သည်း​ခြေ​​ကျောက်တည်ခြင်း ( Gall Stone )

သည်း​ခြေ​ကျောက်တည်ခြင်းကို ကျ​​နော်တို့ ကျန်းမာ​ရေး​​လောကမှာ​တော့ Gall Stone လို့ ​ခေါ်ဆိုကြပါတယ်။ ကျ​နော်တို့မိသားစုထဲမှာဖြစ်ဖြစ်၊ ​ဆွေမျိုး​တွေထဲမှာဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ် ဒီလူက သည်း​ခြေ​ကျောက်တည်လို့တဲ့။ ဟိုလူက​တော့ သည်း​ခြေ​ကျောက်တည်လို့တဲ့ ဆိုပီး ခဏ ခဏ ကြားဖူးကြမယ် ထင်ပါတယ်။ ဗိုက်​အောင့်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာ​ရေးစစ်​ဆေးလို့ပဲဖြစ်ဖြစ် အာထွာ​ဆောင်း ရိုက်ကြည့်လိုက်တဲ့အခါမှာ သည်း​ခြေ​​ကျောက်တည်​နေတာကို ​တွေ့ရမှာပဲ ဖြစ်ပါတယ်။

ဆို​တော့ သည်း​ခြေက ခန္ဓာကိုယ်ရဲ့ ဘယ်​နေရာမှာရှိတာလဲ၊ ဘယ်လို ပုံစံမျိုးလဲ ဆိုတာ ​ရှင်းပြလိုပါတယ်။ သည်း​ခြေအိတ်က ဝမ်းဗိုက်ညာဘက် အ​ပေါ်ပိုင်း နံရိုး​အောက်နား​လေးမှာရှိပါတယ်။ အထဲမှာ​တော့ အသည်း​အောက်မှာကပ်လျှက် ရှိ​နေပြီး သည်း​ခြေအိတ်ရဲ့ အစာ​ချေ သည်း​ခြေရည် ပို့​ပေးတဲ့ ပြွန်​လေးက အသည်းက ဆင်းသက်လာတဲ့ ပြွန်ဆီ ​လာပေါင်းပြီး​တော့မှ Duodenum လို့​ခေါ်တဲ့ အူသိမ်ဦးပိုင်းနဲ့​ပေါင်းစပ်သွားပြီး အူထဲကို အစာ​​ချေဖျက်ဖို့ အင်ဇိုင်း​တွေ ထုတ်​ပေးကြတာ ဖြစ်ပါတယ်။ သည်း​ခြေအိတ် ထွက်​ပေါက်က အ​ပေါ်မှာဆို​တော့ သည်း​ခြေအိတ်ထဲမှာ အနည်ကျပြီး ​ကျောက်တည်​နိုင်​ချေက များပါတယ်။

ရောဂါလက္ခဏာများ

၁)–အများစုက သည်း​ခြေ​ကျောက်တည်​နေ​သော်လည်း ဘာ​ရောဂါလက္ခာမှ မခံစားကြရပါဘူး။
၂)–တချို့က​တော့ ဗိုက်​,ရစ်ရစ်​ အောင့်တာကို ခဏ ခဏ ခံစား​ရ​လေ့ရှိပါတယ်။
၃)–သည်း​ခြေအိတ်ပိုးဝင်ပြီး ​ရောင်ရမ်းတဲ့ အဆင့်​ဆိုလျှင်​တော့ ဗိုက်အရမ်း​အောင့်မယ် ။ ဖျားပြီး အသားဝါ ဝင်ပါမယ်။ အဲဒီလိုမျိုး ခံစားရလျှင်​တော့ ​ဆေးရုံတက် ကုသမှု ခံယူရမှာပဲဖြစ်ပါတယ်

​နောက်ဆက်တွဲ ဆိုးကျိုးများ

သည်း​ခြေအိတ်မှာ ​ကျောက်တည်​သောအခါ

၁)–သည်း​ခြေအိတ်​ရောင်ခြင်း
၂)–သည်း​ခြေပြွန်​ရောင်ခြင်း
၃)–သည်း​ခြေပြွန်ကြီး ​ကျောက်ပိတ်၍ အသားဝါ ဝင်ခြင်း
၄)–မုန့်ချိုအိတ်​ရောင်ခြင်း
၅)–အူအ​မှေး​ရောင်ခြင်း
၆)–သည်း​ခြေကင်ဆာဖြစ်ခြင်း အစရှိသည်ဖြင့် နောက်တွဲဆိုးကျိုး​တွေ အချိန်မ​ရွေး ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်​ချေ ရှိသူများ

-အသက် ၄၀ ​ကျော်သူများ
-မျိုးရိုးထဲမှာ သည်း​ခြေ​ကျောက်တည်ဖူးသူ ရှိသူများ
-ခန္ဓာကိုယ် အ​လေးချိန် များသူများ
-အမျိုးသမီးများ
-အဆီနှင့် ကိုလက်စ​တော အစားများသူများ
-အသည်း​ခြောက်​နေသူများ
-အမှတ် ( ၂ ) ဆီးချို​ရောဂါရှိသူများ
-​သွေးနီဥ ​ရောဂါရှိသူများ
-​သွေးတွင်း ကိုလက်စ​တော မြင့်မားသူများ
-ကိုယ်ဝန်​ဆောင် အမျိုးသမီးများ
-Estrogen (သ​န္ဓေတား​ဆေး ) ပါ​သော​ဆေး ​သောက်သုံး​နေသူများ စသူတို့ဟာ သည်း​ခြေ​ကျောက်တည်နိုင်​ချေ မြင့်မားသူများဖြစ်ကြပါတယ်။

​ရောဂါရှာ​ဖွေခြင်းနည်းလမ်းများ

-အာထွာ​ဆောင်း ( USG-Abdomen ) ရိုက်ခြင်းက​တော့ သည်း​ခြေ​ကျောက်တည် ​ရောဂါရှာ​ဖွေတဲ့ အထဲမှာ အရိုးရှင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

-CT ရိုက်ပြီး​ရောဂါသိနိုင်​ပေမဲ့ အဲဒီနည်းက အချိန်ပိုကြာတယ်။ ​ငွေကုန်​​ကျေးကျ များပါတယ်။

-Radionuclide scan ရိုက်ခြင်းက​တော့ သည်း​ခြေပြွန် နှင့် သည်း​ခြေပြွန်ကြီး​တွေ ပိတ်​နေလား ပိတ်မ​နေဘူးလားဆိုတာ​တွေကို သိနိုင်ပါတယ်။

ပုံမှန်အားဖြင့်​တော့အထွာ​ဆောင်းရိုက်​သော နည်းလမ်းက​တော့ အသုံးအများဆုံး နည်းလမ်းပဲဖြစ်ပါတယ်။ ရိုးရှင်းတယ်။ လွယ်ကူတယ်။ ​ငွေကုန် သက်သာပါတယ်။

ကုသခြင်းနည်းလမ်းများ

ကုသနည်းလမ်း​တွေက​တော့
-လူနာ၏အသက်
-​ရောဂါအခံများ
-​ဝေဒနာခံစားရမှု
-​ကျောက်အရွယ်အစား
-​နောက်ဆက်တွဲဆိုးကျိုးများအ​ပေါ် မူတည်ပြီး ခွဲစိပ်ကုသနည်း၊ ​ကျောက်​ခြေနည်း၊ နှင့် ​​ကျောက်​ပျော်​ဆေး​တွေ သ့​တော်သလို ဆရာဝန်က သုံးသပ်ပြီး အကြံ​ပေးပါလိမ့်မယ်။

ခွဲစိပ်ကုသနည်း

ခွဲစိပ်နည်း​တွေမှာ​တော့ ရိုးရိုးခွဲစိပ်နည်း နဲ့ ​လေဆာဖြင့်ခွဲစိပ်နည်း( မှန်​ပြောင်းသုံးခွဲစိပ်နည်း )​ဆိုပြီးရှိပါတယ်။ မှန်​ပြောင်းသုံးခွဲစိပ်နည်းက​တော့ လူနာခံစားရမှု သက်သာတယ်။ ​ဆေးရုံ မှာရက်အနည်းငယ်ပဲ ​နေရပါတယ်။

​ကျောက်​ခြေနည်း

-အသံလှိုင်းနဲ့ ​ကျောက်​ခြေတာပါ။ဒီနည်းက​တော့ သိပ်သုံး​လေ့မရှိပါဘူး။

​ကျောက်​ခြေ​ဆေး

-Ursodeoxycholic acid ပါတဲ့ ​ဆေး​တွေကို​လည်း သုံးလို့ရပါတယ်။ ဒါ​ပေမယ့် နှစ်ချီပြီး ​သောက်သုံးရတာ​တောင် ​ကျောက်​ကြေဖို့ မ​သေချာပါဘူး။ ဒါ​ကြောင့် ခွဲစိပ်ကုသနည်း ကိုသာ အသုံးများကြပါတယ်။

ကာကွယ်နည်းလမ်းအချို့

ဒါ​တွေကို ​ဆောင်

-ငါးအဆီ၊ သံလွင်ဆီ စ​သော မပြည့်ဝ ဆီ ​တွေ များများ စားသုံး​ပေးပါ။
-အမျှင်ဓါတ်ပါ​သော အစားအစာများ စားသုံး​ပေးပါ။
-​ရေများများ ​သောက်​ပေးပါ။

ဒါ​တွေကို ​​ရှောင်

-ဝက်ဆီ ၊ ဝက်အူ​ချောင်း၊ ဝက်​ပေါင်​ခြောက် စ​သော တိရစ္ဆာန်ဆီ စားသုံးမှုကို ​လျှော့ချပါ။
-ပြုပြင်ထား​သောအစာများ၊ ကွတ်ကီးများ၊ ​ပေါင်မုန့်များ၊ ကိတ်မုန့်များ စားသုံးမှုကို ​လျှော့ချပါ။
-Cheese နဲ့ မလိုင် စားသုံးမှု ကို ​လျှော့ချပါ။

အားလုံး သည်းခြေကျောက်တည်ခြင်းမှ ကင်းဝေးကြပါ‌စေ။

Dr. Fleming

https://www.healthline.com/health/gallstones#treatment

https://www.nhs.uk/conditions/gallstones/

Scroll to Top