Microsoft Word တွင်စာရိုက်ခြင်း

File အသစ် (Document) တစ်ခုယူလိုက်တာနှင့် စာမျက်နှာပေါ်မှာ မှိတ်တုပ်မှိတ်တုပ်ပေါ်နေတဲ့ မျဉ်းကြောင်းသေးသေးလေးကို တွေ့မှာပါ။ Insertion Point/Cursor လို့ခေါ်ပါတယ်။ သူရောက် နေတဲ့နေရာကနေပြီး စာစရိုက်လို့ရပါတယ်။


စာရိုက်ပြီးသွားတဲ့အခါ cursor/insertion point လေးကို နေရာရွှေ့ချင်လျှင် mouse နှင့် click နှိပ်ပြီးရွှေ့လို့ရပါတယ်။ keyboard က arrow key ← → တွေကိုနှိပ်လျှင် စာလုံးအလိုက် ဘယ်ညာရွှေ့ပေးမှာဖြစ်သလို ↑↓ ကိုနှိပ်လျှင် အထက်အောက်ရွှေ့ပေးမှာဖြစ်ပါတယ်။ Ctrl + ← နှင့် Ctrl + → တွဲနှိပ်လျှင် စကားလုံးအလိုက် ခုန်ပြီးနေရာရွေ့နေပါမယ်။

စာသားရွေးခြင်း (Select)

စာလုံးတွေကို တစ်ခုခုပြင်စရာရှိတဲ့အခါ အရင်ရွေးပေးဖို့ (Select) လိုပါတယ်။ ရွေးချင်တဲ့စာလုံးကို Mouse နှင့် Click နှိပ်ပြီးဖိဆွဲပါ။ လိုချင်တဲ့စာလုံးအတိုင်းရွေးလို့ရပြီဆိုလျှင် Click ဖိထားတာကိုလွှတ်ပါ။ လွှတ်လိုက်ပြီဆိုတာနှင့် Hover Toolbar လေးပေါ်လာပါမယ်။


စာကြောင်းတစ်ကြောင်းလုံးကို Select လုပ်ချင်လျှင် Mouse arrow ကို စာကြောင်းရဲ့အစကိုသွားပါ။ Mouse Arrow လေးဟာ ညာဘက်ကိုခေါင်းလှည့်သွားတာ တွေ့ပါ လိမ့်မယ်။ အဲဒီအခါမှာ Click နှိပ်ပါ။ စာကြောင်းတစ်ကြောင်းလုံး Select လုပ်ပေးပါလိမ့်မယ်။

အပေါ်အောက်စာကြောင်းတွေကို ဆက်တိုက် select လုပ်ချင်လျှင် mouse click ကိုဖိထားပြီး အပေါ်အောက်ဆွဲချပါ။


ရိုက်ထားသမျှစာတွေအားလုံးကို Select လုပ်ချင်လျှင် Home > Select > Select All ကိုနှိပ်ပါ။ Ctrl + A နှိပ်ပြီးတော့လည်း အားလုံး Select လုပ်နိုင်ပါတယ်။


စာဖျက်ခြင်း (Delete)

cursor/insertion point ရဲ့ ဘယ်ဘက်ကစာသားကိုဖျက်ချင်လျှင် Keyboard ရဲ့ Backspace ခလုတ်ကိုနှိပ်ပါ။

cursor/insertion point ရဲ့ ညာဘက်ကစာသားကိုဖျက်ချင်လျှင် Keyboard ရဲ့ Delete ခလုတ်ကိုနှိပ်ပါ။ ဖျက်ချင်တဲ့စာလုံးအလိုက် Select လုပ်ပြီး Delete နှိပ်ဖျက်လို့လည်းရပါတယ်။ ဖျက်ချင်တဲ့စာလုံးကို Select လုပ်ပြီး စာတစ်ခုခုထပ်ရိုက်လိုက်လျှင် Delete သပ်သပ်နှိပ်စရာ မလိုဘဲ ပျက်သွားပြီး ထပ်ရိုက်တဲ့စာပဲ ပြပေးမှာဖြစ်ပါတယ်။


ကူးယူခြင်းနှင့်နေရာချခြင်း (Copy and Paste)

ကူးချင်တဲ့စာသားကို Select လုပ်ပါ။ Home > Copy ကိုနှိပ်ပါ။ Keyboard ရဲ့ Ctrl + C ကိုနှိပ်ပြီးတော့လည်း ကူးနိုင်ပါတယ်။


ကူးထားတဲ့စာကို ပြန်ပေါ်ချင်တဲ့နေရာမှာ cursor/insertion point ကို ရွှေ့ထားပါ။ Home > Paste ကိုနှိပ်ပါ။ Keyboard ရဲ့ Ctrl + V ကိုနှိပ်လို့လည်းရပါတယ်။



စာသားကို ကူးယူတာမဟုတ်ဘဲ နေရာပြောင်းချင်တဲ့အခါမျိုးမှာ Cut and Paste ကိုသုံးလို့ရပါတယ်။ စာသားကို Select လုပ်ပါ။ Home > Cut ကိုနှိပ်ပါ။ Keyboard ရဲ့ Ctrl + X ကိုနှိပ်လို့လည်းရပါတယ်။


Cut လုပ်လိုက်တာနှင့် စာသားဟာပျောက်သွားမှာဖြစ်ပါတယ်။ နေရာပြောင်းပြီး ပြန်ပေါ်ချင်တဲ့ ဆီမှာ cursor/insertion point ကိုချပါ။ Home > Paste ကိုနှိပ်ပါ။ Keyboard ရဲ့ Ctrl + V ကိုနှိပ်လို့လည်းရပါတယ်



Undo နှင့် Redo

စာသားတချို့ကို မတော်တဆဖျက်မိတဲ့အခါ Quick Access Toolbar ပေါ်ရှိ Undo command ကိုရှာပြီး ရွေးချယ်ပါ။ ကီးဘုတ်ပေါ်ရှိ Ctrl+Z ကိုလည်း နှိပ်နိုင်ပါတယ်။



Redo ကတော့ Undo လုပ်တာလက်လွန်သွားတဲ့အခါ နောက်တစ်ကျော့ပြန်ပြင်ခိုင်းတာပါ။ ကီးဘုတ်ပေါ်က Ctrl + Y ကိုလည်းနှိပ်နိုင်ပါတယ်။



သင်္ကေတ (Symbol) များထည့်ခြင်း

ကီးဘုတ်ပေါ်မှာမရှိတဲ့ သင်္ကေတတွေဖြစ်တဲ့ © ၊ ™ စတာတွေရိုက်ထည့်ချင်လျှင် Symbol ကနေထည့်လို့ရပါတယ်။ သင်္ကေတထည့်ချင်တဲ့နေရာမှာ cursor/insertion point ကိုထားပါ။

Insert > Symbol ကိုရွေးချယ်ပါ၊ ထို့နောက် drop-down menu မှ လိုချင်သော သင်္ကေတကို ရွေးပါ။ လိုချင်တဲ့သင်္ကေတကို မတွေ့ပါက More Symbols ကိုရွေးချယ်ပါ။



စာလုံးအရွယ်အစား (Font Size) ပြောင်းခြင်း

ပြောင်းချင်တဲ့စာကို Select လုပ်ပါ။ Home တွင် Font Size drop-down မြှားကိုနှိပ်ပါ။ ဖောင့်အရွယ်အစားကို ရွေးပါ။ Grow Font နှင့် Shrink Font ခလုတ်တွေသုံးပြီးတော့လည်း Font size ပြောင်းနိုင်ပါတယ်။





ဖောင့်ပြောင်းရန် (Changing Font)

Document အသစ်တစ်ခုယူလိုက်တဲ့အခါ ဖောင့်ကို Calibri နှင့်ပုံသေထားထားမှာဖြစ်ပါတယ်။ font ပြောင်းချင်တဲ့အခါ ပြောင်းချင်တဲ့ စာသားကို ရွေးပါ။ Home > Font အကွက်ဘေးရှိ drop-down မြှားကို နှိပ်ပါ။ ဖောင့်စတိုင်များပေါ်လာပါမည်။ အသုံးပြုလိုသော ဖောင့်ပုံစံကို ရွေးပါ။



ဖောင့်အရောင်ပြောင်းရန် (Changing Font Colour)

အရောင်ပြောင်းချင်တဲ့ စာသားကို ရွေးပါ။ Home > Font Color drop-down မြှားကိုနှိပ်ပါ။



Bold၊ Italic နှင့် Underline

စာသားတချို့ကို ပိုထင်ရှားအောင်ပြချင်တဲ့အခါ Bold၊ Italic နှင့် Underline ကိုသုံးပါတယ်။ ပိုထင်ရှားချင်တဲ့ စာသားကို ရွေးပါ။ Home > Bold (B)၊ Italic (I) သို့မဟုတ် Underline (U) ကို နှိပ်ပါ။ 



စာလုံးအကြီးအသေးပြောင်းရန် (Changing Case)

စာလုံးအကြီးအသေး ပြောင်းဖို့လိုအပ်တဲ့အခါ၊ စာသားကို ဖျက်ပြီး ပြန်ရိုက်မည့်အစား Change Case ကို သုံးနိုင်ပါတယ်။ ပြင်လိုသော စာသားကို ရွေးပါ။ Home > Change Case ကိုနှိပ်ပါ။

drop-down menu တစ်ခုပေါ်လာလိမ့်မည်။ လိုချင်သော case option ကို ရွေးပါ။


စာသား Highlight လုပ်ခြင်း

Highlight လုပ်ချင်တဲ့စာသားကို ရွေးပါ။ Home > Text Highlight Color drop-down မြှားကို နှိပ်ပါ။ 


Highlight ကို ဖယ်ရှားရန် highlight လုပ်ထားတဲ့စာသားကို ရွေးပါ၊Text Highlight Color မြားကိုနှိပ်ပါ။ No Color ကိုရွေးချယ်ပါ။

စာအထားအသို ချိန်ညှိခြင်း (Alignment)

Word မှာ ပုံသေအနေနှင့် စာသားကို ဘယ်ဘက်ပြပေးပါတယ်။ အလယ်မှာထားချင်လျှင်၊ ညာဘက်ကပ်ချင်လျှင် Alignment ကိုသွားပြင်နိုင်ပါတယ်။ ပြင်မည့် စာသားကို ရွေးပါ။ Home > Alignment ပုံစံ လေးခုထဲက တစ်ခုချင်းစီနှိပ်ပြီးစမ်းကြည့်ပါ



စာကြောင်းခြားအကွာအဝေး (Line spacing)

စာ (၂) ကြောင်း၊ (၃) ကြောင်းရှိမှ Line spacing စမ်းကြည့်လို့ရပါမယ်။ Home > Line and Paragraph Spacing ကိုနှိပ်ပါ။ တစ်ခုချင်းစီရွေးပြီးစမ်းကြည့်ပါ။



Bullet List ပြုလုပ်ခြင်း

Home > Bullet ဘေးက Dropdown ကိုနှိပ်ပါ။


ပေါ်လာတဲ့ Bullet Style ထဲက တစ်ခုချင်းစီနှိပ်ပြီးစမ်းကြည့်ပါ


နံပါတ်စဉ်ထိုးခြင်း (Numbered List)

Home > Number list ဘေးက Dropdown ကိုနှိပ်ပါ။


ပေါ်လာတဲ့ Menu ထဲက နံပါတ်စဉ်တစ်ခုချင်းစီနှိပ်ပြီးစမ်းကြည့်ပါ