စာလုံးအရွယ်အစားပြောင်းလဲခြင်း (Changing font size)

စာလုံး အရွယ်အစားပြောင်းချင်တဲ့ Cell ကို Select လုပ်ပါ။ Home > Font ဘေးက Size Dropdown ကိုနှိပ်ပါ။ လိုချင်တဲ့ font size ရအောင်ပြောင်းကြည့်ပါ။

Increase font size နဲ့ Decrease font size ခလုတ်တွေကလည်း font တွေကို တစ်ပွိုင့်ချင်းစီကြီးပေး၊ သေးပေးပါတယ်။ လိုချင်တဲ့ font size ကို keyboard ကနေ ရိုက်ထည့်လို့လည်းရပါတယ်။

Font ပြောင်းလဲခြင်း

Excel မှာ ပုံသေအနေနဲ့ Calibri font နဲ့ပြပေးပါတယ်။ font ပြောင်းချင်လျှင် ပြောင်းချင်တဲ့ Cell ကို Select လုပ်ပြီး Home > Font ဘေးက Dropdown ကိုနှိပ်ပြီး နှစ်သက်ရာ font ကိုရွေးခြယ်နိုင်ပါတယ်။



Font အရောင်ပြောင်းလဲခြင်း

အရောင်ပြောင်းချင်တဲ့ Cell ကို Select လုပ်ပါ။ Home > Font Color Dropdown ကိုနှိပ်ပါ။

Bold, Italic နှင့် Underline

Word မှာတုန်းကလိုပဲ Excel မှာလည်း စာလုံးတွေကို ထူချင်လျှင် Bold ၊ စောင်းချင်လျှင် Italic ၊ မျဉ်းတားချင်လျှင် Underline ကိုရွေးနိုင်ပါတယ်။ ကျွမ်းကျင်သွားတဲ့အခါမှာ Bold အတွက် Ctrl + B ၊ Italic အတွက် Ctrl + I ၊ Underline အတွက် Ctrl + U ကိုနှိပ်နိုင်ပါတယ်။

Cell ကိုအရောင်ဖြည့်ခြင်း (Fill Color)

အရောင်ဖြည့်ချင်တဲ့ Cell ကို Select လုပ်ပါ။ Home > Fill Color Dropdown ကိုနှိပ်ပါ။

Cell ဘောင်ကွပ်ခြင်း (Cell Border)

ဘောင်ကွပ်ချင်တဲ့ Cell ကို Select လုပ်ပါ။ Home > Border အကွက်ကို နှိပ်ပါ။ ဘောင်ကွပ်ချင်တဲ့ပုံစံကိုရွေးခြယ်ပါ။ လေးဘက်လေးတန် ဘောင်ကွပ်ချင်ရင် All Border ကိုရွေးပါ။

စာသားနေရာချိန်ခြင်း (Text Alignment)

ပုံသေအားဖြင့် Excel မှာ Cell ထဲက စာသားတွေဟာ Cell ရဲ့ ဘယ်ဘက်အောက်ခြေနဲ့ ကပ်နေမှာဖြစ်ပါတယ် (Bottom Left)။ ဆိုလိုတာက Cell ရဲ့အလျားအနံဘယ်လောက်ကျယ် ကျယ် စာသားကတော့ Cell ရဲ့ ဘယ်ဘက်နှင့်အောက်ခြေမှာပဲ ရှိနေမှာဖြစ်ပါတယ်။ ကိန်းဂဏန်း တွေချည်းပဲပါဝင်တဲ့ Cell တွေမှာတော့ ဂဏန်းတွေဟာ Cell ရဲ့ ညာဘက်အောက်ခြေနှင့်ကပ်ပြီး ပြပေးနေမှာဖြစ်ပါတယ်။

စာသားကို ဘယ်၊ ညာ၊ အလယ် ချိန်ညှိဖို့ (Horizontal Alignment) Cell ကို Select လုပ်ပြီး Home ထဲက Alignment ခလုတ်တွေကို နှိပ်ကြည့်ပြီးစမ်းသပ်ကြည့်ပါ။

စာသားကိုအထက်၊ အောက်၊ အလယ် ချိန်ညှိဖို့ (Vertical Alignment) Cell ကို Select လုပ်ပြီး Home ထဲက Vertical Alignment ခလုတ်တွေကိုစမ်းကြည့်ပါ။



Format Painter

Cell တစ်ခုမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ထားတဲ့ပုံစံအတိုင်း တခြား Cell တွေမှာလည်း လိုက်ပြောင်းချင်လျှင် တစ်ဆင့်ချင်းလိုက်လုပ်နေဖို့မလိုပါဘူး။ အရံသင့်ပြင်ထားပြီးသား Cell ကို Select လုပ်ပါ။ Home > Format Painter ကိုနှိပ်ပါ။ ပြင်ချင်တဲ့ Cell ပေါ်မှာ Mouse Click နှိပ်ပါ။ မူရင်းပုံစံအတိုင်း လိုက်ပြောင်းသွားတာတွေ့ပါလိမ့်မယ်။ လိုက်ပြင်စရာနေရာအများကြီး ဖြစ်နေတဲ့အခါမျိုးမှာ Format Painter ခလုတ်ကို Double Click နှိပ်ပါ။ ပြင်ချင်တဲ့နေရာမှာ တစ်ချက်ချင်းလိုက်နှိပ်ပါ။


ကိန်းဂဏန်းပုံစံများ (Number Formats)

Excel မှာကိန်းဂဏန်းတွေနှင့်အလုပ်လုပ်မယ်ဆိုလျှင် ဂဏန်းတွေကို စနစ်တကျပုံစံသတ်မှတ် ထားခြင်းအားဖြင့် ရိုက်ထည့်လိုက်တဲ့ ဂဏန်းတိုင်းဟာ တစ်ပုံစံတည်းပဲ စာရင်းဝင်နေမှာဖြစ်ပါ တယ်။ ဥပမာ ရက်စွဲတွေထည့်ဖို့ Column တစ်ခုကို ရက်/လ/ခုနှစ် ပုံစံနဲ့သတ်မှတ်ပေးထားမယ်ဆို လျှင် လ/ရက်/ခုနှစ် နှင့် စာရင်းထည့်မိလည်း အလိုအလျောက် ရက်/လ/နှစ်ကိုပြန်ပြောင်းပေးပါ တယ်။ ရက်,လ,နှစ် လို့ရိုက်မိရင်လည်း ရက်/လ/နှစ် လို့ပြန်ပြောင်းပေးမှာဖြစ်ပါတယ်။

ဂဏန်းပုံစံသတ်မှတ်ချင်တဲ့ Row/Column ကို Select လုပ်ပါ။ Home > Number Format Dropdown ကိုနှိပ်ပါ။ နှစ်သက်ရာပုံစံရွေးခြယ်ပါ။

Dropdown အောက်မှာရှိတဲ့ ခလုတ်တွေကိုနှိပ်ပြီးတော့လည်း မြန်မြန်ဆန်ဆန် သတ်မှတ်နိုင်ပါ တယ်။

ဥပမာ currency ပုံစံသတ်မှတ်လိုက်မယ်ဆိုလျှင် ဂဏန်းတွေဟာ ငွေကြေးတန်ဖိုးပုံစံပြောင်းသွား မှာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ပုံစံအတိုင်း Cell ထဲမှာ ပြပေးနေပေမယ့် တကယ့်မူလတန်ဖိုးကို Formula Bar မှာပြပေးနေပါတယ်။

ဒသမကိန်းတိုးခြင်း/လျှော့ခြင်း (Increase and Decrease Decimal)

Increase Decimal နှင့် Decrease Decimal ခလုတ်တွေဟာ ဒသမကိန်းအရေအတွက် တိုးဖို့လျှော့ဖို့သုံးနိုင်ပါတယ်။ 

ဒသမကိန်းတိုးလျှင် ဒသမသုညသုည ထပ်တိုးလာရုံပဲဖြစ်ပြီး ဒသမလျှော့လိုက်လျှင် အနီးစပ်ဆုံးဒသမကိန်းတန်ဖိုးကို ပြပေးပါတယ်။ ဥပမာ 19.95 ကို ဒသမကိန်းလျှော့လိုက်တဲ့အခါ 20.0 ဖြစ်သွားပါတယ်။