ပုံထည့်ချင်တဲ့နေရာမှာ cursor/insertion point ကိုနေရာချပါ။ Insert > Pictures ကိုနှိပ်ပါ။


ပုံရှိရာနေရာသို့သွားပါ။ ထည့်ချင်သည့်ပုံကို select လုပ်ပြီး Insert ကိုနှိပ်ပါ။


ပုံအရွယ်အစား အချိုးကျကျ ချုံ့/ချဲ့ချင်လျှင် ပုံ၏ထောင့်တွင်ရှိတဲ့ အတုံးလေးကို နှိပ်ပြီး ဆွဲချပါ။


 ပုံကို အချိုးကျကျမဟုတ်ဘဲ ပြန့်ကားအောင်၊ သွယ်အောင်လုပ်ချင်လျှင် ပုံထောင့်က အတုံးမဟုတ်ဘဲ ဘေးကအတုံးလေးတွေကို နှိပ်ပြီးဆွဲကြည့်ပါ။


ပုံဖြတ်တောက်ခြင်း (Cropping Image)

Crop လုပ်တယ်ဆိုတာ ပုံရဲ့တစိတ်တပိုင်းကို လှီးထုတ်ပစ်တာပါ။ ပုံကအရမ်းကြီးပြီး ကိုယ်ပြချင် တဲ့နေရာကနည်းနည်းပဲပါလျှင် မလိုတဲ့အပိုင်းတွေကို Crop နှင့်ရှင်းထုတ်ပစ်နိုင်ပါတယ်။ Crop လုပ်ချင်တဲ့ပုံကို select လုပ်ပါ။ Format Tab ပေါ်လာပါမယ်။ Format > Crop ကိုနှိပ်ပါ။


Crop လုပ်တဲ့မျဉ်းကြောင်းလေးတွေပေါ်လာလျှင် Click နှိပ်ပြီး Crop လုပ်နိုင်ပါတယ်။ Crop လုပ်တဲ့မျည်းကြောင်းလေးတွေနှင့် ချုံ့/ချဲ့တဲ့ အတုံးလေးတွေ မတူတာကိုသတိပြုပါ။


ပြီးသွားလျှင် Crop ကိုပဲနောက်တစ်ခေါက်ထပ်နှိပ်ပြီး အတည်ပြုနိုင်ပါတယ်။