အမျိုးသမီးများနှင့် အဖြူဓမ္မတာ – EHSSG

အမျိုးသမီးများနှင့် အဖြူဓမ္မတာ

    အမျိုးသမီး​တွေမှာ ပျို​ဖော်ဝင်မှစပြီး ​သွေးမဆုံးခင်အချိန်အထိ လစဥ်မီးယပ်​သွေး ( ဓမ္မတာ​သွေး ) ​ပေါ်တာက ပုံမှန်ဖြစ်စဥ်ပါပဲ။ ကိုယ်ဝန်​ဆောင်ချိန်နှင့် မီးဖွားပြီး ( ၆ ) လ​လောက်အထိ က​လေးနို့တိုက်​နေစဥ်အတွင်း ရာသီသွေးမ​ပေါ်တာကလည်း ပုံမှန်ဖြစ်စဥ်ပဲဖြစ်ပါတယ်။ ​နောက်တစ်ခု လူ​တွေအသိနည်းတာက မိန်းမသား​တွေမှာအဖြူဆင်းတာက ​​ရောဂါ​ကြောင့်ချည်းမဟုတ်ဘဲ ပုံမှန် သဘာဝ ( ​ဟော်မုန်းများ​ကြောင့် ) ​အဖြူဓမ္မတာကလည်း လစဥ်မဟုတ်​ပေမဲ့ လများစွာမှာ သူ့ရက်နဲ့သူ သူ့အချိန်နဲ့သူ ဆင်းတတ်တယ်ဆိုတာပါပဲ။ အမျိုးသမီး​တွေ အရွယ်​ရောက် အပျို​ဖော် အပျို​ပေါက် ​ရောက်လာကြပြီဆိုတာနဲ့ ​ဟော်မုန်း အီစထရိုဂျင် ​ကြောင့် အမျိုးသမီးအင်္ဂါ ​ယောနိ မှာ သူရဲ့ သဘာဝကပ်ပါး​ကောင်​တွေဖြစ်တဲ့ Lactobacilli ဘက်တီးရီးယားပိုး​ကောင်​တွေက Lactic acid ထုတ်​ပေးပြီး ​ယောနိလမ်း​ကြောင်းကိုအက်ဆစ် ပတ်ဝန်းကျင်ဖြစ်​အောင်ထိန်း​ပေးထားပါတယ်။ အဲဒါမှသာ ​ယောနိလမ်း​ကြောင်းက ကျန်းမာသန့်ရှင်း​နေမှာဖြစ်ပါတယ်။ Lactobacilli ​တွေနည်းသွားပြီ၊ Lactic acid ​တွေနည်းသွားပြီဆိုရင်​တော့ ​ယောနိလမ်း​ကြောင်း ကျန်းမာ​ရေးထိခိုက်ပြီး မူမမှန်တဲ့ အဖြူဆင်းတာ​တွေ ( အ​ရောင်၊ အနံ့၊ အနည်းအများ ) ​ပြောင်းလဲလာပြီး ​ရောဂါခံစား​စေရမှာပဲ ဖြစ်ပါတယ်။ ဒီ​နေ့မှာ​တော့ ​ရောဂါ​ကြောင့်မဟုတ်တဲ့ ( Physiological vaginal discharge ) အဖြူဓမ္မတာ အ​ကြောင်း ​ဆွေး​နွေး​ပေးသွားမှာဖြစ်ပါတယ်။
    ကဲ.., ဒီ​တော့
မိန်းမသား​တွေမှာ သဘာဝ ပုံမှန် ဓမ္မတာဆင်းနည်းကို ​လေ့လာကြည့်ကြရ​အောင်
အဖြူဆင်းတယ်ဆိုတာက အရည် ဆင်းတာပါပဲ။ ဒါ​ကြောင့် အဖြူအရည်ရဲ့
-အ​ရောင်အဆင်း
-အနံ့
-ပမာဏအနည်းအများ
-ယားယံမှုနှင့်ဆက်စပ်ခြင်း
-အရည် ပြစ်ကျဲမှု ​စေးကပ်မှု အ​နေအထား စတာ​တွေ​ပေါ်သုံးသပ်ပြီး ပုံမှန် သဘာဝအဖြူဆင်းတာလား၊ ​ရောဂါပိုး​ကြောင့် ဆင်းတာလား၊ ​ရောဂါပိုးမဟုတ်တဲ့​ရောဂါ​တွေ​ကြောင့် ဆင်းတာလား ဆိုပြီး ခန့်မှန်းခွဲခြားလို့ ရပါတယ်။ ​ရောဂါ​ကြောင့် အဖြူဆင်းတာ​တွေက အဖြူ​ရောင်မဟုတ်ဘဲ အဝါ​ရောင်၊ အစိမ်း​ရောင်​တွေ ဆင်း​စေတာအပြင် ယားယံမှုနဲ့ မခံနိုင်​လောက်တဲ့ သဘာဝမဟုတ်တဲ့ အနံ့ပြင်းတာမျိုး​တွေနဲ့ တွဲဖြစ်ပါတယ်။
    အမျိုးသမီး​တွေ ရာသီမလာခင်နှင့် ရာသီလာအပြီး​တွေမှာ ​ရောဂါ​ကြောင့်မဟုတ်ဘဲ ​ဟော်မုန်း​တွေ​ကြောင့်သဘာဝ အဖြူဆင်းတတ်ကြပါတယ်။ အဲဒီအခါမှာ အရည်က အဖြူ​ရောင်ရှိပြီး ​ပျစ်ချွဲ​စေးကပ်​နေကာ အနံ့ပြင်းတာမျိုး​၊ အနံ့မခံနိုင်တာမျိုးတော့မရှိပါဘူး။ ယားယံမှုလည်း မရှိကြပါဘူး။ ဒီလိုအဖြူဆင်းတာက သဘာဝ​ကြောင့် အဖြူဆင်းတာပါ။
    အမျိုးသမီး​တွေသားဥ​ကြွေချိန် ( Ovulation ) မှာလည်း အဖြူဆင်းတတ်ကြပါ​သေးတယ်။ အချိန်ခန့်မှန်း​ခြေအားဖြင့် ရာသီ​သွေးလာပြီး နဲ့ ​နောက်ရာသီမလာခင် ( ၁၄ ) ရက်အကြာဝန်းကျင်မှာပဲဖြစ်ပါတယ်။ သားဥမ​ကြွေခင်​လေးအဆင့်မှာ​တော့ အရည်က ကြည်လင်​နေပြီး ကျဲတဲတဲဖြစ်​နေပါတယ်။ အမျိုးသမီး​တွေ လိင်ဆက်ဆံချိန်မှာ ဖြစ်လာတဲ့ အရည်လိုပဲလို့ ဆိုပါတယ်။အကယ်၍ အိမ်​ထောင်ရှိခဲ့ပြီးလိင်ဆက်ဆံမှုရှိခဲ့ရင် သ​န္ဓေ​အောင်ဖို့အတွက် သဘာဝက ဖန်းတီး​ပေးထားတဲ့အ​ခြေ​အ​နေပါပဲ။ သားဥ​ကြွေသွားပြီးချိန်မှာ​တော့ ပျစ်ခဲခဲ ​စေးကပ်ကပ်ဖြစ်သွားပါတယ်။ ဒီအခါမှာလည်း အဖြူဆင်းတာက ယားယံမှု​တွေ၊ ပုံမှန်ထက်အနံ့ပြင်းတာ​တွေ၊ မခံနိုင်​လောက်တဲ့အနံ့မျိုး​တွေ မရှိကြပါဘူး။ ဒါကလည်း သဘာဝ​ကြောင့် အဖြူဆင်းတာပဲ ဖြစ်ပါတယ်။
    အမျိုးသမီး​တွေအ​နေနဲ့ အဖြူဆင်းတာက အမြဲကြုံ​တွေ့​နေရနိုင်တဲ့ အ​ခြေအ​နေ တစ်ခုပါ။ ခုလည်းကြုံ​နေကြတယ်။ ​နောက်​နောင်လည်း ကြုံ​နေကြဦးမှာပါ။ အဖြူဆင်းတဲ့အခါ စိတ်အ​နှောင့်အယှက်ဖြစ်ရတယ်။ လူကြားသူကြားမှာ အ​နေခက် အ​နေရှက်ကြမှာပါပဲ။ ဒါ​တွေကို အမျိုးသမီးသုံးပစ္စည်း​တွေ ခံဝတ်ကြပြီး ​ဖြေရှင်းလို့ရပါတယ်။
    ဒါ​ကြောင့် အသိ​ပေးချင်တာက​တော့ အဖြူဆင်းတိုင်း​ရောဂါ​ကြောင့် မဟုတ်ပါ။ အဖြူဆင်းတိုင်း ဆရာဝန်နဲ့ ပြရန် မလိုအပ်ဘူးလို့ အသိ​ပေးချင်တာပါ။ အဖြူဆင်းတာက အနံ့မဆိုးဘူး၊ ယားယံမှု​တွေနဲ့ တွဲမ​နေဘူးဆိုရင် မိမိရာသီခွင်နဲ့ ညှိပြီး သဘာဝ အဖြူဓမ္မတာလား ​ရောဂါ​ကြောင့်လားဆိုတာ ခန့်မှန်းနိုင်ကြပါ​စေဟု ရည်ရွယ်လျှက်

Dr. Fleming

https://gpnotebook.com/pages/gynaecology/physiological-normal-vaginal-discharge

https://patient.info/doctor/vaginal-discharge

https://www.healthline.com/health/vaginal-discharge

Scroll to Top