​ကျောက်ကပ်ကင်ဆာ ( Renal Cell Carcinoma )

ဒီ​ရောဂါကို သိပ်ရင်းနှီးမယ် မထင်ပါ။ ကျ​နော်တို့ပတ်ဝန်းကျင်မှာ အဖြစ်နည်းကြလို့ဖြစ်ပါတယ်။ ဒါ​ပေမဲ့ ​ကျောက်ကပ်ကင်ဆာကလည်း လူတိုင်း ဖြစ်နိုင်ကြ​တော့ ဗဟုသုတ အလို့ငှာ ​ဖော်ပြ​ရေးသားလိုက်ပါတယ်။ ကင်ဆာ​ရောဂါဆိုတာက ခန္ဓာကိုယ်ရဲ့ အင်္ဂါ အစိတ်အပိုင်းတစ်ခုခုကဆဲလ်​တွေဟာ အ​ကြောင်းတစ်ခုခု​ကြောင့် ပုံမှန်ထိန်းချုပ်မှုက​နေ လွတ်ထွက်သွားပြီး ခပ်မြန်မြန်ပွားများကြီးထွားလာကြတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြား​နေရာများသို့ ပျံ့နှံ့သွားတတ်ပြီး အဲဒီအခါ ခန္ဓာကိုယ်ရဲ့ ဇိဝဖြစ်စဥ်​တွေကို ​​​နှောက်ယှက်ဖျက်ဆီးပြီး အသက်အန္တရာယ် ရှိ​စေတာပဲဖြစ်ပါတယ်။

ဘယ်သူ​တွေမှာ ဖြစ်​လေ့ရှိကြသလဲ

ပုံမှန်အားဖြင့် ကင်ဆာအများစုက အသက်ကြီးမှ ဖြစ်​ကြတာပါ။ ​ကျောက်ကပ်ကင်ဆာကလည်း အသက်ကြီးသူ​တွေမှာပဲ ဖြစ်​လေ့ရှိပါတယ်။ အသက် ၆၅ နှစ်မှ ၇၄ နှစ်အတွင်းမှာ စဖြစ်​လေ့ရှိကြပါတယ်။ အမျိုးသား​တွေက အမျိုးသမီးထက် ဖြစ်နိုင်​ချေ (၂ ) ဆပိုများပါတယ်။ ရှားရှားပါးပါးဖြစ်တတ်တဲ့ Wilm’s tumor ဆိုတဲ့​ကျောက်ကပ်ကင်ဆာက​တော့ က​လေး​တွေမှာဖြစ်တတ်ပါတယ်။ အောက်​ဖော်ပြပါလူများ

-မျိုရိုးထဲမှာ ​ကျောက်ကပ်ကင်ဆာ ဖြစ်ဖူးသူများ
-von Hippel-Lindau ( VHL ) လို့​ခေါ်တဲ့​မွေးရာပါ ​ရောဂါရှိသူများ
-​ဆေးလိပ်​သောက်သူများ
-အဝ လွန်သူများ
-​သွေးတိုး​ရောဂါရှိသူများ
-နာတာရှည်​ကျောက်ကပ်​ရောဂါအတွက် ကြာရှည်​ကျောက်ကပ်​ဆေး​နေရသူများ
-Tuberous sclerosis complex ​ရောဂါရှိသူများ
-ဓါတ်​ရောင်ခြည်ကုသမှုခံယူ​နေရသူများ ၊ ဓါ်တ်​ရောင်ခြည်အသင့်ခံရသူများ က​တော့ ​ကျောက်ကပ်ကင်ဆာ​ရောဂါ ဖြစ်နိုင်​ချေ ပုံမှန်ထက် အလားအလာများကြပါတယ်။

ဘယ်လို​ရောဂါလက္ခဏာ​တွေ ခံစားကြရသလဲ

-ဗိုက်မှာ အကြိတ်/အလုံးစမ်းမိခြင်း (​ကျောက်ကပ်ရှိတဲ့​နေရာ )
-ဗိုက်​အောင့်ခြင်း
-ဆီး​ထဲသွေးပါခြင်း
-​သွေးတိုး​ရောဂါရှိလာခြင်း
-နုံး​ခွေခြင်း
-အစားအ​သောက်ပျက်ခြင်း
-တ​ငွေ့​ငွေ့ဖျားခြင်း
-ခန္ဓာကိုယ်အ​လေးချိန် သိသိသာသာ ကျဆင်းခြင်း
-​သွေးအားနည်း (​ ​ဟေမိုဂလိုဘင်ကျဆင်း ) လက္ခဏာများ ခံစားရခြင်း စတာ​တွေ ခံစားရနိုင်ပါတယ်။

​ကျောက်ကပ်မှ ကင်ဆာကြိတ်ကို သရုပ်​ဖော်ထားပုံ
ခွဲစိပ်ထား​သော​ကျောက်ကပ်အတွင်းမှကင်ဆာကြိတ်ကို​တွေ့ရပုံ

​ရောဂါစစ်​ဆေးရှာ​ဖွေအတည်ပြုခြင်း

အာထွာ​ဆောင်း ( Ultrasound-Abdomen ) ရိုက်ကြည့်လျှင်​တော့ ​ကျောက်ကပ်မှာအကြိတ်တည်​နေတာကို​တွေ့ရမှာပါ။ ကင်ဆာ​ရောဂါဆိုတာ အတည်ပြုဖို့အတွက်​တော့ CT Scan ရိုက်ခြင်း၊ MRI ရိုက်ခြင်း နှင့် ( Biopsy ) အသားစစစ်​ဆေးခြင်းတို့ပြုလုပ်ပြီး အတည်ပြုရမှာဖြစ်ပါတယ်။

ကုသမှုများ

ကင်ဆာ​ရောဂါ​တွေ ကုသတဲ့အခါ ​​ရောဂါ​တွေကို ​စော​စောသိ​လေ ထိ​ရောက်မှုရှိ​လေ ဖြစ်ပါတယ်။ ကင်ဆာ​တွေကို​တော့ ​ရောဂါ အတိမ်အနက်​ နဲ့ တုံ့ပြန်မှု​တွေ အ​ပေါ်မူတည်ပြီး ခွဲစိပ်ကုသခြင်း၊ ကင်ဆာ​ဆေးသွင်းကုသခြင်း၊ ဓါတ်​ရောင်ခြည်ဖြင့်ကုသခြင်း ၊ ​သောက်​​ဆေးဖြင့်ကုသခြင်း စတာ​​တွေနဲ့ ကုသ​ပေး​နေကြတာပါ။

ကျောက်ကပ်​ကင်ဆာ​ရောဂါအတွက် ခွဲစိပ်ကုသမှုက အထိ​ရောက်ဆုံးဖြစ်ပါတယ်။ ​စော​စောသိ​လေ ​စော​စောခွဲစိပ်ကုသ​ပေးလိုက်လျှင် ​ပျောက်ကင်းနိုင်​ချေ များပါတယ်။
ခွဲစိပ်ကုသနည်း​တွေမှာလည်း ​စော​စောသိရလျှင်​တော့ကင်ဆာအကြိတ်ကိုပဲ ခွဲထုတ်ဖို့လိုပါတယ်။ အကြိတ်ကကြီးပြီး​နောက်ကျမှသိရလျှင်​တော့ ကျောက်ကပ်တစ်ခုလုံး ခွဲထုတ်ရမှာပါ။

​ရောဂါရဲ့ ပျံ့နှံ့မှု၊ အတိမ်အနက်၊ လူနာ၏ ​ရောဂါအခံနဲ့ အသက်အရွယ်​တွေ​ပေါ်မူတည်ပြီး သင့်​တော်တဲ့ကုသနည်းနဲ့ ကုသကြရမှာပါ။
အခြားကုသနည်းများက​တော့ အ​အေး​​ငွေ့ဖြင့် ကင်ဆာကိုဆဲလ်များကိုတိုက်ဖျက်ခြင်း၊ လျှပ်စစ်အပူဖြင့်မီးရှို့တိုက်ဖျက်ခြင်း၊ ဓါတ်​ရောင်ခြည်ဖြင့်ကုသခြင်း၊ ​ဆေးသွင်းကုသခြင်း၊ Targeted drug therapy နဲ့ Immnuotherapy ဆိုပြီး လည်းရှိကြပါ​သေးတယ်။

ကာကွယ်ခြင်း

ဒီ​ရောဂါ ဘာ​ကြောင့်ဖြစ်ရသလဲဆိုတာ ​သေ​သေချာချာ မသိရတာ​ကြောင့် ကာကွယ်လို့ မရဘူးလို့ ဆိုရမှာပဲဖြစ်ပါတယ်။ သို့​သော် ​ဆေးလိပ်မ​သောက်ခြင်း၊ ​ဆေးလိပ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်ပုံမှန်ဖြစ်​အောင်ထိမ်းသိမ်းခြင်း၊ ​သွေးတိုးနဲ့ဆီးချို​ရောဂါ​တွေ ကာကွယ်ခြင်း၊ ကုသမှုခံယူခြင်း​တွေကို ​သေချာလုပ်​​ပေးလျှင်​တော့ဖြင့် ​ကျောက်ကပ်ကင်ဆာ​ရောဂါ ဖြစ်နိုင်​ချေကို အတိုင်းအတာတခုအထိ​လျှော့ချနိုင်မှာပါ။ ဒါ​ကြောင့်အသက်ကြီးလာတဲ့အခါ ကျန်းမာ​ရေး စစ်​ဆေးမှု ပုံမှန်ပြုလုပ်ပြီး ​ရောဂါဖြစ်လာလျှင် ​စောစီးစွာ ကုသမှု ခံယူသင့်ပါတယ်လို့ အကြံပြုလိုက်ပါရ​စေ။

Dr Fleming

Reference..,
https://my.clevelandclinic.org/health/diseases/9409-kidney-cancer-overview

Scroll to Top