Column အလျားပြောင်းခြင်း (Modify Column Width)

Column ထဲမှာစာတွေအရှည်ကြီးရေးထားပေမယ့် Column ကကျဉ်းနေလျှင် အကုန်မမြင်ရတာ ကြောင့် Column ကိုကျယ်ပေးဖို့လိုပါတယ်။ Mouse ကို Column ခေါင်းစီးရဲ့ထောင့်လေးမှာတင် လိုက်လျှင် မြားခေါင်းနှစ်ဘက်ပုံစံပြောင်းသွားပါလိမ့်မယ်။ အဲဒီအခါမှာ Click နှိပ်ပြီး ဘယ်ညာဆွဲခြင်းဖြင့် Column အလျားကိုလိုသလိုပြောင်းလဲနိုင်ပါတယ်။

Column အလျားကို အလိုအလျောက်ပြောင်းခိုင်းခြင်း (Autofit Column Width)

Column ရဲ့ခေါင်းစီးမှာ ဘေးထောင့်ကလေးပေါ် mouse တင်လိုက်လျှင် မြားခေါင်းနှစ်ဘက်ပုံစံ ပေါ်လာပါလိမ့်မယ်။ အဲဒီအခါ Double Click နှိပ်လိုက်လျှင် Column ထဲက စာသားတွေရှည်လျှင် ရှည်သလောက် Column ရဲ့အလျားကို အလိုအလျောက်ချိန်ပေးပါလိမ့်မယ်။


Row အမြင့်ပြောင်းလဲခြင်း (Modify Row Height)

Row ရဲ့နံပါတ်စဉ်အကွက်က ဘောင်ပေါ်မှာ mouse ကိုတင်လိုက်လျှင် မြားခေါင်းနှစ်ဘက်ပုံစံ ပြောင်းသွားပါလိမ့်မယ်။ mouse ကိုအပေါ်အောက်ဆွဲပြီး Row အမြင့်ကိုလိုသလိုပြောင်းနိုင်ပါ တယ်။


Row, Column အားလုံးကို ချိန်ညှိခြင်း

Row တစ်ခုချင်း၊ Column တစ်ခုချင်းလိုက်ပြောင်းနေတာမဟုတ်တော့ဘဲ ဇယားကွက်အားလုံး ကို တစ်ခါတည်းချိန်နိုင်ပါတယ်။ Row နံပါတ်စဉ်နှင့် Column အက္ခရာစဉ် ဆုံတဲ့နေရာမှာ တြိဂံပုံလေးနဲ့အကွက်ကလေးရှိပါတယ်။ အဲဒီအကွက်ပေါ် mouse တင်လိုက်လျှင် အပေါင်း လက္ခဏာပုံစံပြောင်းသွားပါလိမ့်မယ်။ mouse click နှိပ်လိုက်လျှင် Select All ပြုလုပ်ပေးပါ လိမ့်မယ်။

ကြိုက်တဲ့ Row ရဲ့ ဘောင်မျဉ်းပေါ် mouse တင်လိုက်လျှင် မြားခေါင်းနှစ်ဘက်ပုံစံပြောင်းသွား ပါမယ်။ Click နှိပ်ပြီး အပေါ်အောက်ဆွဲခြင်းဖြင့် Row အမြင့်ကိုချိန်ပါ။ Click လွှတ်လိုက်တဲ့အခါ Row အားလုံးရဲ့အမြင့်တွေပြောင်းသွားပါလိမ့်မယ်။ Column လည်းဒီအတိုင်းပါပဲ။


Row အသစ်တိုးခြင်း (Inserting Row)

Row အသစ်တိုးချင်တဲ့နေရာရဲ့ အောက်ဘက်က Row ကို select လုပ်ဖို့လိုပါတယ်။ ဥပမာ Row 4 နှင့် Row 5 ကြားမှာအသစ်တိုးချင်တယ်ဆိုလျှင် Row 5 ကို select လုပ်ရပါမယ်။ Row တစ်ခုလုံးကို select လုပ်ချင်လျှင် Row ထိပ်က နံပါတ်စဉ်အကွက်ကိုနှိပ်ပါ။

Home > Insert ကိုနှိပ်ပါ


Column အသစ်တိုးခြင်း (Inserting Columns)

Column အသစ်တိုးချင်တဲ့နေရာရဲ့ညာဘက်က Column ကို Select လုပ်ပါ။ ဥပမာ Column D နှင့် Column E ကြားမှာအသစ်တိုးမယ်ဆိုလျှင် Column E ကို select လုပ်ပါ။ Column တစ်ခုလုံးကို select လုပ်ချင်လျှင် Column ထိပ်ကအက္ခရာစဉ်အကွက်ကို click နှိပ်နိုင်ပါတယ်။

Home > Insert ကိုနှိပ်ပါ။

Row နှင့် Column များဖျက်ခြင်း (Deleting Row/Column)

ဖျက်ချင်တဲ့ Row ရဲ့ထိပ်က နံပါတ်စဉ်အကွက်ကို mouse click လုပ်ပြီး Row တစ်ခုလုံးကို select လုပ်ပါ။ Home > Delete ကိုနှိပ်ပါ

Row တစ်ခုလုံးပျက်သွားပြီးအောက်က Row ဟာ ပျက်သွားတဲ့ Row ကိုအစားထိုးနေရာယူသွား ပါလိမ့်မယ်။

Row တစ်ခုလုံးကိုဖျက်တာမဟုတ်ဘဲ Row ထဲက စာသားတွေကိုပဲရွေးပြီး ရှင်းထုတ်ပစ်ချင်တဲ့ အခါမှာတော့ Clear Content လုပ်လို့ရပါတယ်။ Clear Contents လုပ်ချင်တဲ့ Row ကို select လုပ်ပါ။ Right Click > Clear Contents ကိုနှိပ်ပါ။


Row/Column များနေရာရွှေ့ခြင်း (Moving Row/Column)

နေရာရွှေ့ချင်တဲ့ Column ကို select လုပ်ပါ။ Home > Cut ကိုနှိပ်ပါ။ Keyboard ရဲ့ Cut ကိုလည်းနှိပ်နိုင်ပါတယ်။

ရွှေ့ချင်တဲ့နေရာရဲ့ ညာဘက်က Column ကို select လုပ်ပါ။ ဥပမာ Column E နှင့် Column F ကြားကိုရွှေ့ချင်လျှင် Column F ကို select လုပ်ပါ။

Home > Insert ကိုနှိပ်ပါ။ Insert Cut Cells ကိုနှိပ်ပါ

Row ကို နေရာရွှေ့ချင်တဲ့အခါမှာတော့ ရွှေ့ချင်တဲ့ Row ကို select မှတ်၊ Cut လုပ်ပြီး ပြန်ပေါ်ချင်တဲ့နေရာရဲ့အောက်က Row ကို Select လုပ်ပါ။ Home > Insert > Insert Cut Cells ကိုနှိပ်ပါ။


Row/Column ဖျောက်ခြင်း (Hiding Row/Column)

Row/Column တစ်ခုခုဟာနေရာတအားယူလွန်းတယ်။ ဖျက်ပစ်လို့လည်းမရဘူးဆိုလျှင် ဖျောက်ထားလို့ရပါတယ်။ ဥပမာ လိပ်စာလိုမျိုးအချက်အလက်တွေထည့်ထားတဲ့ Column ဟာ နေရာယူတာကြောင့် အရှေ့အနောက် Scroll လုပ်ပြီးသွားရတာ အချိန်ကုန်တတ်ပါတယ်။

ဖျောက်ချင်တဲ့ Column ကို select လုပ်ပါ။ Right Click > Hide ကိုနှိပ်ပါ။

Select လုပ်ထားတဲ့ Column တွေပျောက်သွားပါလိမ့်မယ်။ အစိမ်းရောင်မျဉ်းကြောင်းလေးဟာ ဖျောက်ထားတဲ့ Column တွေရှိနေတယ်ဆိုတဲ့သဘောပါ။

ဖျောက်ထားတဲ့ Column တွေပြန်ဖော်မယ်ဆိုလျှင် ဖျောက်ထားတဲ့နေရာရဲ့ ဘယ်ညာနှစ်ဘက်က Column တွေကို select လုပ်ပါ။ Right Click > Unhide ကိုနှိပ်ပါ

စာသားများဝင်ဆံ့အောင်ပြခြင်းနှင့် Cell များပေါင်းစပ်ခြင်း (Wrapping and Merging cells)

Cell ထဲမှာ စာသားတွေများနေပြီး စာတွေလည်းအကုန်ပြချင်တယ်၊ Column ရဲ့ Row ရဲ့အရွယ်အစားကိုလည်း မပြောင်းချင်ဘူး ဆိုတဲ့အခါမျိုးမှာ Wrap လုပ်မလား၊ Merge လုပ်မလား ရွေးခြယ်ရပါတယ်။

စာသားတွေကို တစ်ကွက်တည်းမှာ မဆန့်ဆန့်အောင် ပြချင်လျှင် Wrap လုပ်နိုင်ပြီး Cell တစ်ခုတည်းနှင့်မလောက်လို့ တခြားဘေးက Cell တွေနှင့်ပါပေါင်းစပ်ပြတာမျိုးကို merge လုပ်တယ်လို့ခေါ်ပါတယ်။

Wrap လုပ်ချင်တဲ့ Cell ကို Select လုပ်ပါ။ Home > Wrap Text ကိုနှိပ်ပါ။

Wrap လုပ်ထားတာပြန်ဖျောက်ချင်လျှင် Select လုပ်ပြီး Home > Wrap Text ကိုပဲ နောက်တစ်ကြိမ်ထပ်နှိပ်ပါ။

Merge လုပ်မယ်ဆိုလျှင် ပေါင်းချင်တဲ့ Cell တွေကို Select လုပ်ပါ။ Home > Merge & Center ကိုနှိပ်ပါ။