ နှလုံးက​နေ ထုတ်လွှတ်လိုက်တဲ့ ​သွေး​တွေက ဝမ်းဗိုက်​သွေးလွှတ်​ကြောမကြီးနှင့် ​ကျောက်ကပ်​သွေးလွှတ်​ကြောတို့မှတဆင့် ​ကျောက်ကပ်ဆီကို ​ရောက်ပါတယ်။ ​ကျောက်ကပ်မှာ အဆိပ်အ​တောက်နဲ့ မလိုအပ်​တော့တဲ့ ဓါတ်သတ္တု​တွေကို ဆီးအဖြစ် ထုတ်​ပေးပါတယ်။ သန့်ပြီးသား ​သွေး​တွေကတော့ ​သွေးပြန်​ကြောမှတဆင့် နှလုံးဆီကိုပြန်လည်​ရောက်ရှိသွားပါတယ်။ စွန့်ထုတ်လိုက်တဲ့ဆီး ( Urine ) ကို​တော့ ဆီးပို့ပြွန် ( Ureter ) မှတဆင့် ဆီးအိမ် ( Bladder ) ထဲကို ပို့​ပေးတာဖြစ်ပါတယ်။ ဆီးအိမ်ထဲက​နေ ဆီးထုတ်ပြွန် ( Urethra ) မှ အပြင်သို့ ဆီးအဖြစ် စွန့်ထုတ်တာ ဖြစ်ပါတယ်။ ဒီသ​ဘောတရားကို နားလည်ပြီဆိုရင် Hydronephrosis ကိုလည်း နားလည်သွားမယ်လို့ ထင်ပါတယ်။ ​ရှေ့ဆက်ပါမယ်။ ဆို​တော့ ​ကျောက်ကပ်က​နေ ဆီးထုတ်ပြွန်ကြား အထိ တစ်​နေရာရာမှာ ကျဥ်း​ ( သို့ ) ပိတ်​နေလျှင် ​ကျောက်ကပ်​ရေစုခြင်း၊ ဆီးဝပ်ခြင်း ( Hydronephrosis ) ဖြစ်လာမှာပါ။

အမျိုးသားဆီးလမ်းကြောင်းစနစ်
အမျိူးသမီးဆီးလမ်းကြောင်းစနစ်

ဖြစ်​စေသည့်အ​ကြောင်းအရင်းများ

-​ကျောက်ကပ် ( Renal ) တွင်​ကျောက်တည်ခြင်း
-ဆီးပို့ပြွန် ( Ureter ) တွင်​ကျောက်တည်ခြင်း
-ဆီးလမ်း​ကြောင်းကျဥ်းခြင်း ( ​မွေးရာပါ၊ ထိခိုက်မှု၊ ​ရောဂါပိုးဝင်ခြင်း၊ ခွဲစိပ်မှု စသည်တို့​ကြောင့် )
-အာရုံ​ကြောနှင့် ကြွက်သားဆိုင်ရာ​​ရောဂါတချို့
-Ureterocele နှင့် Vesico-ureteric reflex ကဲ့သို့​​သော ​မွေးရာပါ ဆီးပို့ပြွန် ချို့ယွင်းချက်များ
-ဆီးလမ်း​ကြောင်းတ​လျှောက်ရှိ အခြားကိုယ်တွင်းအင်္ဂါများတွင် အကြိတ်ဖြစ်ပြီး ဆီးလမ်း​ကြောင်းကို ပိတ်မိခြင်း
အမျိုးသားများတွင်
-ဆီးကြိတ်ကြီးခြင်း
-ဆီးကြိတ်ကင်ဆာဖြစ်ခြင်း
အမျိုးသမီးများတွင်
-ကိုယ်ဝန်​ဆောင်ခြင်း
-သားအိမ်​လျှောကျခြင်း
-ဆီးအိမ်​လျှောကျခြင်း စသည်တို့သည် ​ကျောက်ကပ်​ရေစုခြင်း၊ ဆီးဝပ်ခြင်း တို့ကို ဖြစ်​စေနိုင်ပါတယ်။

​ကျောက်ကပ်​ရေစုခြင်း အမျိုးအစားများ

​ကျောက်ကပ်​ရေစုခြင်းကို ဖြစ်တဲ့အချိန်ရယ်၊ တစ်ဘက်တည်းလား နှစ်ဘက်လားရယ်နဲ့ ဘယ်​လောက်အထိ ကျဥ်း/ပိတ်သလဲ ​ပေါ်မူတည်ပြီး
-ရုတ်တရက်ချက်ခြင်း သို့မဟုတ် ရက်လရှည်ကြာပြီးမှ ​ရေစုခြင်း
-​ကျောက်ကပ်တစ်ဘက်တည်း သို့မဟုတ် နှစ်ဘက်လုံး ​ရေစုခြင်း
-တချို့တဝက် ပိတ်ခြင်း သို့မဟုတ် အပြည့်ပိတ်ခြင်း စသည်ဖြင့် ခွဲခြားထားပါတယ်။

ရောဂါလက္ခဏာများ

​ရောဂါလက္ဏာ​တွေအ​နေနဲ့က​တော့ ​ကျောက်ကပ်​ရေစု​စေတဲ့အ​ကြောင်းအရင်း​ပေါ်မူတည်ပြီး ​ရှေ့​ပြေးလက္ခဏာ​​​ကော ​ရောဂါလက္ခဏာ​တွေ​ကော အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ​ကျောက်ကပ်​ရေစုတဲ့အဆင့်​ရောက်ပြီဆိုလျှင်​တော့
-​ကျော​အောင့် ခါး​အောင့်ခြင်း
-ပျို့အန်ခြင်း
-ဆီးထဲ​သွေးပါခြင်း
-ဆီးကုန်​အောင်မ​ပေါက်နိုင်ခြင်း
-ပုံမှန်ထက်ဆီးနည်းခြင်း ( သို့မဟုတ် ) များခြင်း စတာ​တွေ ခံစားရပါမယ်။
​ကျောက်ကပ်မှာစု​နေတဲ့ဆီးထဲ ​ရောဂါပိုးဝင်လျှင်​တော့
-ချမ်းတုန်ဖျားခြင်း
-ဆီး​အောင့်ခြင်း
-ဆီး​နောက်ခြင်း စတာ​တွေပါ ခံစားရပါလိမ့်မယ်။

​ကျောက်ကပ်​ရေစုခြင်းရဲ့​နောက်ဆက်တွဲဆိုးကျိုးများ

-​ကျောက်ကပ်ထဲပိုးဝင်၍​​​ရောင်ရမ်းခြင်း
-ဆီးဝပ်​နေတဲ့ ​ကျောက်ကပ်တစ်လုံးပျက်စီးခြင်း
-​ကျောက်ကပ် ( ၂ ) ဘက်လုံးဖြစ်​နေခဲ့ရင် ​ကျောက်ကပ်အလုပ် မလုပ်နိုင်​တော့ခြင်း ( Renal Failure ) ​တွေဖြစ်နိုင်ပါတယ်။ အဲဒါ​တွေက အဆိုးဆုံး​နောက်ဆက်တွဲဆိုးကျိုး​တွေပဲဖြစ်ပါတယ်။

ရောဂါရှာ​ဖွေခြင်းနည်းလမ်းများ

အာထွာ​ဆေားင်းရိုက်တဲ့အခါ ​ကျောက်ကပ်​ရေစု​နေတာကို ​သေချာ​ပေါက်​တွေ့ရမှာဖြစ်ပြီး အရင်းခံ​ရောဂါရှာဖို့ နဲ့ ဆက်လက်ကုသဖို့အတွက်က​တော့ CT နှင့် MRI ​တွေရိုက်ဖို့ လိုအပ်ပါတယ်။

ကုသမှုနည်းလမ်းများ

ဆီးလမ်း​ကြောင်းပွင့်​စေဖို့နဲ့ ​ကျောက်ကပ်မထိခိုက် မပျက်စီးရ​အောင် ကုသဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဘာအ​ကြောင်း​ကြောင့်​ဆိုတာသေချာ မသိရ​သေးဘဲ ရုတ်တရက် ​ကျောက်ကပ်မှာ​ရေစုတဲ့အခါ အ​ရေး​ပေါ်ကုသမှု ( Nephrostomy ) လုပ်​ပေးရပါတယ်။ ဒီနည်းက​တော့ ​ကျောက်ကပ် ပျက်စီးမသွားဖို့အတွက် ​​နောက်ကျောက​နေ အ​ပေါက်​ဖောက်ပြီး ​ကျောက်ကပ်မှာ ပိတ်ပြီးစု​နေတဲ့ဆီး​တွေကို ခန္ဓာကိုယ် အပြင်ကို ​လမ်းလွှဲ​ဖောက်ထုတ်​ပေးရခြင်းဖြစ်ပါတယ်။ ကျန်တာ​တွေက​တော့ ​​ကျောက်တည်လို့ ​ရေစုလျှင် ​ကျောက်​ခြေခြင်း ခွဲထုတ်ခြင်း၊ ဆီးလမ်း​ကြောင်းကျဥ်း​နေလျှင် Stent ထည့်​ပေးခြင်း၊ ဆီးကြိတ်ကြီး​နေလျှင် ဆီးကြိတ်ကို ခွဲစိပ်ကုသခြင်း စသည်ဖြင့် အရင်းခံ​ရောဂါကို ကုသ​ပေးလျှင် ​ကျောက်ကပ်​​ရေစုတာလည်း သက်သာ​ပျောက်ကင်းမှာဖြစ်ပါတယ်။

ကာကွယ်နည်းများ

ကျာက်ကပ်​ရေစု ​ရောဂါ ခံစား​နေရပြီဆိုလျှင် ​ကျောက်ကပ်ပျက်စီးဆုံရှုံးနိုင်မှုများလာပြီး ​ကျောက်ကပ်​ဆေးရနိုင်​ခြေနဲ့ ​ကျောက်ကပ်အစားထိုရနိုင်​ခြေ​တွေ ဖြစ်လာနိုင်တာ​ကြောင့် မိမိတို့မှာ ​ကျောက်ကပ်​ရေစုနိုင်​ခြေရှိတဲ့ အရင်းခံ​ရောဂါ​တွေရှိခဲ့လျှင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်​တွေနဲ့ ပုံမှန်ပြသ အကြံဥာဏ် ယူသင့်ပါ​ကြောင်း အသိ​ပေး​ရေးသားလိုက်ပါတယ်။

Dr.Fleming

https://my.clevelandclinic.org/health/diseases/15417-hydronephrosis

Scroll to Top