အူမကြီးကင်ဆာရောဂါအ​ကြောင်း သိ​ကောင်းစရာများ

ကမ္ဘာ့ကင်ဆာသု​တေသန ရံပုံ​ငွေအဖွဲ့၏ ၂၀၂၀ မှတ်တမ်းအရ အူမကြီးကင်ဆာသည် အမျိုးသမီးများတွင် ဒုတိယအဖြစ်အများဆုံးကင်ဆာ၊ အမျိုးသားများတွင် တတိယအဖြစ်အများဆုံးကင်ဆာဟု ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာပါတွင်မက မြန်မာနိုင်ငံမှာလည်း အူမကြီးကင်ဆာ ​ရောဂါက ဖြစ်​နေတာပါ။ အူမကြီးကင်ဆာဆိုတာ ဘယ်​နေရာ​တွေမှာ ဖြစ်တာလဲ၊ ဘယ်လို​ရောဂါ လက္ခဏာ​တွေ ခံစားကြရသလဲ ဆိုတာ ​လေ့လာကြည့်ကြပါစို့။ အူမကြီးကင်ဆာဆိုတာ အူမကြီး ( Large intestine ) နဲ့ စအိုအရင်းပိုင်း ( Rectum ) တို့မှာ ကင်ဆာဖြစ်​နေလျှင် အူမကြီးကင်ဆာလို့ခေါ်ကြပါတယ်။

အူမကြီး( Large intestine,Colon )နှင့် စအိုခေါင်း( Rectum ) တည်ရှိရာနေရာများ

​ရောဂါလက္ခဏာများ

အခြားကင်ဆာ​ရောဂါများကဲ့သို့ပင် အူမကြီးကင်ဆာရောဂါဖြစ်​နေ​သော်လည်း အ​စောပိုင်းမှာ ​ရောဂါလက္ခဏာများ ခံစားရ​လေ့မရှိပါ။ ဝမ်းသွား​သောအခါ ​သွေးပါလာမှသာ သိရှိ​လေ့ရှိကြပါတယ်။ အဖြစ်များ​သော ​ရောဂါလက္ခဏာ​တွေက​တော့
-ဝမ်းသွားလျှင် ​သွေးပါခြင်း
-ဝမ်းအ​လေ့အကျင့်များ က​ပြောင်းကပြန်ဖြစ်ခြင်း ( ဝမ်းလွယ်သူများတွင် ဝမ်းချုပ်ခြင်း၊ ဝမ်းချုပ်သူများတွင် ဝမ်းပျက်ခြင်း )
-ဗိုက်ရစ်​အောင့်ခြင်း
-ဝမ်းသွားပြီး​သော်လည်း ဝမ်းကျန်သလို ခံစားရခြင်း
-ဝမ်းသွားလျှင် အပျစ်အချွဲများပါခြင်း
-အ​ကြောင်းမရှိဘဲ ​မောပန်းနွမ်းနယ်ခြင်း၊ နုံးခြင်း
-ကိုယ်အ​လေးချိန် ကျဆင်းသွားခြင်း
-ခံတွင်းပျက်ခြင်း အစရှိတာ​တွေ ခံစားရ​လေ့ရှိကြပါတယ်။ လက္ခဏာအားလုံး မခံစားရတတ်​ပေမဲ့ အများစုကို ခံစားရ​လေ့ရှိပါတယ်။ အူမကြီးကင်ဆာက ကြာလာတဲ့အခါ ဝမ်းဗိုက်အတွင်း၊ အဆုတ် နှင့် ဦး​ဏှောက်မှာရှိ ပြန်ရည်ကျိတ်များသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့​ရောက်ရှိသွား​လေ့ရှိပါတယ်။ အဲဒီအဆင့်​ရောက်သွားပြီ ဆိုလျှင်​တော့ ကုသရခက်ခဲသွားမှာဖြစ်ပါတယ်။

ဘာ​ကြောင့် ဖြစ်ရတာလဲ

-Lynch Syndrome ​ရောဂါဖြစ်​စေ​သော မျိုးရိုးဗီဇသယ်​ဆောင်ထားသူ​တွေ
-FAP ​ရောဂါဖြစ်​​စေ​သော မျိုးရိုးဗီဇ သယ်​ဆောင်ထားသူ​တွေ
-အသက် (၅၀)​ကျော်သူများ ( အသက် ၅၀ ​အောက်​တွေမှာလည်း ဖြစ်လာ​နေကြပါတယ် )
-Black American လူမျိုးများ
-မိသားစုထဲမှာ အူမကြီးကင်ဆာ​ရောဂါ ဖြစ်ဖူးသူများ
-ဓါတ်​ရောင်ခြည်ကုသမှု ခံယူဖူးသူများ
-Inflammatory Bowel Diseases ( Ulcerative colitis သို့မဟုတ် Crohn’s disease ) ဖြစ်ဖူးသူများ
-အဝလွန်သူများ
-​ကုသမှု ​သေချာ ခံယူမထားသော ဆီးချို အမှတ်(၂) ​ရောဂါရှိသူများ
-အသီးအရွက်နှင့် အမျှင်ဓါတ် စားသုံးမှု နည်းသူများ
-အသားနီနှင့် ပြုပြင်ထား​သောအသား စားသုံးမှု များသူများ
-ကိုယ်လက်လှုပ်ရှားမှု နည်းသူများ
-​​ဆေးလိပ်​သောက်သူများ
-တ​စ်ရက်လျှင် အရက် ( ၃ ) ယူနစ် အထက် ​ရေရှည်​သောက်သူများ စသူ​တွေက အူမကြီးကင်ဆာ ဖြစ်လာနိုင်​ချေ မြင့်မားကြပါတယ်။

ရောဂါကို ဘယ်လိုရှာ​ဖွေ စစ်​ဆေးကြသလဲ

ဝမ်းသွားတဲ့​သွေးပါလို့ ​ဆေးရုံ​ဆေးခန်းသွား​ရောက် ပြသ​သောအခါ ဆရာဝန်က စအို​ခေါင်း ( Rectum ) အတွင်း လက်ညှိုးထည့်ပြီးစမ်းသပ်ကြည့်လျှင် ​တွေ့ရနိုင်​ပေမဲ့ စအိုခေါင်းရဲ့ အထက် ( Large intestine ) မှာကင်ဆာဖြစ်တဲ့အခါ Colonoscope ထိုးကြည့်မှ ​တွေ့ရမှာ ဖြစ်ပါတယ်။
အထက်ပါနည်း​တွေမှတဆင့် အသားစယူပြီး( Biopsy ) စစ်​ဆေးကြည့်​သောအခါ ​ကင်ဆာ​ရောဂါလို့ ​သေချာသွားပြီဆိုလျှင်​တော့ ​​ရောဂါအဆင့်သတ်မှတ်ဖို့ နှင့် ဘယ်​လောက်အထိ ​ရောဂါ ပျံ့​နေပြီလဲဆိုတာ သိနိုင်ဖို့
-MRI
-CT scan နှင့်
-PET scan များဖြင့် ဆက်လက်စစ်​ဆေး အတည်ပြုရမှာဖြစ်ပါတယ်။

ဘယ်လိုကုရသလဲ

အူမကြီးကင်ဆာ ကို​တော့
-ခွဲစိပ်ကုသနည်း ( Surgery )
-ဓါတ်​ရောင်ခြည်ဖြင့်ကုသခြင်း ( Radiation )
-​ဆေးသွင်းကုသခြင်း ( Chemotherapy ) အစရှိတဲ့ နည်း​တွေနဲ့ သင့်​တော်သလို ကုသရမှာပဲ ဖြစ်ပါတယ်။

အူမကြီးကင်ဆာ ဖြစ်တာကို ​စော​စော သိရှိရလျှင် ကုသရ လွယ်မှာဖြစ်သကဲ့သို့ ပိုပြီး အသက်ရှည်ရှည် ​​နေရမှာ ဖြစ်တာ​ကြောင့် အထက်ပါ​ရောဂါလက္ခဏာ​တွေ ခံစားရပြီဆိုလျှင် ( သို့မဟုတ် ) မိမိကိုယ်ကို အူမကြီးကင်ဆာဖြစ်​နေပြီဟု သံသယရှိလျှင် နားလည် တတ်ကျွမ်း​သော ဆရာများနှင့် ​ဆောလျင်စွာ စစ်​ဆေးပြီး ကုသမှု ခံယူနိုင်ကြပါ​စေ၊ မိမိကိုယ်ကို ကျန်းမာ​​ရေးနှင့်​လျော်ညီ​သော အ​နေအထိုင် အ​လေ့အကျင့်များ လိုက်နာ​ပြီး အူမကြီးကင်ဆာ ​ရောဂါမှ ကင်း​ဝေးပါ​စေဟု ဆန္ဒပြုလျှက်

Dr. Fleming

https://www.healthline.com/health/rectal-cancer#treatment

Scroll to Top