မြန်မာနိုင်ငံအတွင်း ဆိုးရွားလာနေသည့် လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း – မြေပြင်ရှိ ဖြေရှင်းချက်များကို တင်ပြခြင်း

အောက်ပါ အွန်လိုင်းဆွေးနွေးပွဲကို ?အောက်တိုဘာ ၄ ရက်၊ တနင်္လာနေ့တွင် ပြုလုပ်ခဲ့ပါသည်။ 

မြန်မာနိုင်ငံအတွင်း ဆိုးရွားလာနေသည့် လူသားချင်းစာနာ‌ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း – မြေပြင်ရှိ ဖြေရှင်းချက်များကို တင်ပြခြင်း

ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစ၍ စစ်အုပ်စု၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ရှစ်လတာ ကာလအတွင်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများမှာ ပို၍ပင် ဆိုးရွားလာနေသည်။ စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထိန်းချုပ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖျက်ဆီးခြင်းများ ဆက်လက်လုပ်ဆောင်နေသည်။ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလှူရှင်များအနေဖြင့် အကူအညီ လိုအပ်နေသော ပြည်သူလူထုထံသို့ အကူအညီ အထောက်အပံ့များ ရောက်ရှိနိုင်ရေး လူထုအခြေပြု တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများမှတစ်ဆင့် ပြောင်းလဲပံ့ပိုးရန်နှင့် နယ်စပ်ဖြတ်ကျော်၍ ကူညီပံ့ပိုးမှုများ ပြောင်းလဲလုပ်ဆောင်ရန် လိုအပ်ပါသည်။ တိုင်းရင်းသားနယ်မြေဒေသများတွင် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများကို အကူအညီ ပေးနေကြသော အရပ်ဘက်လူထုအဖွဲ့အစည်း များသည် နိုင်ငံတကာအလှူရှင်များ၏ တင်းကြပ်လှသော လုပ်ထုံးလုပ်နည်းများကြောင့် ကူညီထောက်ပံ့ငွေများ လက်လှမ်းမီရရှိရန်မှာ အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။ 

အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို တင်ပြဆွေးနွေးသွားပါသည်။ 

ဆွေးနွေးပွဲကို live ဖြင့် Khit Thit Media, Progressive Voice နှင့် Sisters2sisters facebook များတွင် 

တင်ပြဆွေးနွေးသွားခဲ့ပါသည်။ ပါဝင်ဆွေးနွေးခဲ့သူများမှာ-

?ဒေါက်တာ စင်သီယာမောင်၊ မယ်တော်ဆေးခန်း

?ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့

?နော်ထူးထူး၊ ကရင်လူ့အခွင့်အရေးအဖွဲ့

?မော်ဖရေမြာ၊ ကရင်နီအမျိုးသမီးအစည်းအရုံး

?မိုင်ခင်ခင်၊ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ချင်းပြည်နယ်

Moderator – မသဥ္ဇာရွှန်းလဲ့ရည်၊ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ

အချက်အလက်အသေးစိတ်သိလိုပါက https://bit.ly/3F5AYIF

Scroll to Top