​ဆောင်းရာသီ...
   ဒီ​ဆောင်းရာသီက ​အေး​တော့မလို မ​အေး​​တော့ဘူး မလိုနဲ့ တကယ့် မမ​ဆောင်းလို ​ဆောင်းရာသီဖြစ်​နေပါတယ်။
   ဘာပဲဖြစ်ဖြစ် ​ဆောင်းရာသီကာလမှာ တချိန်ချိန် ​အေးလာမှာက ​မြေကြီးလက်ခတ်မလွဲပါ။
   ဒီ​တော့ ​​ဆောင်းရာသီမှာ ဖြစ်​လေ့ဖြစ်ထရှိတဲ့ ​Winter diseases ​တွေထဲက အ​အေးမိ အ​အေးပတ် လို့​ခေါ်တဲ့ Common cold ​ရောဂါအ​ကြောင်း ​​ဗဟုသုတရ​စေရန်ရေးသား​လိုက်ပါတယ်။

အ​အေးမိ အ​အေးပတ်ရောဂါ ဘာ​ကြောင့်ဖြစ်ရသလဲ

   ဒီ​ရောဂါက Virus ပိုး​တွေ​ကြောင့်ဖြစ်ရတာပါ။ အ​အေးမိ အ​အေးပတ် ​ရောဂါဖြစ်​စေတဲ့ Virus ပိုး​ပေါင်း (၂၀၀) ​ကျော်ရှိပြီး Rhinoviruses ​တွေ​ကြောင့် အဖြစ်အများဆုံးပါ။ အခြား အဖြစ်များတဲ့ Viruses ​တွေက​တော့
- parainfluenza viruses
- adenoviruses
- enteroviruses
- human metapneumoviruses တို့​ကြောင့် ဖြစ်​​လေ့ရှိကြပါတယ်။
   ဒီ​ရောဂါက တစ်နှစ်အတွင်း ဘယ်အချိန်မဆိုဖြစ်နိုင်​ပေမယ့် ​ဆောင်းရာသီကာလမှာ အဖြစ်အများဆုံးပဲဖြစ်ပါတယ်။ ​ဆောင်းရာသီကာလမှာ အသက်ရှူလမ်း​ကြောင်းမှာကာကွယ်​ရေးလုပ်ငန်းများ​လျော့ကျခြင်း၊ ခုခံအားကျဆင်းခြင်း၊ ​လေ၏စိုထိုင်းမှု​လျော့ကျခြင်း၊ ​ဆောင်းရာသီရဲ့​အေးမြ​ခြောက်​သွေ့​သော​လေက ဗိုင်းရပ်စ်များကို ​အ​ဝေးသို့ပို၍​ရောက်နိုင်ခြင်း၊ ​​ဆောင်းရာသီ၌ဗိုင်းရပ်စ်များလေထဲတွင်ကြာရှည်စွာ​နေနိုင်ခြင်း၊ မိသားစုဝင်များကြာမြင့်စွာနီးနီးကပ်ကပ်​နေထိုင်ခြင်းတို့​ကြောင့် ​​ဆောင်းရာသီကာလမှာ အ​အေးမိ အ​အေးပတ်​ရောဂါက အဖြစ်အများဆုံးပဲဖြစ်ပါတယ်။
   ဒီဗိုင်းရပ်စ်​တွေထဲက တစ်မျိုး သို့မဟုတ် တစ်မျိိုးထက်ပိုပြီးဝင်​ရောက်ခြင်း​ကြောင့် အသက်ရှူလမ်း​ကြောင်းအ​ပေါ်ပိုင်းဖြစ်တဲ့ နှာ​ခေါင်း၊ လည်​ချောင်းနဲ့ အာ​ခေါင်တို့မှာ ​ရောင်ရမ်းပြီး ​ရောလက္ခဏာ​တွေ ခံစားရခြင်းပဲ ဖြစ်ပါတယ်။

ကူးစက်ပုံကူးစက်နည်း

​   ရောဂါပိုးရှိ​သောသူ နှာ​ချေ ​ချောင်းဆိုးရာမှတဆင့် အခြားသူများထံသို့ ကူးစက်ပါတယ်။ ​ရောဂါပိုးရှိ​​နေ​သော တံခါးလက်ကိုင်များ၊ ပုဝါများ အစရှိသည်ဖြင့် ပစ္စည်းများမှတဆင့်လည်းကူးစက်နိုင်ပါတယ်။
   ​ရောဂါပျိုးချိန်က (၂ ) ရက်မှ ( ၃ ) ရက်အတွင်းဖြစ်ပါတယ်။

အ​အေးမိ အ​အေးပတ် လက္ခဏာများ

   အ​အေးမိ အ​အေးပတ်ခြင်းရဲ့ ​ရောဂါကလ္ခဏာများက​တော့
-နှာ​ချေ၊ နှာ​စေးခြင်း
-နှာပိတ်ခြင်း
-ဖျားခြင်း
-လည်​ချောင်းနာခြင်း
-​ချောင်းဆိုးခြင်း
-​ခေါင်းကိုက်ခြင်း
-ကိုယ်လက်အနည်းငယ်ကိုက်ခဲခြင်းစသည်တို့ကို တစ်ပတ်မှ ( ၁၀ ) ရက်ခန့်အထိ ခံစားကြရ​လေ့ရှိပြီး တချို့လက္ခဏာ​တွေဟာ ( ၃ ) ပတ်ခန့်အထိကြာတတ်ပါ​သေးတယ်။ ဒါ​တွေက​တော့ လူတိုင်းလဲ ဖြစ်ဖူးသလို လူတိုင်းလဲ သိကြပီးသား ဖြစ်မယ်ထင်ပါတယ်။ ဘာ​ကြောင့်လည်းဆို​တော့ လူကြီး​တွေမှာ အ​အေးပတ်​ရောဂါက တစ်နှစ် (၂) ကြိမ်မှ (၃)ကြိမ်အထိဖြစ်​လေ့ရှိပြီး က​လေး​တွေမှာ တစ်နှစ် (၆)ကြိမ် မှ (၈) ကြိမ်အထိ ဖြစ်​နေကြလို့ပါ​။ ဒါ​ကြောင့် ကမ္ဘာ​ပေါ်မှာ ​ကျောင်းပျက်အများဆုံးနဲ့ အလုပ်ပျက်အများ​ဆုံး​ရောဂါဟာ အ​အေးမိ အ​အေးပတ် ​ရောဂါပဲဖြစ်ပါတယ်။
   ဒီ​ရောဂါလက္ခဏာ​တွေဟာ ရာသီတုပ်​ကွေး​ရောဂါလက္ခဏာ​တွေနဲ့ဆင်တူ​ပေမယ့်ရာသီတုပ်​ကွေး​ရောဂါမဟုတ်ပါ။ ရာသီတုပ်​ကွေး​ရောဂါဟာ Influenza virus A ​ကြောင့်ဖြစ်တာဖြစ်ပြီး အ​အေးမိ အ​အေးပတ်​ရောဂါက​တော့ အခြား viruses ​တွေ​ကြောင့်ဖြစ်ပါတယ်။ ပြီး​တော့ အ​အေးမိ အ​အေးပတ်​ခြင်း​ကြောင့် ဖြစ်တဲ့ နှာ​စေးခြင်းမှာက နှာရည်ကြည်​တွေ တအားကျပြီး ပိုဆိုးပါတယ်။

​နောက်ဆက်တွဲဆိုးကျိုးများ

​   နောက်ဆက်တွဲဆိုးကျိုးအ​နေနဲ့က​တော့
-နားစည်​ရောင်ရမ်းခြင်း
-အရိုးတွင်း​လေအိတ်များ​ရောင်ရမ်းခြင်းတို့ဖြစ်နိုင်ပြီး ရှားရှားပါးပါးအ​နေနဲ့ နမိုးနီးယားအဆုတ်ပွ​ရောဂါလည်းဖြစ်နိုင်ပါ​သေးတယ်။
နဂို​ရောဂါအခံရှိသူများ ( နာတာရှည်အသက်ရှူလမ်း​ကြောင်းဆိုင်ရာ​ရောဂါနဲ့ နှလုံးအားနည်း​ရောဂါရှိသူ ) တို့မှာ​တော့ ရှိရင်းစွဲ​ရောဂါ​တွေ ပိုဆိုးတတ်ပါတယ်။

​ရောဂါစစ်​ဆေးရှာ​ဖွေခြင်း

   ပုံမှန်အားဖြင့် အ​အေးမိ အ​အေးပတ်​ရောဂါအတွက် ​​ရောဂါလက္ခဏာများဖြင့် ​ရောဂါကို အတည်ပြုရမှာဖြစ်ပြီး ရာသီတုပ်​ကွေး (သို့ ) COVID-19 ​ရောဂါ​တွေဖြစ်ပြီဟုသံသယရှိပါက ၎င်း​ရောဂါများကို စစ်​ဆေး​ရှာ​ဖွေရမှာပါ။

ကုသမှုများ

   အဖျားနှင့် ကိုယ်လက်ကိုက်ခဲခြင်းများအတွက် ပါရာစီတ​မောနဲ့ အကိုက်အခဲ​​ပျောက်​ဆေးများ၊ နှာ​စေးနှာပိတ်ခြင်းများအတွက် Decolgen ( သို့ ) Fluza နှင့် Cetrizine ၊ ​ချောင်းဆိုးတာအတွက် Dextromethorphan နှင့် Bromhexine များကို ​သောက်​ပေးလို့ရပါတယ်။ချောင်းဆိုး​ပျောက်​ဆေးများကို​တော့ အသက် ( ၆ ) နှစ်​အောက်က​လေးငယ်များအတွက် အရမ်းကာ​ရော မတိုက်သင့်ပါ။
   Zinc နဲ့ Vitamin C ပါ​သောအား​ဆေးများက အ​အေးမိ အ​အေးပတ်​ရောဂါခံစားရတဲ့ ရက်​တွေကို ​လျော့နည်း​စေတဲ့အတွက် ​သောက်​ပေးရပါမယ်။

ကာကွယ်ခြင်း

​​   ရောဂါဖြစ်​စေ​သောဗိုင်းရပ်စ်ပိုးများ၏ မျိုးရိုးဗီဇများလျင်မြန်စွာ​ပြောင်းလဲမှု​ကြောင့် အ​အေးမိ အ​အေးပတ်​ရောဂါအတွက် ကာကွယ်​ဆေးမရှိ​သေးပါ။
   ဒါ​ကြောင့် ​ရောဂါဖြစ်သူများနှင့် ​ဝေး​ဝေး​နေခြင်း၊ လက်ကို မကြာခဏ​ဆေးခြင်း စသည်ဖြင့်​ရောဂါကာကွယ်နိုင်သလို ​ရောဂါဖြစ်သူများအ​နေနဲ့လည်း နှာ​ချေ၊ ​ချောင်းဆိုးတဲ့အခါ နှာ​ခေါင်းကို အုပ်​ပေးခြင်းအားဖြင့် ကူးစက်မှာ ​လျော့နည်း​စေမှာပါ။
​   ဆောင်းရာသီအတွင်း​ရောက်ရှိ​နေခြင်း၊ ဒီ​ရောဂါက လူ​တွေရဲ့အသက်ကို အန္တရာယ်မ​ပေးနိုင်​ပေမဲ့ တစ်နှစ်အတွင်း မကြာခဏဖြစ်ခြင်း၊ အလုပ်ပျက်အကိုင်ပျက်ဖြစ်​​စေခြင်း၊ ​က​လေး​တွေမှာ ​ကျောင်းမကြာခဏပျက်​စေတာ​တွေ​ကြောင့် ဗဟုသုတရ​​စေရန် ရည်ရွယ်​ရေးသားလိုက်ရပါတယ်။

Dr.Fleming

https://www.cdc.gov/common-cold/about/index.html
ttps://en.m.wikipedia.org/wiki/Common_col