ပုံနှိပ်ခြင်း (Printing)

Excel မှာလုပ်ထားတဲ့ စာရင်းဇယားတွေကို Print ထုတ်တဲ့အခါ ကြိုက်တဲ့ Cell ကိုပဲ ရွေးပြီး Print ထုတ်လို့ရပါတယ်။ Print ထုတ်ချင်တဲ့ဇယားကွက်ကသေးနေလျှင် မလိုတဲ့အကွက်တွေအများ ကြီး စာရွက်အပြည့်ပါလာမလားဆိုပြီး စိတ်ပူစရာမလိုပါဘူး။

Print ထုတ်မယ်ဆိုလျှင် File > Print ကိုနှိပ်ပါ။ ထုတ်ချင်တဲ့ Printer အမျိုးအစားကိုရွေးခြယ်ပါ။


        ​​​​

ထုတ်ချင်တဲ့ အစုံအရေအတွက်သတ်မှတ်ပါ။

Print ခလုတ်ကိုနှိပ်ပါ

Print ထုတ်ရမည့်ဧရိယာသတ်မှတ်ခြင်း

Excel File တစ်ခုလုံးကို Workbook လို့ခေါ်ပါတယ်။ File ထဲက Sheet တစ်ခုချင်းစီကို Worksheet လို့ခေါ်ပါတယ်။ Print ထုတ်တဲ့အခါမှာ Workbook တစ်ခုလုံးကိုထုတ်မှာလား၊ Worksheet ကိုပဲထုတ်မှာလား ရွေးလို့ပါတယ်။

အလုပ်လုပ်လက်စ Sheet (Active Sheet) ကို Print ထုတ်ခြင်း

လက်ရှိရောက်နေတဲ့ Sheet ကို Active Sheet လို့ခေါ်ပါတယ်။ File > Print ကိုနှိပ်ပြီး Print Pane ကျလာလျှင် Print Range Dropdown ကနေ ရွေးနိုင်တာကတော့ Print Active Sheet - ရောက်လက်စ Sheet ကို Print ထုတ်ခြင်း၊ Print Entire Workbook - Excel တစ်ဖိုင်လုံးကို Print ထုတ်ခြင်း၊ Print Selection - Select လုပ်ထားသည့် Cell များကိုသာ Print ထုတ်ခြင်း

Print Selection နှင့် Print ထုတ်လျှင် Select လုပ်ထားတဲ့ Cell တစ်ကွက်ရှိရှိ၊ နှစ်ကွက်ရှိရှိ Select လုပ်ထားသလောက်ပဲ Print ထုတ်ပေးမှာဖြစ်ပါတယ်။


စာမျက်နှာအနေအထားပြောင်းခြင်း

Excel ဟာစာရင်းဇယားအဓိကဖြစ်တာကြောင့် စာမျက်နှာအရွယ်အစားသတ်မှတ်တာ၊ စာမျက်နှာအနေအထားသတ်မှတ်တာတွေ အရေးတကြီးလုပ်ဖို့မလိုပေမယ့် Print ထုတ်တော့ မယ်ဆိုလျှင် စာမျက်နှာကိစ္စကို စနစ်တကျသတ်မှတ်ပေးဖို့လိုပါတယ်။ Print ထုတ်ချင်တဲ့ စာမျက်နှာနှင့် ဇယားကွက်မကိုက်ဘူးဆိုလျှင် Column တစ်ခုပဲကွက်ကျန်ခဲ့တာ၊ Column တစ်ခု က နောက်စာမျက်နှာရောက်သွားတာ စတာတွေကြုံရတတ်ပါတယ်။


Print ထုတ်ခါနီးစာမျက်နှာရွေးခြင်း

File > Print ကိုနှိပ်ပါ။ Print Pane ပေါ်လာတဲ့အခါ Page Orientation မှာ Portrait (သို့) Landscape ကိုရွေးနိုင်ပါတယ်။

   

Fit All Columns on One Page

စာမျက်နှာဘောင်အပြင်ကျော်နေတဲ့ Column တွေကို စာမျက်နှာထဲပြန်ထည့်ပေးမှ Print ထုတ်တဲ့အခါ နောက်တစ်မျက်နှာမကူးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Print ထုတ်တဲ့အခါ Fit All Columns on One page ကိုရွေးပေးဖို့လိုပါတယ်။