Cell အတွင်းစာရိုက်ခြင်း

စာရိုက်ချင်တဲ့ Cell ကို Select လုပ်ပါ။ Keyboard မှ စာရိုက်ထည့်ပါ။ ရိုက်ပြီးလျှင် Keyboard မှ Enter နှိပ်ပါ။


Cell အတွင်းမှစာသားကိုဖျက်ခြင်း (Deleting content)

စာသားဖျက်ပစ်ချင်တဲ့ Cell ကို Select လုပ်ပါ။ ဥပမာ Cell A10:H10 ကိုဖျက်ချင်တယ်ဆိုပါစို့။

Home > Clear > Clear Contents ကိုနှိပ်ပါ။

Cell ထဲမှာရှိတဲ့ စာသားတွေပျက်သွားပါလိမ့်မယ်။ Keyboard ရဲ့ Delete ကိုနှိပ်လျှင် select လုပ်ထားတဲ့ Cell အားလုံးမှာစာသားတွေပျက်သွားမှာဖြစ်ပြီး Backspace ကိုနှိပ်လျှင် Cell တစ်ခုချင်းစီက စာသားကိုပဲ ဖျက်ပေးမှာဖြစ်ပါတယ်။


Cell များဖျက်ခြင်း (Deleting Cells)

Cell အတွင်းစာသားများဖျက်ခြင်း (Clear Contents) နှင့် Cell ဖျက်ခြင်း (Delete Cells) မတူပါဘူး။ Clear Contents ဟာ Cell ထဲက စာသားတွေပဲပျက်သွားတာဖြစ်ပြီး Cell အခွံကျန်ခဲ့ ပါတယ်။ Delete Cells လုပ်တာကတော့ Cell ထဲက စာသားတွေအပြင် Cell အခွံပါ ပျက်သွားတာဖြစ်ပြီး သူ့နေရာကိုဘေးချင်းကပ်လျက် Cell တွေကဝင်ယူလိုက်ပါတယ်။

ဖျက်ချင်တဲ့ Cell တွေကို select လုပ်ပါ။ ဥပမာ Cell A10:H10 ကို select လုပ်ထားပါတယ်။

Home > Delete ကိုနှိပ်ပါ

Cell တွေပျက်သွားတဲ့အပြင် နေရာပါပျောက်ပြီး ဘေးက Cell တွေကနေရာဝင်ဖြည့်သွားတာကို တွေ့ရမှာပါ။


Cell စာသားများကို Copy ကူးယူခြင်း

ကူးချင်တဲ့ Cell ကို select လုပ်ပါ။ Home > Copy ကိုနှိပ်ပါ။ Keyboard ရဲ့ Ctrl + C ကိုလည်းနှိပ်နိုင်ပါတယ်။

ပြန်ပေါ်ချင်တဲ့ Cell ကွက်ကို select လုပ်ပါ။ တစ်ကွက်ချင်းလည်း select လုပ်လို့ရသလို အကွက်တွေအများကြီးထဲမှာ ပြန်ပေါ်အောင်လည်းလုပ်လို့ရပါတယ်။ ဥပမာ F12:F17 ကို select လုပ်ထားပါတယ်။ Copy အလုပ်ခံထားရတဲ့ Cell ရဲ့ဘေးမှာ မျဉ်းအစက်ကလေးနဲ့ပြပေးနေပါ လိမ့်မယ်။

Home > Paste ကိုနှိပ်ပါ။ Keyboard ရဲ့ Ctrl + V ကိုလည်းနှိပ်နိုင်ပါတယ်။


Cell စာသားများ နေရာရွှေ့ခြင်း

Copy ၊ Paste လုပ်တာဟာ Cell အတွင်းက စာသားတွေကို ပွားယူတာဖြစ်ပြီး Cut ၊ Paste လုပ်တာက Cell အတွင်းကစာသားတွေကို နေရာရွှေ့တာဖြစ်ပါတယ်။

နေရာရွှေ့ချင်တဲ့ Cell တွေကို select လုပ်ပါ။ Right Click > Cut ကိုနှိပ်ပါ။ Home > Cut ကိုနှိပ်လို့လည်းရပါတယ်။ Keyboard ရဲ့ Ctrl + X ကိုလည်းနှိပ်နိုင်ပါတယ်။

ပြန်ပေါ်ချင်တဲ့ Cell ကို select လုပ်ပါ။ Right Click > Paste ကိုနှိပ်ပါ။ Keyboard ရဲ့ Ctrl + V ကိုလည်းနှိပ်နိုင်ပါတယ်။