Worksheet အသစ်တစ်ခုရယူခြင်း (New Worksheet)

Excel File တစ်ခုမှာ Worksheet တစ်ခုအနည်းဆုံးပါဝင်ပါတယ်။ စာရင်းဇယားအများကြီးနှင့် အလုပ်လုပ်ရတဲ့အခါ File တစ်ခုတည်းမှာပဲ Worksheet တွေခွဲထားခြင်းအားဖြင့် စနစ်တကျ သိမ်းထားနိုင်ပြီး ပြန်ရှာရတာလည်း လွယ်မှာဖြစ်ပါတယ်။ 

Excel Application Window ရဲ့အောက်ခြေမှာ New Sheet ခလုတ်ကိုနှိပ်ပြီး Worksheet အသစ်တစ်ခုယူနိုင်ပါတယ်။ 

Worksheet အမည်ပြောင်းခြင်း (Rename Worksheet)

အသစ်ရလာတဲ့ Worksheet ကို Right Click > Rename ကိုရွေးပါ။ ပေးချင်တဲ့နာမည်ကို ရိုက်ထည့်ပါ။

Worksheet နေရာရွှေ့ခြင်း

Worksheet နာမည်ကို mouse click နှိပ်ပြီးဘယ်ညာရွှေ့ခြင်းအားဖြင့် Worksheet တွေကို အစီအစဉ်တကျနေရာချထားနိုင်ပါတယ်။

Worksheet ဖျက်ခြင်း

ဖျက်ချင်တဲ့ Worksheet ကို Right Click > Delete နှိပ်ပြီး ဖျက်နိုင်ပါတယ်။