စာလုံးပေါင်းနှင့် သဒ္ဒါစစ်ခြင်း (Spelling and Grammar)

Word Application မှာ စာလုံးပေါင်းမှားတယ်ထင်လျှင် မျဉ်းအနီရောင်တားပြပြီး သဒ္ဒါမှားတယ် ထင်လျှင် မျဉ်းအပြာရောင်တားပြပါတယ်။ တခါတလေ Application က မှားတယ်ထင်လို့ မျဉ်းတားပြပေမယ့် မှန်တာမျိုးလည်းရှိတတ်ပါတယ်။


မျဉ်းအနီ (သို့) အပြာ တားပြတဲ့စာလုံးကို Right Click နှိပ်ပါ။ စာလုံးပေါင်းအမှန်ကို အပေါ်ဆုံးမှာ ပြပေးပါတယ်။ ပြပေးတဲ့အတိုင်းပြင်မယ်ဆိုလျှင် Click နှိပ်ပါ။