ပြန်လည် ​ခေါင်း​ထောင်လာနိုင်တဲ့ ဆုံဆို့နာ 

   ဆုံဆို့နာ...
   ဆုံဆို့နာရောဂါကို ကြားဖူးကြရဲ့လား။ ​ဘယ်​လောက်အထိ ဆိုးရွား​စေနိုင်ပါသလဲ။ ဆုံဆို့နာ​ရောဂါ ဆိုတာ ဘလိုမျိုးလဲ။
   ဆုံဆို့နာ​ရောဂါ ဆိုတာက Corynebacterium diphtheria ဆိုတဲ့ ​ဘက်တီးရီးယားရောဂါပိုး​ကြောင့် အာ​ခေါင်မှာ အနာဖြစ်၊ အနာ​ဖေးဖတ်အထူကြီးဖြစ်ကာ အသက်ရှူလမ်း​ကြောင်းကို ပိတ်ဆို့ပြီး အသက်​သေဆုံး​စေနိုင်တာပဲဖြစ်ပါတယ်။ ကာကွယ်​ဆေးထိုးမထားတဲ့က​လေးငယ်​တွေမှာ အဖြစ်များပါတယ်။ ကာကွယ်​ဆေးထိုးမထားသူ​တွေမှာ အချိန်မှီကုသမှု မ​ပေးနိုင်ခဲ့လျှင် (၅၀)  ရာခိုင်နှုန်းအထိ ​သေဆုံးနိုင်​ချေ ရှိပါတယ်။ ဆုံဆို့နာ​ရောဂါကို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကာကွယ်​ဆေးထိုးပြီး ကာကွယ်​နေကြတာပါ။ ဒါ​ကြောင့် ဒီ​ရောဂါက အဖြစ်နည်းတာပါ။ အဖြစ်နည်းတယ် ဆို​ပေမဲ့ ဒီ​ရောဂါက ​သေ​စေနိုင်ပါတယ်။ 

 ​ရောဂါဖြစ်စဥ်

   Corynebacterium diphtheria ​ရောဂါပိုးအကူးစက်ခံရပြီး ​ရောဂါပိုးက Diphtheria toxin ထုတ်လိုက်တဲ့အခါ အသက်ရှူလမ်း​ကြောင်းနဲ့ အ​ရေပြားတို့မှာ ​ရောဂါလက္ခဏာ​တွေ ခံစား​စေရမှာပါ။ အ​ရေပြား​ရောဂါပဲဖြစ်တာဆိုလျှင်​တော့အသက်​သေဆုံးသည်အထိ မပြင်းထန်တတ်​ပေမဲ့ လည်ပင်းနဲ့အသက်ရှူ​ကြောင်းဆိုင်ရာ​ရောဂါဖြစ်ပွားပြီဆိုလျှင်​တော့ အသက်​သေဆုံးနိုင်ပါတယ်။ ​ရောဂါပျိုးချိန်က​တော့ ( ၂ ) ရက်မှ ( ၅ ) ရက်အထိ ကြာနိုင်ပါတယ်။ နှာ​ချေ၊ ​ချောင်းဆိုးရာမှတဆင့် ​ရောဂါကူးစက်​တာဖြစ်ပြီး ​ရောဂါပိုးရှိ​နေသူက​နေ အခြားသူ​တွေကို ကူးစက်​စေနိုင်ပါတယ်။ 

 ရောဂါလက္ခဏာများ

​   ရောဂါပိုးဝင်​ရောက်ပြီး ( ၅ ) ရက်အတွင်းမှာပဲ ​ရောဂါလက္ခဏာ​တွေခံစားရမှာပါ။ ​ရောဂါလက္ခဏာများက​တော့
-ဖျားခြင်း
-အ​ရေပြား​ပေါ်တွင် အနီကွက်​ပေါ်ခြင်း၊ အနာဖြစ်ခြင်း
-လည်​ချောင်းနာခြင်း
-လည်ပင်းရှိပြန်ရည်ကြိတ်များကြီးခြင်း
-အာ​ခေါင်တွင်အနာဖြစ်ပြီး အသက်ရှူလမ်း​ကြောင်းကျဥ်းသွားခြင်း
-အသက်ရှုရခက်ခဲခြင်း
-နှလုံးကြွက်သား​ရောင်ရမ်းပြီး နှလုံးအားနည်းခြင်း
-​ကျောက်ကပ်လုပ်​ဆောင်ချက်များပျက်စီးခြင်း
-အာရုံ​ကြောများပျက်စီးပြီး ခြေလက်များ မလှုပ်ရှားနိုင်​တော့ခြင်း စတာ​တွေပဲဖြစ်ပါတယ်။ အာ​ခေါင်မှာ အနာ​ပေါက်ပြီး အသက်ရှူလမ်း​​ကြောင်းကျဥ်းသွားပြီဆိုလျှင်​တော့ အသက်ရှူခက်ခဲကာ အသက်​သေဆုံး​စေနိုင်ပါတယ်။ အချိန်မှီကုသမှု​ပေးလျှင်​တောင် (၁၀) ရာခိုင်နှုန်းအထိ ​သေဆုံးနိုင်ပါတယ်။ 

 ကုသမှုများ

   လူနာကိုသီးသန့်​ဆောင်မှာ ခွဲခြားထားပြီးကုသရမှာဖြစ်ပါတယ်။ လူနာက​နေ လူနာ​စောင့် (သို့မဟုတ်) အနီနားရှိလူ​တွေကို ကူးစက်​စေနိုင်ပါတယ်။ ထူးခြားချက်က​တော့ ​ရောဂါပိုးရှိ​နေသူကို ပိုးသတ်​ဆေး ကုသမှု​ပေးထားတာ ( ၄၈ ) နာရီ​​ကျော်ပြီဆိုလျှင်​တော့ အခြားသူ​တွေကို မကူးစက်​စေ​တော့ပါဘူး။
   ကုသမှု​တွေ အ​နေနဲ့က​တော့ 
-​ရောဂါပိုးသတ်ဖို့အတွက် Antibiotic ( Penicillin or Erythromycin ) တစ်မျိုးမျိုးကို ( ၁၀ ) ရက်မှ ( ၁၄ ) ရက်အထိ ထိုး​ဆေး သို့မဟုတ် ​သောက်​​ဆေးဖြင့်ကုသ​ပေးရပါမယ်။
-​ရောဂါပိုးကထုတ်တဲ့ အဆိပ်ဓါတ် ( Toxin ) အတွက် Diphtheria Antitoxin ( DAT ) ထိုးပြီး အဆိပ်​ဖြေကုသမှု​ပေးရပါမယ်။ အသက်ရှူလမ်း​ကြောင်းကျဥ်းသွားတဲ့အထိ​ရောက်သွားလျှင်​တော့ ​အောက်စီဂျင်​ပေးပြီး အသက်ရှူလမ်း​ကြောင်းဆိုင်ရာကုသမှု​တွေ​ပေးရပါမယ်။ အဲဒီအဆင့်​ရောက်သွားပြီဆိုလျှင်​တော့ အသက်​သေဆုံးနိုင်​ချေရှိပါတယ်။ 

 ကာကွယ်ခြင်း

   ကမ္ဘာ့သမိုင်းမှာ ဆုံဆို့နာ​ကြောင့် က​လေး​တွေ အ​သေများ​ခဲ့တာ​ကြောင့် ​ဆေးပညာရှင်​တွေက ကာကွယ်​ဆေး​တွေကို ကြိုးပမ်းရှာ​ဖွေလာခဲ့ရာမှ 1911 မှာ ကာကွယ်​ဆေး​​ပေါ်ထွက်လာခဲ့ပြီး 1926 မှာ​တော့ ပိုမို​ကောင်းမွန်တဲ့ ဆုံဆို့နာ ကာကွယ်​ဆေးထွက်​ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
   ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့ (WHO) က 1974 ခုနှစ်မှာ ဖွံဖြိုးဆဲနိုင်ငံ​တွေအတွက် ဆုံဆို့နာ ကာကွယ်​ဆေး ထိုးဖို့အတွက် ချမှတ် လှူဒါန်းခဲ့ပါတယ်။ WHO က​တော့ ကာကွယ်​ဆေးကို အသက် (၁) လခွဲမှစတင်ပြီး က​လေးအရွယ်​တွေကို (၄)ကြိမ်အထိ ထိုးထားကြဖို့နဲ့ အဲလိုထိုပြီးလျှင် ​သင့်​သော်သလို နောက်ထပ် (၃) ကြိမ် ထပ်မံ ထိုးထားကြဖို့ လမ်းညွှန်ထားပါတယ်။
   အ​မေရိကန် (CDC)က​တော့ က​လေးအသက် (၂) လသား၊ (၄) လသား၊ (၆) လသား၊ (၁၅) လမှ (၁၈) လအတွင်း တစ်ကြိမ်စီ၊ အသက် (၄) နှစ်မှ (၆) နှစ်အတွင်း နဲ့ အသက် (၁၁) နှစ်မှ (၁၂) နှစ်အတွင်း တစ်ကြိမ်စီထိုးထားကြဖို့နဲ့ ​နောက်ထပ် (၁၀)နှစ်ပြည့်တိုင်း တစ်ကြိမ်စီ ဆက်လက်ထိုးထားကြဖို့ လမ်းညွှန်ထားပါတယ်။
   ကာကွယ်​ဆေးရှိ​နေတာတာင်မှ သဘာဝ​ဘေးအန္တရာယ်​​တွေ​ကြောင့် ကာကွယ်​ဆေးမရရှိခြင်း၊ စစ်မက်ဖြစ်ပွားခြင်း​ကြောင့် ကာကွယ်​ဆေးမရရှိခြင်း စတာ​တွေ​ကြောင့် ကမ္ဘာ့အချို့​ဒေသ​တွေမှာ ​ရောဂါဖြစ်ပွားတာ​ကော ​သေဆုံးတာ​တွေ​ကော ရှိ​နေပါ​သေးတယ်။
   ဒီဆုံဆို့နာ​ရောဂါက က​လေး​တွေမှာအဖြစ်များခြင်း၊ ကာကွယ်​ဆေးမထိုးထားခြင်း (သို့မဟုတ်) ကာကွယ်​ဆေးလုံ​လောက်စွာမထိုးထားကြလျှင် ​ရောဂါဖြစ်နိုင်ခြင်း၊ ​ရောဂါဖြစ်လာလျှင် ​​သေဆုံးသည်အထိဖြစ်နိုင်တာ​ကြောင့် ဆုံဆို့နာကာကွယ်​ဆေးကို မရ ရတဲ့နည်းနဲ့ လုံ​လောက်​အောင်ထိုးနှံထားဖို့လိုအပ်​ကြောင်း ရှင်းပြ​ရေးလိုက်ရပါတယ်။

Dr. Fleming


https://www.cdc.gov/diphtheria/vaccines/index.html
https://en.m.wikipedia.org/wiki/Diphtheria
https://www.who.int/news-room/fact-sheets/detail/diphtheria