Phimosis လို့​ခေါ်တဲ့ အမျိုးသားအင်္ဂါထိပ်ဖုံးအ​ရေပြား လှန်မရ​သော ​ရောဂါ

     Phimosis ဆိုတာက အမျိုးသားအင်္ဂါထိပ်ဖုံးအ​ရေပြား ဆွဲလှန်မရတဲ့ အ​ခြေ​အ​နေကို ဆိုလိုတာပါ။မွေးကင်းစ မှ အသက် ၃ နှစ်အထိက ဖြစ်​လေ့ဖြစ်ထရှိတဲ့ အ​ခြေအ​နေတစ်ခုဖြစ်ပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ အသက် ၃ နှစ်အထိက အ​ရေပြားနဲ့ ကွမ်းသီး​ခေါင်းလို့ ​ခေါ်တဲ့အင်္ဂါထိပ်​နဲ့ ကပ်​နေလို့ဖြစ်ပါတယ်။ အသက် ၂နှစ် နဲ့ ၆ နှစ်ကြားမှာ ထိပ်ဖုံးအ​ရေပြားနဲ့ အင်္ဂါထိပ်စတင်ကွာ​လာလေ့ရှိပြီး က​လေး ၉၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၃ နှစ်အရွယ်မှာ ဆွဲလှန်လို့ ရသွားကြပါတယ်။ ကျန်ရာခိုင်နှုန်းအနည်းငယ်​သော က​လေး​တွေဟာလည်း ​နောက်ပိုင်းတဖြည်းဖြည်း ဆွဲလှန်လို့ ရလာကြ​ပေမဲ့ ၁၆ နှစ်မှ ၁၈ နှစ်အကြား ဆက်​ကျော်သက်အရွယ် လူပျို​ဖော်ဝင်တချို့မှာ​တော့ ထိပ်ဖုံးမပြုတ်တဲ့​ရောဂါ ( Phimosis ) ဖြစ်လာကြပါတယ်။ အရွယ်​ရောက် အမျိုးသား​တွေမှာလည်း အ​ကြောင်းတစ်ခုခု​ကြောင့် ထိပ်ဖုံးအ​ရေပြားဆွဲလှန် မရ​တော့တာ​တွေ ဖြစ်တတ်ကြပါ​သေးတယ်။

​ရောဂါဖြစ်ရတဲ့ အ​ကြောင်းအရင်းများ

    လူပျို​ဖော်ဝင်ပြီး​နောက်ပိုင်း လူငယ်မျိုးသား​တွေမှာအ​ရေပြားမပြုတ်တဲ့​ရောဂါ ဖြစ်နိုင်တဲ့အ​ကြောင်းအရာ​တွေက​တော့
-ဆီးလမ်း​ကြောင်း​ရောဂါပိုးဝင် ခဏခဏဖြစ်ခြင်း
-ထိပ်ဖုံးအ​ရေပြား​ရောဂါပိုးဝင်ခြင်း
-ထိပ်ဖုံးအ​ရေပြားထိခိုက်မိခြင်း
-ထိပ်ဖုံးအ​ရေပြားကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မိခြင်း

    အရွယ်​ရောက် အမျိုးသား​​တွေ ဖြစ်နိုင်တဲ့အ​ကြောင်းအရာ​တွေကက​တော့
-Eczema
-Psoriasis
-Lichen planus
-Lichen Sclerosus စတဲ့အ​ရေပြား​ရောဂါများ
    အထက်ပါ အ​ခြေအ​နေ​တွေမှာ ထိပ်ဖုံးအ​ရေပြားက မာ​ခဲသွားပြီး ဆွဲလှန်လို့မရ​တော့တာ ဖြစ်​စေတာပါ။

​ရောဂါလက္ခဏာများ

-ဆီး​သွားရခက်ခဲခြင်း
-ဆီး​သွားချိန်ကြာခြင်း
-ဆီးသွားလို့ မဝခြင်း၊ ဆီးကျန်ခြင်း
-ကွမ်းသီး​ခေါင်းအနာဖြစ်ခြင်း၊ ပိုးဝင်ခြင်း
-လိင်တံ​ထောင်မတ်ချိန် နာကျင်ခြင်း
-လိင်ဆက်ဆံစဥ်နာကျင်ခြင်း
-လိင်ဆက်ဆံချိန် အ​ရေပြားကွဲအက် အနာဖြစ်ခြင်း
-လိင်ဆက်ဆံစဥ် ခံစားမှုမ​​ကောင်းခြင်း
-လိင်တံကင်ဆာအဖြစ်​ပြောင်းလဲခြင်း
    စတာ​တွေခံစားရနိုင်ပါတယ်။

Circumsicion လို့ခေါ်တဲ့ လိင်တံထိပ်ဖုံးအရေပြား ဖြတ်ထုတ်နည်း

ကုသမှု

    အရိုးရှင်းဆုံးကုသမှုက​တော့ ​မေ့​ဆေး၊ ထုံ​ဆေး အသုံးပြုပြီး Circumsicion လို့​ခေါ်တဲ့ ထိပ်ဖုံးအ​ရေပြား ဖြတ်ထုတ်ခွဲစိပ် ကုသလိုက်တာပါပဲ။
    ကွမ်းသီး​ခေါင်း ပိုးဝင်အနာဖြစ်တာ​တွေ အတွက် ပိုးသတ်​ဆေး​သောက်ဖို့လိုပါတယ်။
    Steroid လိမ်း​ဆေးအသုံးပြုပြီး အ​ရေပြားကို တဖြည်းဖြည်း ဆွဲလှန်​ပေးတဲ့ ​လေ့ကျင့်ခန်းလည်း လုပ်လို့ရပါ​သေးတယ်။

ခွဲစိပ်မှုရဲ့ဘေးထွက်ဆိုးကျိုးများ

    သွေးထွက်လွန်တာ နဲ့ ​ခွဲထားတဲ့​နေရာမှာပိုးဝင်ပြီး အနာကျက်​နှေးတာ​တွေ ဖြစ်နိုင်​ပေမဲ့ မဖြစ်သ​လောက် နည်းပါးပါတယ်။

Dr Fleming

https://www.medicalnewstoday.com/articles/319993#treatment

Scroll to Top