ဂေါက်ရောဂါ

ဂေါက်​ရောဂါဆိုတာက ​ကျ​နော်တို့ ​အရပ်ထဲမှာ ဒီ​ကောင်က​တော့ ​ဂေါက်​ကြောင်​ကြောင် ဖြစ်​နေပါပြီ၊ ဟိုကောင်​တော့ ရူး​ဂေါက်​နေပြီ ဆိုတာမျိုးကို ​ပြောတာမဟုတ်ပါ။ အဆစ်အမြစ်နာ ​( Gout )ဂေါက်ရောဂါကို ​ပြောတာ ဖြစ်ပါတယ်။

မြန်မာလို ​ဂေါက်​ရောဂါ ဆိုတာက အင်္ဂလိပ်လို ( Gout ) ဆိုတဲ့ စကားလုံးကို တိုက်ရိုက် ဘာသာပြန်​ခေါ်​နေကြတာ ဖြစ်ပါတယ်။​ ​သွေးထဲမှာ Uric acid ​တွေများလာပြီးတချို့အဆစ်အမြစ်​ ( အထူးသဖြင့် ​ခြေ​ထောက်မှာရှိတဲ့ အဆစ်အမြစ်​တွေ ) တွေမှာ အနည်ကျလာတဲ့အခါ ​ဂေါက်​ရောဂါ ​​ဝေဒနာကို ခံစားလာကြရတာပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ​သွေးတွင်း Uric acid ကအမျိုးသား​တွေမှာ ​7 mg/dl ထက်မ​များရပါဘူး။ အမျိုးသမီး​တွေမှာ 6 mg/dl ထက်မများရပါဘူး။ အဲဒီထက်များလာပြီဆိုလျှင်​တော့ Uric acid များခြင်း ( Hyperuricaemia ) လို့ ​ခေါ်နိုင်ပြီး ​ဂေါက်​ရောဂါ အချိန်မ​ရွေး ခံစားလာရနိုင်ပါတယ်။

ဘာ​ကြောင့် Uric acid ​တွေများလာရတာလဲ

လူ​တွေရဲ့ ကိုယ်ခန္ဓာထဲမှာ
HPRT ဆိုတဲ့ Eznyme ဓါတ်ချို့တဲ့​နေလျှင် Uric acid ​တွေ ​သွေးထဲမှာ များလာပြီး ​ဂေါက်​ရောဂါ ဖြစ်လာပါတယ်။
APRT ဆိုတဲ့ Enzyme ဓါတ်များ​​နေလျှင်လည်း Uric acid ​တွေများလာပြီး Gout ​ရောဂါ ဖြစ်​စေမှာ ပဲဖြစ်ပါတယ်။

ဘယ်သူ​တွေမှာ ​​ဂေါက်​ရောဂါ ဖြစ်နိုင်​ချေ များသလဲ

-HPRT Enzyme ချို့တဲ့သူ​တွေ
-APRT Enzyme များ​နေသူ​တွေ
-မိဘ၊ ညီအကို​မောင်နှမ​တွေမှာ ​ဂေါက်​ရောဂါရှိသူ​တွေ
-သက်လတ်ပိုင်း အမျိုးသား​တွေ
-​သွေးဆုံးတဲ့ အမျိုးသမီး​တွေ
-အရက် ဘီယာ ​သောက်သုံးသူ​တွေ
-​ကျောက်ကပ်​ရောဂါ၊ သိုင်းရိုက်​ရောဂါ၊ ဆီးချို​ရောဂါ၊ ​သွေး​ကင်ဆာ​ရောဂါရှိသူ​တွေ
-တချို့​ဆေးဝါး​တွေ ( ဆီး​ဆေး​တွေ၊ Ethambutol နဲ့ Pyrazinamide ဆိုတဲ့ TB ​ဆေး​တွေ၊ Cyclosporine )
-အဝလွန်သူ​တွေ စသူ​တွေမှာ ဖြစ်နိုင်​ချေ များပါတယ်။

​ရောဂါလက္ခဏာများ

​ရောဂါလက္ခဏာ အ​နေနဲ့က​တော့ ​​ရောဂါဖြစ်လာမဲ့ အဆစ်အမြစ်က ​ရောင်ရဲ လာမယ်။ ( အထူးသဖြင့် ​ခြေမအရင်းမှာရှိတဲ့ အဆစ်က အဓိက ခံစားရမယ်။ တခြားအဆစ်​တွေလည်း ဖြစ်နိုင်တာပါ​သေးတယ်။ ) နာလာမယ်။ ဘယ်လာက်အထိ နာသလဲဆိုလျှင် ဘဝမှာ မကြုံဖူး​သေးတဲ့ နာတဲ့ အနာမျိုးလို့ ဆိုကြတယ်။ လက်နဲ့စမ်းကြည့်လျှင် ပူ​နွေး​နွေးဖြစ်​နေမယ်။ အဲဒါက ( ၃ )ရက်က​နေ ( ၁၀ ) ရက်အထိ ကြာနိုင်ပါတယ်။
​ဂေါက်​ရောဂါရဲ့ သ​ဘောက​တော့ ​​ရောဂါထတဲ့အချိန်မှာ အဆစ်က နာလာမယ်။ ​ရောဂါမထတဲ့အချိန်​တွေမှာ ​သွေးထဲမှာ Uric acid ​တွေများ​နေ​ပေမဲ့ အဆစ်​တွေက မနာပါဘူး ။ မ​ရောင်ပါဘူး။

Uric acid ​တွေ အနည်ကျ ​ကျောက်တည်လာပြီ ဆိုလျှင်​တော့ အဆစ်အမြစ်​တွေ၊ အ​ရေပြား​အောက်၊ နဲ့ ​ကျောက်ကပ်တို့မှာ ​​(Tophi ) ဂေါကျောက်တည် လာနိုင်ပါ​သေးတယ်။
​သွေးထဲမှာ Uric acid ​တွေများ​နေ​ပေမယ့် အဆစ်​တွေက မနာဘူး မ​ရောင်ဘူး ဆိုပြီး ​ဆေးစွဲမ​သောက်ခဲ့ရင် Uric acid ​တွေက အဆစ်အမြစ်​တွေ အရိုး​တွေမှာ အနည်ကျပြီး ​ကျောက်တည်( Tophi ​တွေဖြစ်လာ )လာခဲ့ရင် အဆစ်အမြစ်​တွေ အရိုး​တွေ ပျက်စီးမှာ ဖြစ်ပါတယ်။ ဒါ​ကြောင့် Uric acid ကျတဲ့​ဆေး​တွေကို စွဲ​သောက်ရမှာ ဖြစ်ပါတယ်။

‌‌ဂေါက်ကြောင့်ခြေမအဆစ်ရောင်နေပုံ
တံတောင်ဆစ်တွင် Tophi ဖြစ်နေပုံ
လက်အဆစ်တွင် Tophi ဖြစ်နေပုံ

ဘယ်လိုကုသရမလဲ

– ​​ဂေါ​က်ရောဂါ ထလာတဲ့ အချိန်​တွေမှာ​တော့ အဆစ်အမြစ်​တွေ အရမ်းနာကျင်လာတာ​ကြောင့် NSAID လို့​ခေါ်တဲ့ အကိုက်အခဲ​ပျောက်​ဆေး​တွေ ​သောက်​ပေးရပါမယ်။
– Colchincine ​ဆေးက​တော့ Gout ထတဲ့အချိန်မှာ မဖြစ်မ​နေ ​သောက်ရမဲ့​ဆေးဖြစ်ပါတယ်။
– ​ဂေါက်​ရောဂါ ပြန်မထ​အောင် ကာကွယ်​ပေးတဲ့​ဆေးတွေက​တော့ Allopurinol နဲ့ Febuxostat တို့ပဲ ဖြစ်ပါတယ်။ ဒီ​ဆေး ( ၂ ) မျိုးထဲက တခုကို​တော့ စွဲ​သောက်​ပေးမှ ​ဂေါက်​ရောဂါ ထတဲ့ အကြိမ်​ရေ နည်းမှာ ဖြစ်ပါတယ်။ အဲ​ဆေး​တွေက ခန္ဓာကိုယ်ထဲမှာ Uric acid ​တွေ မများ​အောင်ထိန်း​ပေးတဲ့​ဆေး​တွေပဲ ဖြစ်ပါတယ်။

ဂေါက်​ရောဂါ ရှိသူ​တွေ ဘယ်လိုအချက်​တွေ လိုက်နာရမလဲ

– Allopurinol or Febuxostat ​ဆေးကို ​ဆေးညွန်းအတိုင်း ​သေချာစွဲ​သောက်​ပေးရပါမယ်။
– ကိုယ်အ​​​​လေးချိန် ​လျှော့ချရပါမယ်။
– အရက်၊ ဘီယာ ​ဖြတ်ရပါမယ်၊
-ကိုယ်လက်လှုပ်ရှား ​လေ့ကျင့်ခန်း လုပ်​ပေးရပါမယ်။

​ရှောင်ကြဥ်ရမည့် အစားအစာများ

– အစို့​အ​ညှောင့်၊ ပဲပင်​ပေါက်အမျိုးမျိုး၊ မျှစ်၊ အင်ဥ၊ မှို
– ကလီစာ အမျိုးမျိုး
– အမဲသား၊ဝက်သား၊သိုးသား စ​သော အသားနီများ
– ​သွေးခဲအမျိုးမျိုး
– ပင်လယ်စာများ
– fructose ပါ​သော အသီးများ၊ အချိုရည်များ
အစရှိတာ​တွေကို ​ရှောင်ကြဥ်ကြရမှာပါ။

Dr. Fleming
Reference
https://www.healthline.com/health/gout#foods-to-avoid

https://dmsjournal.biomedcentral.com/articles/10.1186/17

Scroll to Top