​မေးခိုင်ရာ​ဂေါနှင့် ​ကာကွယ်​ဆေး – EHSSG

​မေးခိုင်ရာ​ဂေါနှင့် ​ကာကွယ်​ဆေး

​    မေးခိုင်​ရောဂါက Clostridium tetani လို့​ခေါ်တဲ့ ​ရောဂါပိုး ဝင်​ရောက်တဲ့အခါ ခံစားရတဲ့ ​ရောဂါလက္ခဏာစုဖြစ်ပါတယ်။ ​မေးခိုင်ကာကွယ်​ဆေးဆိုပြီးလည်း အားလုံးကြားဖူးပြီးသားဖြစ်မှာပါ။ ​ခု​ခေတ်မှာ​မေးခိုင်​ရောဂါဖြစ်နှုန်းက ရှားပါးသွားပြီ ဖြစ်ပါတယ်။ အ​ကြောင်းက​တော့ ​မေးခိုင်ကာကွယ်​ဆေး ငယ်စဥ်ကတည်းက ထိုးထားခဲ့ကြလို့ ဖြစ်ပါတယ်။ သို့​သော် ယခုလို တိုင်းပြည် စစ်မက်ဖြစ်ပွားချိန်မှာ​တော့ ထိခိုက်ဒဏ်ရာ​တွေရပြီး ​မေးခိုင်​ရောဂါဖြစ်ပွားသူ များလာနိုင်ပါတယ်။ ​မေးခိုင်​ရောဂါ ဖြစ်လာလျှင်​တော့ အသက်ရှုလမ်း​ကြောင်းထိခိုက်ပြီး ​သေဆုံးနိုင်​ချေ ရှိတဲ့အတွက်​ကြောင့် မ​ပေါ့ဆဖို့ အရမ်းအ​ရေးကြီးပါတယ်။

​ရောဂါပိုးကူးစက်ပုံနှင့် ​ရောဂါဖြစ်ပွားပုံ

​    မေးခိုင်​ရောဂါဖြစ်​စေတဲ့ Clostridium tetani ပိုးက ​မြေကြီးပေါ် နှင့် ဖုန်​တွေ၊ မြင်း​ချေး နွား​ချေး​တွေထဲမှာရှိ​နေပါတယ်။ လူ့ခန္ဓာကိုယ်အ​ရေပြား​တွေ​​ပေါ်မှာရှိတဲ့ အနာအဆာ၊ အ​ပေါက်အပြဲ၊ အကွဲအရှ ​တွေမှတဆင့် ခန္ဓာကိုယ်ထဲရောဂါပိုးဝင်​ရောက်သွားကြပါတယ်။ အဲဒီ​နောက် Tetanospasmin လို့​ခေါ်တဲ့ Toxin spore ထုတ်ပြီး ဗဟို​ကျောရိုးအာရုံ​ကြောစနစ်ဆီဦးတည်တိုက်ခိုက်ကာ ပုံမမှန်တဲ့ ကြွက်သား​တောင့်တင်းမှု​တွေ ဖြစ်​စေ​တော့တာပါပဲ။ ​ဥပမာအားဖြင့် ပန်းခြံထဲမှာ ​မြေတူးဆွ​နေရင်း ထိခိုက်ရှနာ ဖြစ်လျှင်​တောင် ​မေးခိုင်​ရောဂါပိုးဝင်​ရောက်နိုင်ပါတယ်။ မေးခိုင်း​ရောဂါပိုးဟာ လူတစ်​ယောက်ဆီက​နေ အခြားလူတစ်​ယောက်ထံတေ့ မကူးစက်ပါဘူး။

ရောဂါလက္ခဏာများ

    ဒဏ်ရာ၊ အနာ​တွေမှတ​ဆင့် ​မေးခိုင်ပိုးဝင်​ရောက်ပြီး အများစုဟာ ( ၁၄ ) ရက်အတွင်း ​​မေးခိုင်​ရောဂါလက္ခဏာ​တွေ ခံစားရ​တော့တာပါပဲ။ ပုံမှန်အားဖြင့် ​ရောဂါပျိုးချိန်က အနည်းဆုံး ( ၃ ) ရက်မှ အများဆုံး ( ၂၁ ) ရက်အထိ ကြာတတ်ပါတယ်။ ​မေးခိုင်​ရောဂါဆိုတဲ့အတိုင်း
-​မေးခိုင်ခြင်း ( ပါးစပ် မဟ နိုင် )
-အစားအစာနှင့်​ရေ မစားနိုင် မ​သောက်နိုင်ခြင်း
-​ခြေလက်၊ ​ကျော နှင့် ဝမ်းဗိုက်ကြွက်သားများ ​တောင့်တင်း​နေခြင်း၊ ​နာကျင်​နေခြင်း
-တက်ခြင်း
-ဖျားခြင်း၊ ​ခေါင်းကိုက်ခြင်း
-​ချွေးပြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
-အသက်မရှုနိုင်ဖြစ်ပြီး ​သေဆုံးခြင်း
အစရှိတာ​တွေ ခံစားရမှာဖြစ်ပါတယ်။
​     ဒါ့အပြင် ​မွေးကင်းစ က​လေး​မေးခိုင်​ရောဂါလည်းရှိပါ​သေးတယ်။ ဒီ​ရောဂါက ​မွေးမိခင်က ကိုယ်ဝန်​ဆောင်စဥ် ​မေးခိုင်းကာကွယ်​ဆေး ထိုးမထားလျှင် ​မွေးကင်းစက​လေး​တွေမှာ ​မေးခိုင်​ရောဂါ ဖြစ်တာပါ။ ဒီ​​ရောဂါမှာ​တော့
-​မွေးကင်းစက​လေးက ( ၂ ) ရက်​​ကျော်ပြီး​နောက် နို့မစို့နိုင်​တော့ခြင်း
-ဖျားခြင်း၊ တက်ခြင်း
-အဆက်မပြတ်ငိုခြင်း
-​ကျော​ကော့​နေခြင်း
-​ခြေလက်များ​တောင့်တင်း​နေခြင်း
-လက်သီးဆုပ်​နေခြင်း
-အသက်မရှုနိုင်ဖြစ်ပြီး ​သေဆုံးခြင်း စတာ​တွေ ခံစားရမှာဖြစ်ပါတယ်။
ဒါ​ကြောင့် ​မေးခိုင်​ရောဂါက အသက် သေဆုံးနိုင်တယ်ဆိုတာပါပဲ။

စစ်​ဆေးခြင်းနည်းလမ်း

​    မေးခိုင်​ရောဂါ​သေချာ​စေဖို့ ဓါတ်ခွဲစစ်​ဆေးစရာ မလိုပါဘူး။ ​ရောဂါလက္ခဏာ​တွေ​ ​ပေါ်လာတာနဲ့ ဒီ​ရောဂါမှန်း ​သေချာ​နေပါပြီ။

ကုသနည်းများ

    လူနာကို အမြန်ဆုံး ​မေးခိုင်ပဋိဆေးများ ( Tetanus Immunoglobulin ​) ဆေး​တွေ ချက်ခြင်းသွင်း​ပေးရပါမယ်။ အခြား​​ဆေးတွေအ​နေနဲ့က​တော့
-​မေးခိုင်ပိုးသတ်​ဆေးများ
-​မေးခိုင်ကာကွယ်​ဆေး
-ကြွက်သား​ပျော့​ဆေးများ
-အစာ၊ ​ရေ ပိုက်ထည့်​ပေးခြင်း
-ဒဏ်ရာများ၊ အနာများကို သန့်ရှင်း​အောင်ပြုလုပ်​ပေးခြင်း
-လိုအပ်ပါက အသက်ရှု စက်တပ်၍ ကူညီ​ပေးခြင်းများ
အထက်ပါနည်းလမ်းများဖြင့် ထိ​ထိရောက်​ရောက် ကုသမှု ​ပေးကြရပါတယ်။

ကာကွယ်ခြင်း

    ​မေးခိုင်ပိုးဟာ ပတ်ဝန်းကျင်မှာအမြဲတမ်းရှိ​နေတယ်။ ထိခိုက်ဒဏ်ရာဖြစ်လျှင် အချိန်မ​ရွေး ​ရောဂါအကူးစက်ခံရနိုင်တယ်။ ​ဒီ​ရောဂါက ​သေ​စေနိုင်တယ်ဆို​တော့ ကြိုတင်ကာကွယ်ထားဖို့ အရမ်းအ​ရေးကြီးပါတယ်။ ​မေးခိုင်ကာကွယ်​ဆေးလည်း ​ပေါ်​နေတာကြာပြီဆို​တော့ ကာကွယ်​ဆေးကို စနစ်တကျ မှန်ကန်ပြည့်ဝစွာ ထိုးထားဖို့ လိုအပ်ပါတယ်။ တစ်ကမ္ဘာလုံးရှိ ​​မွေးကင်းစ အရွယ်​တွေမှာ ​မေးခိုင်ကာကွယ်​ဆေး တစ်လ တစ်ကြိမ် ( ၃ )ကြိမ်ဆက်တိုက်ထိုးထားကြ​ပေမဲ့ ​ရောဂါကာကွယ်နိုင်စွမ်းက ကြာလာတာနဲ့အမျှ ​လျော့လာတာဖြစ်တဲ့အတွက်​ကြောင့် လူတိုင်း
-ထိခိုက်ဒက်ရာ ရ​သောအခါ
-ခွဲစိတ်မှု ပြုလုပ်​သောအခါ
-အသက် ( ၄၀ ) ​ကျော်​သောအခါ
​မေးခိုင်ကာကွယ်​ဆေးများကို အမြန်ဆုံး ထပ်​ဆောင်း ထိုးထားကြရပါမယ်။
အမျိုးသမီးများ အ​နေနဲ့ ကိုယ်ဝန်​ဆောင်ချိန်မှာ မေးခိုင်ကာကွယ်​ဆေးကို သတ်မှတ်ထားတဲ့​အချိန်အတိုင်း ပြည့်ပြည့်ဝဝ ထိုးထားကြရပါမယ်။
    WHO အ​နေနဲ့ကလည်း မူလပထမ ​မေးခိုင်ကာကွယ်​​ဆေး ( ၃ ) ကြိမ်ထိုးထားပြီးသူတိုင်း
-အသက် ( ၁ ) နှစ်မှ ( ၂ ) နှစ်အတွင်း ထပ်​​ဆောင်း တစ်ကြိမ်
-အသက် ( ၄ ) နှစ်မှ ( ၇ ) နှစ်အတွင်း ထပ်​ဆောင်း တစ်ကြိမ်
-အသက် ( ၉ ) နှစ်မှ ( ၁၅ ) နှစ်အတွင်း ထပ်​ဆောင်း တစ်ကြိမ်
စုစု​ပေါင်း မေးခိုင်ကာကွယ်​ဆေး ( ၃ ) ကြိမ် ထပ်မံ ထိုးထားသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
    အခုလို ထိခိုက်ဒဏ်ရာ ရနိုင်​ချေများ​နေတဲ့အချိန်၊ ​ဆေးကုသဖို့လည်း လက်လှမ်းမမှီ၊ လက်လမ်းမှီ​သော်လည်း လုံခြုံမှု မရှိတဲ့ အ​​ခြေအ​နေ​တွေ​မှာ ​မေးခိုင်​ရောဂါ အန္တရာယ်ကို ကြိုတင် ကာကွယ်ထားနိုင်ကြပါ​စေဟု ဆန္ဒပြုလျှက်

Dr Fleming

https://www.who.int/news-room/fact-sheets/detail/tetanus

https://www.cdc.gov/tetanus/hcp/clinical-overview/index.html

Scroll to Top