ပုံသဏ္ဌာန် (Shape) များထည့်သွင်းခြင်း

Insert > Shapes ကိုနှိပ်ပါ။ Dropdown ထဲက နှစ်သက်ရာ Shape ကိုရွေးပါ။


Shape ပုံထည့်ချင်တဲ့နေရာမှာ mouse click နှိပ်ပြီးဆွဲချပါ။



တစ်ခုနှင့်တစ်ခုထပ်ထားသည့်ပုံများကို အပေါ်အောက်ပြောင်းခြင်း (Changing Order)

ဓါတ်ပုံဖြစ်ဖြစ်၊ Shape ပုံဖြစ်ဖြစ် တစ်ခုနှင့်ထပ်ပြီးနေရာချတဲ့အခါ အပေါ်နှင့်အောက် နေရာအစဉ် တကျရွှေ့ချင်လျှင် Bring to Front ၊ Send to Back ကိုသုံးပါတယ်။ နမူနာပြထားတဲ့ပုံမှာ အသည်းပုံကို ဖဲကြိုးအောက်ကိုပို့ချင်တယ်ဆိုပါတော့။ အသည်းပုံကို Right Click နှိပ်ပါ။




ပေါ်လာတဲ့ Menu ထဲက Send to Back ကိုနှိပ်ပါ


အောက်ရောက်နေတဲ့ပုံကို ရှေ့ပို့ချင်တဲ့အခါမှာလည်း ဒီတိုင်းပါပဲ။ Right Click > Bring to Front ကိုနှိပ်ပါ။

Shape အရွယ်အစားပြောင်းခြင်း

Shape အရွယ်ပြောင်းတာဟာ Picture တုန်းကလိုပါပဲ။ Select လုပ်ပြီး ပုံရဲ့ဘေးထောင့်က အတုံးလေးတွေကို နှိပ်ပြီးဆွဲရတာပါပဲ။



ပုံကိုလှည့်ခြင်း (Rotation)

ပုံကို Select လုပ်လိုက်တဲ့အခါ ပေါ်လာတဲ့ စက်ဝိုင်းနှင့်မြားခေါင်းလေးကိုနှိပ်ပြီး လှည့်နိုင်ပါတယ်။



Shape Style ပြောင်းခြင်း

Shape ကို Select လုပ်ပါ။ Format > Shape Style ဘေးက Dropdown မြားကိုနှိပ်ပါ။


ကျလာတဲ့ Menu ထဲက တစ်ခုချင်းစီစမ်းနှိပ်ကြည့်ပါ။


Shape အရောင်ပြောင်းခြင်း

Shape ကို Select လုပ်ပါ။ Format > Shape Fill ကိုနှိပ်ပါ



ဇယားကွက်ထည့်သွင်းခြင်း (Adding Tables)

ဇယားကွက်ထည့်ချင်တဲ့နေရာမှာ cursor/insertion point ချပါ။ Insert > Table ကိုနှိပ်ပါ။ ဇယားကွက်အရေအတွက်အလိုက် နေရာရွှေ့ပြီး Click နှိပ်ပါ။



ဇယားကွက်ပေါ်လာတဲ့အခါ အကွက်တစ်ခုချင်းစီကို Click နှိပ်ပြီး စာရိုက်ထည့်နိုင်ပါတယ်။


Row နှင့် Column တိုးခြင်း

ဇယားကွက်ရဲ့ အလျားလိုက်အကွက်တွေကို Row လို့ခေါ်ပါတယ်။ ဒေါင်လိုက်အကွက်တွေ ကိုတော့ Column လို့ခေါ်ပါတယ်။ Row (သို့) Column ရဲ့ မျဉ်းကြောင်းပေါ်ကို Mouse တင်လိုက် မယ်ဆိုလျှင် အပေါင်းလက္ခဏာ (+) ပေါ်လာပါလိမ့်မယ်။ နှိပ်လိုက်လျှင် Row (သို့) Column တစ်ခုတိုးလာပါမယ်။



Row နှင့် Column ဖျက်ခြင်း

ဖျက်ချင်တဲ့ Row (သို့) Column ထဲမှာ cursor/insertion point ချပါ။ Right Click > Delete Cells ကိုနှိပ်ပါ။


Delete entire row (သို့) Delete entire Column ကိုနှိပ်ပါ။ OK နှိပ်ပါ။