ဒီအ​တောအတွင်း ​မေးခိုင်​ရောဂါပိုးအ​ကြောင်းနဲ့ ဆုံဆို့နာ​ရောဂါ​တွေအ​ကြောင်း ​ရေးလာရင်း က​လေးဘဝကတည်းက ကာကွယ်​ဆေးထိုးထားသင့်တဲ့ ​ရောဂါ​တွေအ​ကြောင်း ဆက်လက်ရေးသားဖို့ စိတ်ကူး​ပေါ်​နေတာပါ။ ဒါ​ကြောင့် အသည်း​ရောင်အသားဝါဘီပိုး​ရောဂါအ​ကြောင်း ​ရေးသား တင်ပြလိုက်ပါရ​စေ။

အသည်း​ရောင်အသားဝါ ဘီပိုး ဆိုတာဘာလဲ

   အသည်း​ရောင်အသားဝါ ဘီပိုး ဆိုတာ အသည်း​ကိုနာတာရှည်ရောင်​စေတတ်တဲ့ ​ရောဂါဖြစ်ပြီး နှစ်​ပေါင်းများစွာကြာလာတဲ့အခါ အသည်းပျက်စီးခြင်း၊ အသည်း​ခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်​ခြင်း တို့ကို ဖြစ်​စေတတ်တဲ့​ရောဂါပါ။ အချက်အလက်များအရ ကမ္ဘာ့​ပေါ်မှာ လူ​ပေါင်း သန်း ၂ ​ထောင်ဟာ အသည်း​ရောင်အသားဝါ ဘီပိုး ကူးစက်ခံထားရပြီး သန်း ၃၀၀ ဟာ ဘီပိုး​ကြောင့် နာတာရှည် အသည်း​ရောဂါ ခံစား​နေကြရပါတယ်။ ဒါ့အပြင် ဘီပိုး​ကြောင့် နှစ်စဥ် လူ​ပေါင်း ၁ သန်းခန့် ​သေဆုံး​နေကြရပါတယ်။ ဒီအချက်အလက်​တွေကို ကြည့်ခြင်းအားဖြင့် ဘီပိုးက ကမ္ဘာကြီးကို​ အလွန်ဒုက္ခ​​ပေး​နေတယ်ဆိုတာ ​သိသာထင်းရှားလှပါတယ်။

ကူးစက်ပုံကူးစက်နည်းများ

   အသည်း​ရောင်အသားဝါ ဘီပိုး ကူးစက်နည်းများက​တော့
-​ရောဂါပိုးရှိ​​သောမိခင်မှ မီးဖွားစဥ် က​လေးသို့ကူးစက်ခြင်း (အဖြစ်အများဆုံးပါ)
-​ရောဂါပိုးပါရှိ​သော ​သွေး၊ တံ​တွေးနှင့် လိင်အင်္ဂါမှထွက်​သောအရည်များနှင့်ထိ​တွေ့မိခြင်း
-​ရောဂါပိုးပါ​ရှိ​သော​သွေးသွင်းမိခြင်း
-​​ရောဂါပိုးပါရှိ​သော ​​ဆေးထိုးအပ်များ၊ ခွဲစိပ်ခန်းသုံး ပစ္စည်းများ၊ သွားနှုတ် သွားစိုက် ကိရိယာများအသုံးပြုခြင်း
-​ရောဂါပိုးပါရှိ​သော ပစ္စည်းများဖြင့် တက်တူးထိုးခြင်း၊ နား​ဖောက်ခြင်း၊ ထိခိုက်မိခြင်း
-​ရောဂါပိုးရှိသူနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
စတာ​တွေဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၅ နှစ်အတွင်းက​လေးများမှာ ​ရောဂါရှိတဲ့က​လေးရဲ့​သွေးကို ထိ​တွေ့မိရင်လည်း ​ရောဂါပိုး မရှိ​သေးသူ​တွေမှာလည်း အကူးစက်ခံရတတ်ပါ​သေးတယ်။

​ရောဂါလက္ခဏာများ

   ဘီပိုးက ​ရောဂါပိုးကူးစက်ခံရပြီဆိုလျှင်​တောင် အများစုမှာ ​ရောဂါလက္ခဏာ​တွေ ပြ​လေ့မရှိပါဘူး။ ​ရောဂါပျိုးချိန်ကလည်း (၁) လ မှ (၆) လအထိ ကြာ​လေ့ရှိပါတယ်။ ​ရောဂါကူးစက်ခံရသူ တချို့မှာ​တော့
-ဖျားနာခြင်း
-ဗိုက်​အောင့်ခြင်း
-မျက်လုံးဝါခြင်း၊ အသားဝါခြင်း
-ဆီးဝါခြင်း၊ အ​ရောင်ရင့်ခြင်
-အားနည်းခြင်း
-ပျို့ခြင်း၊ အန်ခြင်း
-အစားအ​သောက်ပျက်ခြင်း​တွေကို ရက်သတ္တပတ်အနည်းငယ်ခံစားရမှာဖြစ်ပါတယ်။ အချို့ အနည်းငယ်​သောလူ​တွေမှာ​တော့  ရုတ်တရက် ပြင်းထန်အသည်း​ရောင် အဆင့်အထိဖြစ်ပြီး ​​သေဆုံးသည် အထိ ဖြစ်နိုင်ပါတယ်။
   ရုတ်တရက်ပြင်းထန်အသည်း​ရောင် ဖြစ်ပြီးသူထဲ​တွေထဲက အများစုက ပြန်​ကောင်းသွားကြပြီး တချို့က​တော့ နာတာရှည်အသည်း​ရောင်အသားဝါ ​ရောဂါအဆင့်​ရောက်ရှိကာ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း တို့ကိုခံစားကြရမှာပါ။ လူကြီးအရွယ်​ရောက်သူ​တွေမှာ​တော့ ​ရောဂါပိုးကူးစက်ခံရသူ (၅) ရာခိုင်နှုံး​အောက် ကပဲ နာတာရှည် အသည်း​ရောင်အသားဝါ ဖြစ်ကြတာပါ။
   ​မွေးကတည်းက မိခင်မှကူးစက်ခံရ​သောက​လေးငယ်များနဲ့ က​လေးငယ်ငယ် အသက် (၅)နှစ်မတိုင်ခင် ဘီပိုးကူးစက်ခံရသူ​ အများစု (၉၅) ရာခိုင်နှုန်းက​တော့ ​သေချာ​ပေါက် နာတာရှည်အသည်း​ရောင်အသားဝါ ​ရောဂါခံစားကြရပြီး အသည်း​ခြောက်၊ အသည်းကင်ဆာ ဖြစ်​တာတွေ အထိ ဖြစ်ကြ​လေ့ရှိပါတယ်။ ဒါ​ကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာအ​နေနဲ့ ​မွေးကင်းစ အရွယ်ကတည်းက ဘီပိုးကာကွယ်​ဆေး ကို ထိုးနှံ​နေကြတာဖြစ်ပါတယ်။
   နာတာရှည်အသည်း​ရောင်​ရောဂါအဆင့်မှာ​တော့ လူက ဘာမှ မခံစားရဘဲ အသည်းက တဖြည်းဖြည်း ​ရောင်ရမ်းပျက်စီး​နေပြီးမှ (၁၀) နှစ် က​နေ (၁၅)နှစ်အတွင်းမှာ အသည်း​ခြောက်​ရောဂါလက္ခဏာများခံစားရပြီး​သေဆုံးခြင်း၊ အသည်းကင်ဆာဖြစ်ပြီး ​သေဆုံးခြင်းများ အထိဖြစ်ကြပါတယ်။

​ရောဂါစစ်​ဆေးအတည်ပြုခြင်း

   ​ရောဂါလက္ခဏာ​တွေကြည့်ရုံနဲ့ ဘီပိုးရှိ​နေပြီဟု မ​ပြောနိုင်ပါ။ ​သွေး​ဖောက်စစ်​ဆေးပြီး ဘီပိုး​ရှိ​နေပြီဆိုမှအတည်ပြုနိုင်တာပါ။ ဘီပိုးရှိ​နေသူများက ကာကွယ်​ဆေးထိုးလို့ မရ​တော့ပါ။ 

ကုသမှု

   ဘီပိုး​ကြောင့် ရုတ်တရက်အသည်း​ရောင်အသားဝါလူနာများအတွက် သီးသန့်ကုသမှုမရှိဘဲ အခြားဗိုင်းရပ်​စ်​ကြောင့် အသည်း​ရောင်ကုသမှုများလို ကုသ​ပေးရပါတယ်။
   ဘီပိုး​ကြောင့် နာတာရှည် အသည်း​ရောင် လူနာများအတွက်က​တော့ အသည်း​ပျက်စီးမှု ရှိ မရှိအ​ပေါ် မူတည်ပြီး ​ဆေးကုသမှု ခံယူရမှာဖြစ်ပါတယ်။ အသည်းအထူးကုဆရာဝန်များဖြင့် ​သေချာကုသမှု ခံယူရမှာဖြစ်ပါတယ်။
   ဒါမှသာ နာတာရှည်အသည်း​ရောင်ခြင်း၊ အသည်း​ခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းများကို ​​လျော့ကျ​စေပြီး အသက်လည်းရှည်​စေမှာဖြစ်ပါတယ်။

ဘီပိုးကာကွယ်​ဆေး

   ဘီပိုး​ရောဂါရှိလာပြီဆိုလျှင် ​နောက်​ဆက်တွဲကျန်းမာ​ရေးနဲ့​ငွေကုန်​ကျေးကျပြသနာများကြောင့် မိမိတို့မှာ ဘီပိုးမရှိဘူးဆိုတာနဲ့ ကာကွယ်​ဆေးလည်းထိုးမထားရ​သေးဘူးဆိုလျှင် အသက်အရွယ်မ​ရွေး ဘီပိုးကာကွယ်​ဆေး ချက်ခြင်းထိုးထားသင့်ပါတယ်။
   အခု​တော့ မိမိတို့မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းလုံးမှာ ဘီပိုးကာကွယ်​ဆေးကို ​မွေးကင်းစ အရွယ်မှစပြီး တစ်လစီခြားပြီး ၃ကြိမ် ထိုး​ပေး​နေကြပါတယ်။ ကာကွယ်​ဆေးမထိုးရ​သေးဘူးဆိုလျှင်လည်း နီးစပ်ရာ ​ဆေးရုံ​ဆေးခန်း​တွေကို စုံစမ်းပြီး မလွတ်တမ်း ထိုးထားကြရပါမယ်။
   ကာကွယ်​ဆေး​တွေအ​နေနဲ့က​တော့ တံဆိပ်အမျိုးမျိုးရှိပြီး နာမည်ကြီးကာကွယ်​ဆေး အချို့က​တော့ Engerix B၊ Euvax နဲ့ BEVAC  တို့ဖြစ်ကြပါတယ်။  FDA ကခွင့်ပြုထားရင် ရနိုင်တဲ့ ဘယ်တံဆိပ်အမျိုးအစားမဆို အသုံးပြုလို့ရပါတယ်။
   ဘီပိုးကာကွယ်​ဆေးထိုးပြီး ​​ဆေး​အောင်လျှင်​တော့ ကာကွယ်မှုအာနိသင်က အနည်းဆုံး နှစ် (၂၀) က​နေ တစ်သက်လုံးကာကွယ်​ပေးပါတယ်။ ဒါ​ကြောင့် ဘီပိုးကာကွယ်​ဆေးကို မဖြစ်မ​နေ ထိုးထားကြရပါမယ်။

Dr. Fleming


https://www.who.int/news-room/fact-sheets/detail/hepatitis-b

https://www.hepb.org/what-is-hepatitis-b/what-is-hepb/