Header ဆိုတာ စာမျက်နှာအပေါ်ပိုင်း အနားသတ်ကွက်လပ်ထဲမှာရှိပြီး Footer က စာမျက်အောက် အနားသတ်ကွက်လပ်ထဲမှာရှိပါတယ်။ Header ၊ Footer နေရာတွေမှာ စာမျက်နှာ၊ ရက်စွဲ၊ စာရေးသူအမည်၊ စာရေးသူမှတ်ချက် စတာတွေထည့်သွင်းလေ့ရှိပါတယ်။ Header ၊ Footer မှာထည့်ထားတဲ့ စာသားတွေဟာ စာမျက်နှာအားလုံးမှာ ပြပေးနေမှာ ဖြစ်ပါတယ်။

Header (သို့) Footer ထည့်မယ်ဆိုလျှင်

စာမျက်နှာအပေါ်ပိုင်း (သို့) အောက်ပိုင်းက နေရာလွတ်မှာ Double Click နှိပ်ပါ။ စာသားရိုက်ထည့်ပါ။

ပြီးသွားလျှင် Design Tab ထဲက Close ကိုနှိပ်လို့ရသလို Keyboard က Esc နှိပ်ပြီးတော့လည်း ပြန်ထွက်လို့ရပါတယ်။

နောက်တစ်နည်းကတော့ Insert > Header ကိုနှိပ်ပါ။ ပေါ်လာတဲ့ Dropdown ထဲမှာ လိုချင်တဲ့ပုံစံကိုရွေးခြယ်ပါ။


Header ၊ Footer မှာထည့်ချင်တာဟာ စာသားမဟုတ်ဘဲ စာမျက်နှာနံပါတ်ဆိုလျှင် Insert > Page Number ကိုနှိပ်ပါ။ စာမျက်နှာနံပါတ်ပုံစံကိုရွေးခြယ်ပါ