ပုခုံးကိုက်၊ ပုခုံးခဲခြင်း ( Frozen Shoulder )

ပုခုံးနာ၊ ပုခုံးကိုက်၊ ပုခုံးခဲခြင်း ( Frozen Shoulder ) ဆိုတာက လက်​မောင်းအရင်းပိုင်း နာကျင်ကိုက်ခဲမှုကို ခံစားရပြီး လက်​မောင်း ​ကောင်းမွန်စွာလှုပ်ရှားလို့ မရတဲ့ ​​ရောဂါဖြစ်ပါတယ်။ ဘာ​ကြောင့် ပုခုံးကိုက်လာတာလဲဆို​တော့ လက်​မောင်းအဆစ်မှာရှိတဲ့ အရွတ်​တွေ​ရောင်ရမ်းတင်းခဲလာတဲ့အတွက်​ကြောင့် ​ဝေဒနာ​တွေ ​ပေါ်လာတာဖြစ်ပါတယ်။ လက်​​မောင်းမှာ ရှိ​နေတဲ့ အရိုး​တွေ အရွတ်​တွေ ကြွက်သား​တွေကို ကြည့်လိုက်လျှင် ဒီလို​တွေ့ရမှာဖြစ်ပါတယ်။

လက်​မောင်းရိုးထိပ်၊ ညှပ်ရိုးထိပ်နဲ့ လက်ပျဥ်ရိုးရဲ့ထိပ်ဝ​လေး​တွေ ပါ ပါမယ်။အဲဒိအရိုး ၃ ခုကို Supraspinatus, infraspinatus,teres minor, teres minor နဲ့ subscapularis လို့​ခေါ်တဲ့ ကြွက်သား ​တွေရဲ့ အ​ကြော​တွေက ချိတ်ဆက်​ပေးထားတာဖြစ်ပါတယ်။ Supraspinatus ကြွက်သားရဲ့အ​ကြော ( Tendon ) က လက်​မောင်းထိပ်ရိုးကို အ​ပေါ်က​နေတွယ်​ပေးထားတာဖြစ်ပါတယ်။ အဲဒီအ​ကြော​ရောင်တာ ဒါမှမဟုတ် ပြတ်သွားခြင်းက ပုခုံးကိုက် ​ရောဂါဖြစ်​တေဲ့ အ​ကြောင်းရင်းပါပဲ။

​ရောဂါဖြစ်ပွားပုံ

လက်​မောင်းဆစ်က အရွတ်ပြတ်လို့ပဲဖြစ်ဖြစ်၊ ​ရောင်ရမ်းလို့ပဲဖြစ်ဖြစ်၊ ​ရောင်ရမ်းလာတဲ့အခါ အရွတ်​တွေထူခဲလာပြီး ကပ်သွားကြပါတယ်။ လက်​မောင်းဆစ်ပါ ခိုငသွား (​ မူလကဲ့သို့ လှုပ်မရ ) ဖြစ်သွားပါတယ်။ ​ရောဂါဖြစ်ပွားပုံ အဆင့် ၃ ဆင့်ရှိပါတယ်။
ပထမအဆင့်ကို Freezing လို့​ခေါ်ပါတယ်။အဲဒီအဆင့်မှာ လက်​မောင်းရင်း အဆစ်က နာကိုက်ခဲ​ဝေဒနာကို ခံစားရပြီး မူလကဲ့သိုလှုပ်ရှားမရ​တော့ပါဘူး။ဒီအဆင့်က ၁လခွဲမှ ၉ လ အထိကြာနိုင်ပါတယ်။
ဒုတိယအဆင့်ကို Frozen လို့​ခေါ်ပါတယ်။ Frozen ဆိုတဲ့အမည်အတိုင်းပဲ လက်​မောင်းက ပထမအဆင့်ထက် ပိုခိုင်သွားပြီး​လှုပ်မရ​တော့ပါ။ လက်ဆန့်မရ​တော့ပါဘူး။ ​ခေါင်းမဖြီးနိုင်​​တော့ပါဘူး။ ဒါ​ပေမဲ့ လက်​မောင်းကိုက်တဲ့ လက္ခဏာက သက်သာသွားမှာဖြစ်ပါတယ်။ဒီအဆင့်က​တော့ ၄ လမှ ၆လ အထိကြာနိုင်ပါတယ်။
တတိယအဆင့်ကိုတော့ Thawing လို့​ခေါ်ပါတယ်၊ ဒီအဆင့်မှာ​တော့ လက်မောင်းခိုင်​နေတာ၊ လှုပ်မရတာ​တွေက သက်သာလာမှာဖြစ်ပြီး လှုပ်ရှား့ရလာမှာဖြစ်ပါတယ်။ ၆ လမှ ၂ နှစ်အထိ ကြာနိုင်ပါတယ်။

​ရောဂါလက္ခဏာများ

-လက်​မောင်းရင်းတွင် နာကျင်ကိုက်ခဲ​နေခြင်း
-ကိုက်ခဲမှု​ကြောင့် ​ကောင်းမွန်စွာ မအိပ်နိုင်ခြင်း
-လက်​မောင်း​ကောင်းမွန်စွာမလှုပ်ရှားနိုင်ခြင်း၊ လုံဝလှုပ်မရ​တော့ခြင်းတို့ပဲဖြစ်ပါတယ်။


​ရောဂါရှာ​ဖွေနည်းလမ်းများ

ပခုံးကိုက်ခဲနာ ( Frozen shoulder ) ​ရောဂါကို ဆရာဝန်​တွေက စမ်းသပ်ရုံနဲ့ သိနိုင်ပါတယ်။ ဒါ​ပေမဲ့ ကြွက်သားအ​ကြောပြတ်​နေတာ သိနိုင်ဖို့က​တော့ MRI ရိုက်ကြည့်မှ သိရပါမယ်။

ကုသမှုများ

-NSAIDs လို့​​ခေါ်တဲ့ အကိုက်အခဲ​ပျောက်​ဆေး​၊ ​ရောင်ရမ်းနာ​ပျောက်​ဆေးတွေ နဲ့ကုသရပါမယ်။
-​​​ရောဂါပြင်းထန်​နေလို့ NSAIDs ​ဆေး​တွေနဲ့ မသက်သာလျှင် Steroids လို့​ခေါ်တဲ့ အ​ရောင်အရမ်းကျထိုး​ဆေးကို လက်​မောင်းအဆစ်ထဲသို့ ဆရာဝန်​တွေက တိုက်ရိုက်ထိုးထည့်​တဲ့နည်းနဲ့ကုသ​ပေးနိုင်ပါတယ်။
-Supraspinatus အ​ကြောပြတ်​နေလျှင်​တော့ Arthroscope လို့​ခေါ်တဲ့ လက်​မောင်းအတွင်း မှန်​ပြောင်းထိုးပြီး ချုပ်​ပေးရပါတယ်။
-လက်​မောင်း​လေ့ကျင့်ခန်း​တွေ ​နေ့တိုင်းလုပ်​ပေး​နေရပါမယ်။ အဓိကက​တော့လက်​မောင်းကို လှုပ်လို့ရသ​ရွေ့ လှုပ်​ပေး​နေရပါမယ်။ အသုံးဝင်တဲ့ ​လေ့ကျင့်ခန်း အချို့က​တော့

အထက်ပါပုံ​တွေထဲက ​လေ့ကျင့်ခန်းပုံစံ​တွေအတိုင်းလိုက်လုပ်​ပေးလျှင်ဖြင့် ပုခုံးကိုက်ခဲလှုပ်မရ လူနာ​တွေအတွက်အမှန်တကယ် အကျိုးရှိ​စေမှာဖြစ်ပါတယ်။ ပုခုံးကိုက်ခဲလူနာ​တွေအတွက်အကျိုးရှိ​စေလို​သောဆန္ဒဖြင့်

Dr. Fleming

https://orthoinfo.aaos.org/en/diseases–conditions/frozen-shoulder/

Scroll to Top