1.  ခလုတ်ကိုနှိပ်ပါ။

2. "Word" ဟုရိုက်ထည့်ပါ။

3. Microsoft Word ကိုနှိပ်ပါ။

Microsoft Word Application ပွင့်လာပါမည်။

File အသစ်ရယူရန်

Microsoft Word ကို ဖွင့်လိုက်ပြီဆိုတာနှင့် Start Screen ကိုမြင်ရပါမယ်။ New ထဲက Blank Document ကို ရွေးပါ

ရှိပြီးသား file ကိုဖွင့်ရန်

File > Open > This PC > Browse




File သိမ်းထားတဲ့နေရာကိုသွားပါ။ File ကိုတွေ့လျှင် Mouse Click နှင့် Select လုပ်ပြီး Open ကိုနှိပ်ပါ။


Save နှင့် Save As

လုပ်လက်စ file တွေကိုသိမ်းဆည်းဖို့ Save နှင့် Save As ကိုသုံးပါတယ်။

Save နှင့် File သိမ်းမယ်ဆိုလျှင် ပထမဆုံးတစ်ခေါက်မှာ File နာမည်နှင့် Location ကိုသတ်မှတ်ပေးဖို့လိုပါတယ်။ အဲဒီနောက် Save လုပ်တဲ့အခါတိုင်းမှာ သတ်မှတ်ထားတဲ့ file နာမည်နှင့် Location မှာပဲ ထပ်ထပ်ပြီး သိမ်းပေးသွားမှာ ဖြစ်ပါတယ်။

Save As နှင့်သိမ်းတိုင်းမှာ လုပ်လက်စ File ကလုပ်လက်စအတိုင်းကျန်ခဲ့မှာဖြစ်ပြီး နောက်ထပ် File အသစ်တစ်ခုအနေနှင့် သိမ်းဆည်းပေးမှာဖြစ်ပါတယ်။ Save As လုပ်တိုင်းမှာ Filename အသစ်ပေးတာ၊ Location ပြောင်းတာမျိုးလုပ်နိုင်ပါတယ်။

Microsoft Office Application တွေနှင့်အလုပ်လုပ်မယ်ဆိုလျှင် Save လုပ်တတ်တဲ့အကျင့်ကို မွေးမြူထားဖို့လိုပါတယ်။ မတော်တဆမီးပျက်သွားတာ၊ ကွန်ပြူတာပိတ်သွားတာ၊ ဒါမှမဟုတ် Microsoft Office Application ကိုယ်တိုင်က Error တစ်ခုခုကြောင့် အလုပ်မလုပ်တော့တဲ့ အခါမျိုးတွေမှာ File ကို Save မလုပ်ထားမိလျှင် လုပ်ထားသမျှအလုပ်အားလုံး ဆုံးရှုံးသွား တတ်ပါတယ်။

Save လုပ်တိုင်းမှာ ကိုယ်ပေးထားတဲ့နာမည် (filename) နှင့် နေရာ (Location) ကို မှတ်ထားဖို့ လိုပါတယ်။ File နည်းနေတုန်းဆိုပြဿနာမရှိပေမယ့် လုပ်ငန်းခွင်ထဲရောက်လို့ File ပေါင်းများစွာ နှင့် အလုပ်လုပ်ရတဲ့အခါ ကိုယ်ပေးခဲ့တဲ့နာမည် (filename) နှင့် နေရာ (Location) ကိုမမှတ်မိလျှင် ပြန်ရှာမတွေ့တော့တာမျိုး ဖြစ်တတ်ပါတယ်။

Save

File ကို Save လုပ်တော့မယ်ဆိုလျှင် Application ရဲ့ထိပ်ဆုံးက Save ခလုတ်ကိုနှိပ်ပါ။


ပထမဆုံးအကြိမ် Save လုပ်တယ်ဆိုလျှင် Save As အနေနှင့် အရင်ပေါ်လာမှာဖြစ်ပါတယ်။ Browse ကိုနှိပ်ပြီး နာမည် (filename) ပေးတာနှင့် သိမ်းချင်တဲ့နေရာမှာသိမ်းတာမျိုးလုပ်လို့ရ ပါတယ်။



ပထမဆုံး Save လုပ်တဲ့အခါမှာပဲ ဒီလိုရွေးဖို့လိုမှာဖြစ်ပြီး နောက်ပိုင်း Save လုပ်တိုင်းမှာ နာမည် (filename) နှင့် နေရာ (Location) ကိုမမေးတော့ဘဲ ဒီ File ပေါ်မှာပဲ ထပ်ကာထပ်ကာ သိမ်းသွားမှာဖြစ်ပါတယ်။

Save လုပ်တဲ့အလုပ်ကို Keyboard က Ctrl + S နှိပ်ပြီးတော့လည်း ခိုင်းနိုင်ပါတယ်။

Save As

လုပ်လက်စ File ကိုနောက်ထပ်ပုံစံတစ်မျိုးနဲ့ ပြောင်းလုပ်ချင်တယ်၊ မူရင်းပုံစံကိုလည်း မဖျက်ချင်ဘူး စတဲ့အခါမျိုးမှာ Save As လုပ်လို့ရပါတယ်။ File > Save As ကိုသွားပါ


နာမည် (filename) နှင့် နေရာ (Location) ကိုသတ်မှတ်ပြီး Save ခလုတ်ကိုနှိပ်ပါ။