ပုခုံးနာ၊ ပုခုံးကိုက်၊ ပုခုံးခဲခြင်း ( Frozen Shoulder ) ဆိုတာက လက်မောင်းအရင်းပိုင်း နာကျင်ကိုက်ခဲမှုကို ခံစားရပြီး လက်မောင်း ကောင်းမွန်စွာလှုပ်ရှားလို့ မရတဲ့ ရောဂါဖြစ်ပါတယ်။ ဘာကြောင့် ပုခုံးကိုက်လာတာလဲဆိုတော့ လက်မောင်းအဆစ်မှာရှိတဲ့ အရွတ်တွေရောင်ရမ်းတင်းခဲလာတဲ့အတွက်ကြောင့် ဝေဒနာတွေ ပေါ်လာတာဖြစ်ပါတယ်။ လက်မောင်းမှာ ရှိနေတဲ့ အရိုးတွေ အရွတ်တွေ ကြွက်သားတွေကို ကြည့်လိုက်လျှင် ဒီလိုတွေ့ရမှာဖြစ်ပါတယ်။
လက်မောင်းရိုးထိပ်၊ ညှပ်ရိုးထိပ်နဲ့ လက်ပျဥ်ရိုးရဲ့ထိပ်ဝလေးတွေ ပါ ပါမယ်။အဲဒိအရိုး ၃ ခုကို Supraspinatus, infraspinatus,teres minor, teres minor နဲ့ subscapularis လို့ခေါ်တဲ့ ကြွက်သား တွေရဲ့ အကြောတွေက ချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ Supraspinatus ကြွက်သားရဲ့အကြော ( Tendon ) က လက်မောင်းထိပ်ရိုးကို အပေါ်ကနေတွယ်ပေးထားတာဖြစ်ပါတယ်။ အဲဒီအကြောရောင်တာ ဒါမှမဟုတ် ပြတ်သွားခြင်းက ပုခုံးကိုက် ရောဂါဖြစ်တေဲ့ အကြောင်းရင်းပါပဲ။
ရောဂါဖြစ်ပွားပုံ
လက်မောင်းဆစ်က အရွတ်ပြတ်လို့ပဲဖြစ်ဖြစ်၊ ရောင်ရမ်းလို့ပဲဖြစ်ဖြစ်၊ ရောင်ရမ်းလာတဲ့အခါ အရွတ်တွေထူခဲလာပြီး ကပ်သွားကြပါတယ်။ လက်မောင်းဆစ်ပါ ခိုငသွား ( မူလကဲ့သို့ လှုပ်မရ ) ဖြစ်သွားပါတယ်။ ရောဂါဖြစ်ပွားပုံ အဆင့် ၃ ဆင့်ရှိပါတယ်။
ပထမအဆင့်ကို Freezing လို့ခေါ်ပါတယ်။အဲဒီအဆင့်မှာ လက်မောင်းရင်း အဆစ်က နာကိုက်ခဲဝေဒနာကို ခံစားရပြီး မူလကဲ့သိုလှုပ်ရှားမရတော့ပါဘူး။ဒီအဆင့်က ၁လခွဲမှ ၉ လ အထိကြာနိုင်ပါတယ်။
ဒုတိယအဆင့်ကို Frozen လို့ခေါ်ပါတယ်။ Frozen ဆိုတဲ့အမည်အတိုင်းပဲ လက်မောင်းက ပထမအဆင့်ထက် ပိုခိုင်သွားပြီးလှုပ်မရတော့ပါ။ လက်ဆန့်မရတော့ပါဘူး။ ခေါင်းမဖြီးနိုင်တော့ပါဘူး။ ဒါပေမဲ့ လက်မောင်းကိုက်တဲ့ လက္ခဏာက သက်သာသွားမှာဖြစ်ပါတယ်။ဒီအဆင့်ကတော့ ၄ လမှ ၆လ အထိကြာနိုင်ပါတယ်။
တတိယအဆင့်ကိုတော့ Thawing လို့ခေါ်ပါတယ်၊ ဒီအဆင့်မှာတော့ လက်မောင်းခိုင်နေတာ၊ လှုပ်မရတာတွေက သက်သာလာမှာဖြစ်ပြီး လှုပ်ရှား့ရလာမှာဖြစ်ပါတယ်။ ၆ လမှ ၂ နှစ်အထိ ကြာနိုင်ပါတယ်။
ရောဂါလက္ခဏာများ
-လက်မောင်းရင်းတွင် နာကျင်ကိုက်ခဲနေခြင်း
-ကိုက်ခဲမှုကြောင့် ကောင်းမွန်စွာ မအိပ်နိုင်ခြင်း
-လက်မောင်းကောင်းမွန်စွာမလှုပ်ရှားနိုင်ခြင်း၊ လုံဝလှုပ်မရတော့ခြင်းတို့ပဲဖြစ်ပါတယ်။
ရောဂါရှာဖွေနည်းလမ်းများ
ပခုံးကိုက်ခဲနာ ( Frozen shoulder ) ရောဂါကို ဆရာဝန်တွေက စမ်းသပ်ရုံနဲ့ သိနိုင်ပါတယ်။ ဒါပေမဲ့ ကြွက်သားအကြောပြတ်နေတာ သိနိုင်ဖို့ကတော့ MRI ရိုက်ကြည့်မှ သိရပါမယ်။
ကုသမှုများ
-NSAIDs လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေး၊ ရောင်ရမ်းနာပျောက်ဆေးတွေ နဲ့ကုသရပါမယ်။
-ရောဂါပြင်းထန်နေလို့ NSAIDs ဆေးတွေနဲ့ မသက်သာလျှင် Steroids လို့ခေါ်တဲ့ အရောင်အရမ်းကျထိုးဆေးကို လက်မောင်းအဆစ်ထဲသို့ ဆရာဝန်တွေက တိုက်ရိုက်ထိုးထည့်တဲ့နည်းနဲ့ကုသပေးနိုင်ပါတယ်။
-Supraspinatus အကြောပြတ်နေလျှင်တော့ Arthroscope လို့ခေါ်တဲ့ လက်မောင်းအတွင်း မှန်ပြောင်းထိုးပြီး ချုပ်ပေးရပါတယ်။
-လက်မောင်းလေ့ကျင့်ခန်းတွေ နေ့တိုင်းလုပ်ပေးနေရပါမယ်။ အဓိကကတော့လက်မောင်းကို လှုပ်လို့ရသရွေ့ လှုပ်ပေးနေရပါမယ်။ အသုံးဝင်တဲ့ လေ့ကျင့်ခန်း အချို့ကတော့
အထက်ပါပုံတွေထဲက လေ့ကျင့်ခန်းပုံစံတွေအတိုင်းလိုက်လုပ်ပေးလျှင်ဖြင့် ပုခုံးကိုက်ခဲလှုပ်မရ လူနာတွေအတွက်အမှန်တကယ် အကျိုးရှိစေမှာဖြစ်ပါတယ်။ ပုခုံးကိုက်ခဲလူနာတွေအတွက်အကျိုးရှိစေလိုသောဆန္ဒဖြင့်
Dr. Fleming
https://orthoinfo.aaos.org/en/diseases--conditions/frozen-shoulder/