G-20 Summit Side Event

G-20 Summit Side Event (27th, Oct 2021)
“မြန်မာနိုင်ငံ ရင်ဆိုင်နေရသော COVID 19 ရောဂါ၊ စီးပွားရေးပြိုလဲမှု စသည့် ဘေးဒုက္ခများကို ကျော်လွှားနိုင်ရေးနှင့် နိုင်ငံတကာ၏ ထိရောက်သော တုံ့ပြန်ခြင်း”

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဘေးဒုက္ခများအပေါ် လက်တွေ့ကျကျတုံ့ပြန်ဆောင်ရွက်နိုင်ရန် ယခုအခမ်းအနားတွင် သုံးသပ်အဖြေရှာကြမည် ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု၏ အကျိုး ဆက်များဖြစ်သော ကျန်းမာရေးစနစ်ပြိုလဲမှု၊ စီးပွားရေးချွတ်ခြုံကျမှု၊ စစ်ဘေးရှောင်ဒုက္ခသည်များ တိုးပွားလာမှု နှင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်မှု မရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံအား နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ဖြစ်ပေါ် စေခဲ့ပါသည်။ COVID-19 နှင့် စီးပွားရေးချွတ်ခြုံကျမှုတို့သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအား ဂယက်ရိုက်ခတ်စေခဲ့သည့်အပြင် ASEAN အနေနှင့်လည်း စစ်အာဏာသိမ်းမှုကြောင့် အကြပ်အတည်း တွေ့ကြုံ နေရပါသည်။ ထိုအခြေအနေများအပေါ်တွင် နိုင်ငံတကာအနေဖြင့် ထိရောက်၍ လက်တွေ့ကျသော တုံ့ပြန်မှုအစီ အစဉ်များ ဆောင်ရွက်နိုင်ရန် အခမ်းအနားတက်ရောက် သူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြမည်ဖြစ်ပါသည်။

အခမ်းအနားစီစဉ်သူ          – အီတလီသမ္မတနိုင်ငံ၊ အထက်လွှတ်တော်နှင့် Senator Pier Ferdinando Casini

နေရာ                             – “Caduti di Nassirya” Room, Piazza Madama, Rome, Italy

နေ့စွဲ                              – ၂၀၂၁၊ အောက်တိုဘာလ (၂၇) ရက်

အချိန်                            – မြန်မာစံတော်ချိန် ၁၈:၃၀-၁၉:၃၀/ အီတလီစံတော်ချိန် ၁၄:၀၀-၁၅:၀၀

မေးခွန်းမေးမြန်းသူ            – Michael Marett-Crosby, CEO-Suu Foundation

ဒေါက်တာစင်သီယာမောင် ခင်ဗျာ…

ထိုင်းမြန်မာနယ်စပ်တလျှောက် ကပ်ရောဂါဖြစ်ပွားမှုကိုတုန့်ပြန်ရာတွင် ရှေ့ဆုံးမှ ရင်ဆိုင်နေသော မယ်တော်ဆေးခန်းမှ ဤ အခမ်းအနားကို လာရောက်ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ရှိပါတယ်။ တိုင်းရင်းသားဒေသရှိ လူထု၏ လိုအပ်ချက်တွေနဲ့ အရပ်ဖက်လူထုအဖွဲ့အစ္စည်းများ၏ အတွေ့အကြုံများအရ COVID-19 အန္တရာယ် ရင်ဆိုင်မှုများ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘယ်လိုအကူအညီတွေ လိုအပ်နေတယ်ဆိုတာကို ပြောပြနိုင်ပါသလား ခင်ဗျာ?

မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်၏ ဖြေ ကြားချက် ။

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။

မြန်မာပြည်သူလူထုအပေါ် အထူးသဖြင့် တိုင်းရင်းသားနှင့် လူနည်းစုတွေအပေါ် နက်နက်ရှိုင်းရှိုင်း အမြစ် တွယ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ပြုမူမှုများရို နေခြင်းကြောင့်လူသားချင်းစာနာ မှု အကြပ် အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ မတရားပြုကျင့်မှုများကို နှစ်ရှည်လများ အရေး မယူပဲ လစ်လျူရှူ ထားခဲ့ကြတဲ့ အတွက်ကြောင့် များစွာသော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ စားနပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေဟာ ကာလကြာရှည်စွာ ရှိနေရခြင်း ဖြစ်တယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းရန် ကြိုးပမ်းမှုဟာ အဲ့ဒီ့အကျပ်အတည်းတွေကို ပိုမိုဆိုးရွား များပြားလာစေပါတယ်။ ပြောရမယ်ဆိုရင် ဘယ်ခေတ်ကာလနဲ့မှမတူဘဲ အခုအချိန်မှာ မြန်မာနိုင်ငံဟာ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို သေရေးရှင်ရေးတမျှ ပိုမိုလိုအပ်လျက်ရှိပါတယ်။ မတရားမှု တွေ၊ လစ်လျူရှူမှုတွေကို ကျူးလွန်ခြင်းဖြင့် ဒီကပ်ဘေးအန္တရာယ်များအတွက် အဓိကတာဝန် ရှိတဲ့သူတွေဟာ မြန်မာပြည်သူတို့ရဲ့ လူမှုဘဝဖူလုံရေးကို ဦးစားပေးဆောင်ရွက်မှုမရှိကြောင်းကိုလည်း ထပ်ခါ တလဲလဲ ထုတ်ဖော် ပြသလျှက်ရှိပါတယ်။

ခုလိုအခြေအနေမှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အထောက်အပံ့တွေ ဟာ အထူးသဖြင့် နိုင်ငံရေးအရ အထိအခိုက် မခံနိုင်တဲ့ သတိထားစရာအခြေအနေမျိုးတွေမှာရှိနေပါတယ်။ ခွဲခြားဆက်ဆံမှုတွေ မယုံကြည်မှုတွေ တိုးပွားမလာအောင် အထူးဂရုပြုရမှာဖြစ်ပါတယ်။ ပြီးတော့ ဆယ်စုနှစ်များစွာ တိုင်းပြည်ကို များစွာထိခိုက် နစ်နာစေခဲ့တဲ့ စစ်အုပ်ချုပ်ရေးကို ထောက်ပံ့ပေးသလို မဖြစ်ဖို့လည်း လိုပါတယ်။ အကူအညီပေးတဲ့နည်းလမ်းတွေ၊ အကူအညီတွေဟာ နိုင်ငံရေးအမြတ်ထုတ်မှုများမရှိသင့်ပါဘူး။

အကူအညီပေးသူတွေဟာ ထိခိုက်ခံစားရတဲ့ ပြည်သူတို့ရဲ့ အသံကို နားထောင်ဖို့လိုပါတယ်။ သမိုင်းမှာ ပထမဆုံးအကြိမ်လို့ ပြောလို့ရတဲ့ ယခုအခါ မြန်မာပြည်သူအားလုံးနီးပါးဟာ နိုင်ငံ့အကျပ်အတည်းတွေရဲ့ ဇစ်မြစ် ကို သိမြင်လာသလို နိုင်ငံကို ကာကွယ်ရမယ့် လုံခြုံရေးအဖွဲ့အစည်းဟာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ရှုမြင် လာပါပြီ။ အကူအညီတွေဟာ စစ်ရာဇဝတ်မှုတွေ အထပ်ထပ်ကျူးလွန်နေတဲ့ အုပ်ချုပ်သူတွေနဲ့ ၎င်းတို့ရဲ့ အဖွဲ့အစည်းတွေကို တရားဝင် အသိအမှတ်ပြုသလိုမျိုး၊ အကျိုးတူပူးပေါင်းဆောင်ရွက်သလိုမျိုး အဖြစ်မခံနိုင် ပါဘူး။ ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုတွေဟာ ထိရောက်မှု၊ ညီမျှမှု၊ လုံလောက်မှု တွေနဲ့အတူ ပြည်သူကစိတ်ချယုံကြည်ရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အမှန်တကယ် လုပ်နိုင်ရင် သူတို့တွေပါဝင်လို့ မရပါဘူး။ အထူးသဖြင့် COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကိစ္စလိုမျိုး ကာကွယ်ဆေးထိုးခြင်း ထိတွေ့သူလိုက်ရှာခြင်း စတဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့အတွက် အရေးတဲ့ လူထုနဲ့ထိတွေ့ဆက်ဆံရတဲ့ ကိစ္စတွေမှာ ဒီလိုမှန်ကန်စွာ ဆောင်ရွက်ဖို့လို နေပါတယ်။ 

ယခင်က မကြုံတွေ့ဖူးသေးတဲ့ ခုလိုအချိန်မှာ အကူအညီတွေဟာ အခြေအနေပေါ်မူတည်ပြီး လိုက်လျော ညီထွေအောင် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရပါမယ်။ အကူအညီပေးရာမှာလည်း လူသားခြင်းစာနာထောက်ထားမှု၊ သမာသမတ်ကျမှု၊ လွတ်လပ်မှု၊ ဘက်မလိုက်မှုစသည့် မူဝါဒများပေါ်မူတည်ပြီး ယခင်ပေးနေကျ လမ်းကြောင်း များနဲ့မတူဘဲ ပိုမိုပေးနိုင်ဖို့ကြိုးစားရပါမယ်။ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ကိုဖြတ်ကျော်ပြီး နယ်စပ် တလျောက်မှာ ဖြန့်ကျက်လျက် ရှိနေပြီးဖြစ်တဲ့ ပြည်သူလူထုရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတဆင့် ဆောင်ရွက် ခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီမိတ်ဖက်အဖွဲ့အစည်းကွန်ယက်တွေဟာ ထိခိုက် ခံစားရဆုံး မြန်မာပြည်သူလူထုတွေအတွက် အကူအညီပေးနေတဲ့ အဓိက အရင်းအမြစ်တွေအဖြစ်ရို နေတာ ဆယ်စု နှစ် ၃ ခုကျော်ပါပြီ။ မြန်မာပြည်သူများ နေရပ်ရွေ့ပြောင်းနေရတာနဲ့အတူ အိမ်နီးချင်းနိုင်ငံတွေကိုသာမက အခြားဒေသတွေကိုပါ ခြိမ်းခြောက်အန္တရယ်ပြုလာတဲ့ ဒီ COVID 19 ရောဂါ အပါအဝင် လူသားချင်းစာနာ မှု အကြပ်အတည်းဆိုင်ရာကိစ္စတွေဟာ ပိုမိုဆိုးရွားလာနေတာကို ရင်ဆိုင်နေရပါတယ်။ ၎င်းဘေးအန္တရာယ်တွေကို ဖြေရှင်းရာမှာလည်း လိုက်လျောညီထွေဖြစ်အောင်ပြောင်းလွယ်ပြင်လွယ်ဖြစ်မှု၊ ထိခိုက်မခံနိုင်သော အရေးကြီးသည့်  ရိုးရာဓလေ့ ထုံးတမ်းအစဉ်လာတွေကို ထည့်သွင်းစဉ်းစားမှုတွေဟာ အဓိကအစိတ်အပိုင်းအဖြစ် ဆက်ရှိနေရမှာပဲ ဖြစ်ပါတယ်။ 

နိုင်ငံရေးနဲ့ပက်သက်မှုမရှိသော ကျန်းမာရေးကဏ္ဍအပေါ် အကြိမ်ကြိမ် အကြမ်းဖက်နေတဲ့ စစ်တပ်ရဲ့ မတရားပြုကျင့်မှုဟာ အရေးယူမခံဘဲရိုနေတာ ကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒါကြောင့် အကူအညီ တွေပိုမို များပြားလာတာနဲ့အမျှ ထိုသို့မဖြစ်အောင် ကြိုးစားအားထုတ်မှုတွေ ပိုမိုလိုအပ်လာပါတယ်။  ပြည်သူတွေဟာ ပိုမို ဆိုးရွားတဲ့အခြေအနေတွေကို ကြုံတွေ့လာရတာနဲ့အတူ အကူအညီ ကန့်သတ်မှုတွေ၊ ပိတ်ပင်မှုတွေ ဆက်ဖြစ် နေတာကြောင့် ကာကွယ်လို့ရနိုင်တဲ့ ရောဂါတွေ နာမကျန်းမှုတွေ သေဆုံးမှုတွေ ခံစားနေပါတယ်။ အထူး သဖြင့် ကလေးတွေနဲ့ အမျိုးသမီးတွေပေါ့။ ဒါ့အပြင် COVID 19 အတွက် အလုပ်လုပ်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းများအပါအဝင် ကူညီထောက်ပံ့မှုတွေကို ဖျက်ဆီးသိမ်းယူမှုတွေ ဆေးရုံတွေမှာ ဝင်ရောက် နှောက်ယှက်မှုတွေ ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေပါ ရှိနေတာပါ။ စစ်အုပ်ချုပ်မှုအောက်မှာ ဒီလုပ်ရပ်တွေဟာ မြန်မာပြည်သူတွေကို ထိခိုက်ခံစားရမှုတွေ များစွာ ဖြစ်စေပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်၊ ဘဝနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေအတွက် ပေးနေတဲ့ အကူအညီအားလုံးနဲ့ ကူညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ရပါမယ်။ မြန်မာပြည်သူတို့ရဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အကြပ်အတည်းတွေကို အပြင်းအထန် ရင်ဆိုင်ဖြေရှင်းရမယ်လို့ မှတ်ယူရပါမယ်။ 

နောက်ဆုံးအနေနဲ့ COVID 19 ရဲ့ သက်ရောက်မှုတွေအပါအဝင် မြန်မာနိုင်ငံ ကြုံတွေ့နေရရဲ့ လူသားချင်းစာနာ မှု ဆိုင်ရာ ဘေးအန္တရာယ်တွေဟာ ဖြစ်ရိုးဖြစ်စဉ် ပဋိပက္ခတွေ မဟုတ်ပါဘူးလို့ ထပ်လောင်းပြောဆိုလိုပါတယ်။ ကျွန်မတို့ ရုန်းကန်ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်တွေကို ဖြစ်စေတဲ့ မတရားပြုမှုတွေကို အရေးယူမခံရတဲ့အပြင် ပြည်သူတွေရဲ့ နာကျင်ခံစားမှုများကို သက်သာစေရန် ကူညီမှုတွေကို လက်နက်သဖွယ် သုံးနေပါတယ်။ မြန်မာနိုင်ငံရဲ့ ကာလရှည် အရေးပေါ်လိုအပ်ချက်တွေကို ထိရောက်စွာ  ညီညီမျှမျှနှင့် လုံလောက်စွာ လျှင်လျှင်မြန်မြန် ပိုမိုလုပ်ဆောင်နိုင်ဖို့ လိုသလို ဖြစ်ပေါ်နေ တဲ့အခြေအနေနှင့်လိုက်လောညီထွေရှိဖို့လည်း လိုပါမယ်။ ဒီအကျပ်အတည်းတွေကို စဉ်ဆက်မပြတ် ရင်ဆိုင်ဖို့နဲ့ နောက်ဆုံးရပ်တန့်နိုင်ဖို့က စစ်တပ်ရဲ့အရေးယူမခံရမှုကို အဆုံးသတ်ရပါမယ်။ အဲ့လိုမြန်မာပြည်သူအားလုံးနီးပါး သိမြင်သလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သိမြင်ရပါမယ်။ ယခုအချိန်ဟာ မြန်မာပြည်သူတွေဟာ ပုံမှန် လူ့အသိုင်းအဝိုင်းပြန်လည်တည်ဆောက်မှု၊ စစ်အာဏာရှင်နဲ့ မတရားပြုကျင့်ခြင်းကို ခုခံမှုနဲ့ ကျန်းမာရေး ရပိုင်ခွင့် တွေ သိမြင် လာ အောင် ကြိုးစားတည်ဆောက်လျက်ရှိပါတယ်။ ထို့သို့တည်ဆောက်ရာမှာ မြန်မာပြည်သူ တွေနဲ့ အတူ နိုင်ငံတကာအသိုင်းအသိုင်းကလည်း တစည်းတလုံးထဲ ရပ်တည်ပေးဖို့ အချိန်ဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။ 

Scroll to Top