HLP

Phimosis လို့​ခေါ်တဲ့ အမျိုးသားအင်္ဂါထိပ်ဖုံးအ​ရေပြား လှန်မရ​သော ​ရောဂါ

     Phimosis ဆိုတာက အမျိုးသားအင်္ဂါထိပ်ဖုံးအ​ရေပြား ဆွဲလှန်မရတဲ့ အ​ခြေ​အ​နေကို ဆိုလိုတာပါ။မွေးကင်းစ မှ အသက် ၃ နှစ်အထိက ဖြစ်​လေ့ဖြစ်ထရှိတဲ့ အ​ခြေအ​နေတစ်ခုဖြစ်ပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ အသက် ၃ နှစ်အထိက အ​ရေပြားနဲ့ ကွမ်းသီး​ခေါင်းလို့ ​ခေါ်တဲ့အင်္ဂါထိပ်​နဲ့ ကပ်​နေလို့ဖြစ်ပါတယ်။ အသက် ၂နှစ် နဲ့ ၆ နှစ်ကြားမှာ ထိပ်ဖုံးအ​ရေပြားနဲ့ အင်္ဂါထိပ်စတင်ကွာ​လာလေ့ရှိပြီး က​လေး ၉၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၃ နှစ်အရွယ်မှာ ဆွဲလှန်လို့ ရသွားကြပါတယ်။ ကျန်ရာခိုင်နှုန်းအနည်းငယ်​သော က​လေး​တွေဟာလည်း ​နောက်ပိုင်းတဖြည်းဖြည်း ဆွဲလှန်လို့ ရလာကြ​ပေမဲ့ ၁၆ နှစ်မှ ၁၈ နှစ်အကြား ဆက်​ကျော်သက်အရွယ် လူပျို​ဖော်ဝင်တချို့မှာ​တော့ ထိပ်ဖုံးမပြုတ်တဲ့​ရောဂါ ( Phimosis ) ဖြစ်လာကြပါတယ်။ အရွယ်​ရောက် အမျိုးသား​တွေမှာလည်း အ​ကြောင်းတစ်ခုခု​ကြောင့် […]

Phimosis လို့​ခေါ်တဲ့ အမျိုးသားအင်္ဂါထိပ်ဖုံးအ​ရေပြား လှန်မရ​သော ​ရောဂါ Read More »

​ကျောက်ကပ်ကင်ဆာ ( Renal Cell Carcinoma )

ဒီ​ရောဂါကို သိပ်ရင်းနှီးမယ် မထင်ပါ။ ကျ​နော်တို့ပတ်ဝန်းကျင်မှာ အဖြစ်နည်းကြလို့ဖြစ်ပါတယ်။ ဒါ​ပေမဲ့ ​ကျောက်ကပ်ကင်ဆာကလည်း လူတိုင်း ဖြစ်နိုင်ကြ​တော့ ဗဟုသုတ အလို့ငှာ ​ဖော်ပြ​ရေးသားလိုက်ပါတယ်။ ကင်ဆာ​ရောဂါဆိုတာက ခန္ဓာကိုယ်ရဲ့ အင်္ဂါ အစိတ်အပိုင်းတစ်ခုခုကဆဲလ်​တွေဟာ အ​ကြောင်းတစ်ခုခု​ကြောင့် ပုံမှန်ထိန်းချုပ်မှုက​နေ လွတ်ထွက်သွားပြီး ခပ်မြန်မြန်ပွားများကြီးထွားလာကြတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြား​နေရာများသို့ ပျံ့နှံ့သွားတတ်ပြီး အဲဒီအခါ ခန္ဓာကိုယ်ရဲ့ ဇိဝဖြစ်စဥ်​တွေကို ​​​နှောက်ယှက်ဖျက်ဆီးပြီး အသက်အန္တရာယ် ရှိ​စေတာပဲဖြစ်ပါတယ်။ ဘယ်သူ​တွေမှာ ဖြစ်​လေ့ရှိကြသလဲ ပုံမှန်အားဖြင့် ကင်ဆာအများစုက အသက်ကြီးမှ ဖြစ်​ကြတာပါ။ ​ကျောက်ကပ်ကင်ဆာကလည်း အသက်ကြီးသူ​တွေမှာပဲ ဖြစ်​လေ့ရှိပါတယ်။ အသက် ၆၅ နှစ်မှ ၇၄ နှစ်အတွင်းမှာ စဖြစ်​လေ့ရှိကြပါတယ်။ အမျိုးသား​တွေက အမျိုးသမီးထက် ဖြစ်နိုင်​ချေ (၂ ) ဆပိုများပါတယ်။ ရှားရှားပါးပါးဖြစ်တတ်တဲ့ Wilm’s tumor ဆိုတဲ့​ကျောက်ကပ်ကင်ဆာက​တော့ က​လေး​တွေမှာဖြစ်တတ်ပါတယ်။

​ကျောက်ကပ်ကင်ဆာ ( Renal Cell Carcinoma ) Read More »

“မျောက်ကျောက်”

ကျောက်ရောဂါ small pox ဆိုတာ ကမ္ဘာမှာ ပပျောက်သွားခဲ့ပြီလို့ ၁၉၈၀ ခုနှစ်က ကြေငြာခဲ့ပါတယ်။ ၁၉၇၈ က စတင်လို့ ကျောက်ရောဂါ လူနာ အသစ် လုံးဝ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ ဒါကလည်း ကျောက်ရောဂါ ကာကွယ်ဆေး ရဲ့ အကျိုးကျေးဇူးကြောင့်ပါဘဲ။ ဒါပမေဲ့လည်း ကျောက်ရောဂါပိုးနဲ့ မျိုးနွယ်ဆင်တူ ဗိုင်းရပ်စ် ပိုးကြောင့် monkeypox (Mpox) ခေါ်တဲ့ မျောက်ကျောက် ရောဂါကတော့ ကပ်ရောဂါအသွင် ကူးစက်ပျံ့ပွားမှုကို ၂၀၂၂ မှာ တွေ့လာရပြန်ပါတယ်။ ရာဇဝင်———မျောက်ကျောက်ကို ၁၉၅၈ ခုနှစ် ကတည်းက မျောက်တွေမှာ ကျောက်ရောဂါ ကပ်အသွင်လိုမျိုး ဖြစ်ပွားတာ သုတေသနပြုရာက စတင်တွေ့ရှိခဲ့ပါတယ်။ လူတွေမှာတော့ ၁၉၇၀ ခုနှစ် မှာ ကွန်ဂို နိုင်ငံမှာ စတင်

“မျောက်ကျောက်” Read More »

ဆီးလမ်း​ကြောင်းတွင် ​ကျောက်တည်သည်ဟု ဆိုရာဝယ်

ဗိုက်အရမ်း​အောင့်လို့ ​​​ဆေးခန်းသွားပြရာမှတဆင့်​သော်လည်း​ကောင်း၊ ဆီးထဲ​သွေးပါလို့ ပြရာမှ​သော်လည်း​ကောင်း ​ကျောက်ကပ်မှာ​ကျောက်တည်လို့၊ ဆီးလမ်း​ကြောင်းမှာ ​ကျောက်တည်လို့ဆိုပြီး ​တွေ့ကြုံဖူးကြမယ် ထင်ပါတယ်။ ​ကျောက်​တွေမှာလည်း အမျိုးမျိုးရှိကြပါတယ်။ ဆီး​ကျောက်တည်သူ​တွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ Calcium ​ကျောက်များဖြစ်ကြပါတယ်။ ကျန် ၁၅ ရာခိုင်နှုန်းက​တော့ Uric acid ​ကျောက်များ၊ Cystine ​ကျောက်များနှင့် Struvite ​ကျောက်များဖြစ်ကြပါတယ်။ ဘာ​ကြောင့်ဆီး​ကျောက်တည်ရသလဲ -​ရေအ​သောက်နည်းသူများ-​ရေဓါတ်ဆုံးရှုံးမှုမကြာခဏ ဖြစ်သူများ-တိရစ္ဆာန်အသား အရမ်း စားသုံးသူများ-ဗီတာမင် စီ အရမ်း ​သောက်/စားသုံးသူများ-Calcium စားသုံးမှုနည်းသူများ-Hyperparathyroidism ​ရောဂါရှိသူများ-Renal tubular acidosis ​ရောဂါရှိသူများ-Sarcoidosis ​ရောဂါရှိသူများ-အချို့ကင်ဆာ​ရောဂါများ-အစာအိမ်ချုံ့ ခွဲစိပ်မှုခံယူထားသူများ-Indinavir ​​သောက်သုံးရသူများ-အစားအစာတွင် မယ်လမင်း ပါဝင်မှုများခြင်း-မျိုးရိုးထဲတွင် ဆီး​ကျောက်တည်ဖူးခြင်း စတာ​တွေက ဆီးလမ်း​ကြောင်းမှာ ​ကျောက်တည်​စေဖို့ အား​ပေးပါတယ်။ ရောဂါလက္ခဏာများ ​ကျောက်ငယ်လေး​တွေက​တော့ ဘာ​ရောဂါလက္ခဏာမှ ပြ​လေ့မရှိပါ။ ကျောက်နဲနဲကြီးလာပြီဆိုလျှင်​တော့-ဆီး​အောင့်ခြင်း-ဆီးကျဥ်ခြင်း၊ ဆီးခဏ

ဆီးလမ်း​ကြောင်းတွင် ​ကျောက်တည်သည်ဟု ဆိုရာဝယ် Read More »

ကြောက်စရာ​ကောင်းတဲ့ ဆင်​ခြေ​ထောက်

ဆင်​ခြေ​ထောက်​ရောဂါကြားဖူးကြတယ်မလား။ ​တွေ့​ကော ​တွေ့ဖူးကြရဲ့လား။ ​တွေ့ဖူးသူရှိမယ်ထင်သလို မ​တွေ့ဖူးသူလည်း များကြမယ်ထင်ပါတယ်။ ကျ​နော်ကတေ့ ​တွေ့ဖူးပါတယ်။ 2017 ခုနှစ်က ကျိုက်ထီးရိုးဘုရား သွားခဲ့တဲ့အခါ ဆင်​ခြေ​ထောက်​ရောဂါသည်တွေကို ​တွေ့ခဲ့ရတာပါ။ ဆင်​ခြေ​ထောက်​ရောဂါရှင်တွမှာ ​ခြေလက်​တွေက ဆင်​တွေရဲ့​ခြေ​ထောက်​တွေကဲ့သို့ ကြီးမားတုတ်ခိုင်သွားကြတာပါ။ ကျ​နော်တို့ မြန်မာပြည်မှာလည်း ဆင်​ခြေ​ထောက်​ရောဂါကာကွယ်​ဆေးဆိုပြီး ​ကျောင်း​တွေ၊ အ​ဆောင်​တွေ နဲ့ ရပ်ကွက်​တွေမှာ ​ဆေး​တွေ လိုက်လံ​ဝေငှတာ​တွေ ရှိကြပါတယ်။ WHO ရဲ့မှတ်တမ်းများအရ ကမ္ဘာ​ပေါ်မှာ ဆင်​ခြေ​ထောက်​ရောဂါပိုး ကူးစက်ခံရနိုင်​ခြေရှိသူ ၈၈၂ သန်း၊ ​ရောဂါပိုးကူးစက်ခံထားရသူ ၅၁ သန်း နဲ့ ​ရောဂါလက္ခဏာများ ခံစား​နေရသူ ၃၆ သန်းလို့ ထုတ်ပြန်ထားတာကြည့်ရင် ​တော်​​တော်ကြောက်ဖို့ ​ကောင်းပါတယ်။ ဆင်​ခြေ​ထောက်​ရောဂါဆိုတာ ဘယ်လို​​​ရောဂါလဲ ဆင်​ခြေ​ထောက်​ရောဂါကို Lymphatic Filariasis သို့မဟုတ် Elephantiasis လို့​​​ခေါ်ပါတယ်။ Lymphatic

ကြောက်စရာ​ကောင်းတဲ့ ဆင်​ခြေ​ထောက် Read More »

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ( Migraine ) ဆိုတာ

လူတိုင်းနီးပါး ခေါင်းကိုက်ဝေဒနာ ခံစားဖူးကြမယ် ထင်ပါတယ်။ သွေးတိုးလို့ခေါင်းကိုက်တာ၊ ဖျားလို့ခေါင်းကိုက်တာ၊ ဦးဏှောက်အမြှေးရောင်လို့ ခေါင်းကိုက်တာ၊ စိတ်ဖိစီးမှုများလို့ ခေါင်းကိုက်တာ အစရှိသည်ဖြင့် ခေါင်းကိုက်စေတဲ့ ရောဂါ အများကြီးရှိကြပါတယ်။ ခေါင်းကိုက်စေတဲ့ ရောဂါတွေထဲမှ ခေါင်းတစ်ခြမ်းကိုက် ( Migraine ) ရောဂါအကြောင်း ဗဟုသုတ ရစေဖို့ ဖော်ပြပေးသွားမှာပါ။ ခေါင်းတစ်ခြမ်းကိုက်လို့ ခေါ်တဲ့အတိုင်းပဲ ခေါင်းတစ်ခြမ်းထဲပဲကိုက်တာပါ။ ရောဂါလက္ခဏာများ -ခေါင်းတစ်ခြမ်းကိုက်ခြင်း ( နားထင်နားမှာ အဖြစ်အများဆုံးပါ )-ပြည်တည်နာကိုက်သကဲ့သို့ ကိုက်ခြင်း‌၊ နှလုံးခုန်သံကဲ့သို့ စည်းချက်မှန် တဆစ်ဆစ်ဖြင့်ကိုက်ခြင်း၊ သွေးကြောပေါက်ထွက်သွားမတတ်ကိုက်ခြင်း-ခေါင်းကိုက်ဝေဒနာက အနည်းဆုံး ၄ နာရီ မှ ၃ ရက် ၇ရက်ခန့်ကြာသည်အထိကိုက်နေခြင်း စသည်ဖြင့် တမျိုးမျိုး ခံစားနေရမှာပါ။ အမျိုးသမီးများက အမျိုးသားထက် ပိုမို ဖြစ်လေ့ရှိပါတယ်။အသက် ၁၀ နှစ်မှ ၄၅

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ( Migraine ) ဆိုတာ Read More »

ပုခုံးကိုက်၊ ပုခုံးခဲခြင်း ( Frozen Shoulder )

ပုခုံးနာ၊ ပုခုံးကိုက်၊ ပုခုံးခဲခြင်း ( Frozen Shoulder ) ဆိုတာက လက်​မောင်းအရင်းပိုင်း နာကျင်ကိုက်ခဲမှုကို ခံစားရပြီး လက်​မောင်း ​ကောင်းမွန်စွာလှုပ်ရှားလို့ မရတဲ့ ​​ရောဂါဖြစ်ပါတယ်။ ဘာ​ကြောင့် ပုခုံးကိုက်လာတာလဲဆို​တော့ လက်​မောင်းအဆစ်မှာရှိတဲ့ အရွတ်​တွေ​ရောင်ရမ်းတင်းခဲလာတဲ့အတွက်​ကြောင့် ​ဝေဒနာ​တွေ ​ပေါ်လာတာဖြစ်ပါတယ်။ လက်​​မောင်းမှာ ရှိ​နေတဲ့ အရိုး​တွေ အရွတ်​တွေ ကြွက်သား​တွေကို ကြည့်လိုက်လျှင် ဒီလို​တွေ့ရမှာဖြစ်ပါတယ်။ လက်​မောင်းရိုးထိပ်၊ ညှပ်ရိုးထိပ်နဲ့ လက်ပျဥ်ရိုးရဲ့ထိပ်ဝ​လေး​တွေ ပါ ပါမယ်။အဲဒိအရိုး ၃ ခုကို Supraspinatus, infraspinatus,teres minor, teres minor နဲ့ subscapularis လို့​ခေါ်တဲ့ ကြွက်သား ​တွေရဲ့ အ​ကြော​တွေက ချိတ်ဆက်​ပေးထားတာဖြစ်ပါတယ်။ Supraspinatus ကြွက်သားရဲ့အ​ကြော ( Tendon ) က လက်​မောင်းထိပ်ရိုးကို အ​ပေါ်က​နေတွယ်​ပေးထားတာဖြစ်ပါတယ်။

ပုခုံးကိုက်၊ ပုခုံးခဲခြင်း ( Frozen Shoulder ) Read More »

ကာလဝမ်း​ရောဂါ ( Cholera ) အ​ကြောင်း သိ​ကောင်းစရာများနှင့် ကမ္ဘာ့ကပ်​ရောဂါ အသွင် ဖြစ်ပွားခဲ့မှုများ

ကာလဝမ်း​ရောဂါဆိုတာ Vibrio Cholera ​ဘက်တီးရီးယား ရောဂါပိုး​ကြောင့် ဝမ်းပျက်ဝမ်း​လျှောဖြစ်တာကို ဆိုလိုပါတယ်။ ဝမ်းပျက်ဝမ်း​လျှောဖြစ်တိုင်း ကာလဝမ်း​ရောဂါမဟုတ်ပါ။ ဝမ်း​ပျက်ဝမ်း​လျှော​စေတဲ့ အခြား​ရောဂါပိုး​တွေလည်းရှိပါ​သေးတယ်။ WHO ရဲ့မှတ်တမ်းများအရ ကမ္ဘာ​ပေါ်မှာ နှစ်စဥ် ကာလဝမ်း​ရောဂါဖြစ်ပွားမှုက ၁.၃ သန်း နဲ့ ၄ သန်းကြား ဖြစ်​နေပြီး နှစ်စဥ် ၂၁၀၀၀ နဲ့ ၁၄၃၀၀၀ ကြား​သေဆုံး​နေကြပါတယ်။ ကာလဝမ်း​ရောဂါက တစ်ကမ္ဘာလုံးကပ်​ရောဂါအသွင်နဲ့ ဖြစ်တာ ၇ ကြိမ်​မြောက်ရှိ​နေပါပြီ။ ခရစ်နှစ် ၁၈၁၇ က​နေစတင်ဖြစ်ပွါးလာခြင်းဖြစ်ပါတယ်။ အခုလက်ရှိ ၇ ကြိမ်​မြောက် ကပ်​ရောဂါက ၁၉၆၁ က​နေ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခုချိန်ထိ မပြီး​သေးဘဲ ကမ္ဘာ​ပေါ်မှာ ဆက်လက်ဖြစ်ပွား​နေဆဲပါ။ ဒီ​ရောဂါက စစ်မက်ဖြစ်ပွား​နေတဲ့နိုင်ငံ​တွေ၊ ဆင်းရဲမွဲ​တေ​နေတဲ့နိုင်ငံ​တွေ၊ ရုတ်တရက်သဘာဝ​ဘေးအန္တရာယ်ကျ​ရောက်​နေတဲ့ (​ရေကြီး ​ရေလျှံ၊ ငလျင်ဒဏ် ) နိုင်ငံ​တွေမှာ

ကာလဝမ်း​ရောဂါ ( Cholera ) အ​ကြောင်း သိ​ကောင်းစရာများနှင့် ကမ္ဘာ့ကပ်​ရောဂါ အသွင် ဖြစ်ပွားခဲ့မှုများ Read More »

အူမကြီးကင်ဆာရောဂါအ​ကြောင်း သိ​ကောင်းစရာများ

ကမ္ဘာ့ကင်ဆာသု​တေသန ရံပုံ​ငွေအဖွဲ့၏ ၂၀၂၀ မှတ်တမ်းအရ အူမကြီးကင်ဆာသည် အမျိုးသမီးများတွင် ဒုတိယအဖြစ်အများဆုံးကင်ဆာ၊ အမျိုးသားများတွင် တတိယအဖြစ်အများဆုံးကင်ဆာဟု ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာပါတွင်မက မြန်မာနိုင်ငံမှာလည်း အူမကြီးကင်ဆာ ​ရောဂါက ဖြစ်​နေတာပါ။ အူမကြီးကင်ဆာဆိုတာ ဘယ်​နေရာ​တွေမှာ ဖြစ်တာလဲ၊ ဘယ်လို​ရောဂါ လက္ခဏာ​တွေ ခံစားကြရသလဲ ဆိုတာ ​လေ့လာကြည့်ကြပါစို့။ အူမကြီးကင်ဆာဆိုတာ အူမကြီး ( Large intestine ) နဲ့ စအိုအရင်းပိုင်း ( Rectum ) တို့မှာ ကင်ဆာဖြစ်​နေလျှင် အူမကြီးကင်ဆာလို့ခေါ်ကြပါတယ်။ ​ရောဂါလက္ခဏာများ အခြားကင်ဆာ​ရောဂါများကဲ့သို့ပင် အူမကြီးကင်ဆာရောဂါဖြစ်​နေ​သော်လည်း အ​စောပိုင်းမှာ ​ရောဂါလက္ခဏာများ ခံစားရ​လေ့မရှိပါ။ ဝမ်းသွား​သောအခါ ​သွေးပါလာမှသာ သိရှိ​လေ့ရှိကြပါတယ်။ အဖြစ်များ​သော ​ရောဂါလက္ခဏာ​တွေက​တော့-ဝမ်းသွားလျှင် ​သွေးပါခြင်း-ဝမ်းအ​လေ့အကျင့်များ က​ပြောင်းကပြန်ဖြစ်ခြင်း ( ဝမ်းလွယ်သူများတွင် ဝမ်းချုပ်ခြင်း၊ ဝမ်းချုပ်သူများတွင် ဝမ်းပျက်ခြင်း

အူမကြီးကင်ဆာရောဂါအ​ကြောင်း သိ​ကောင်းစရာများ Read More »

သည်း​ခြေ​​ကျောက်တည်ခြင်း ( Gall Stone )

သည်း​ခြေ​ကျောက်တည်ခြင်းကို ကျ​​နော်တို့ ကျန်းမာ​ရေး​​လောကမှာ​တော့ Gall Stone လို့ ​ခေါ်ဆိုကြပါတယ်။ ကျ​နော်တို့မိသားစုထဲမှာဖြစ်ဖြစ်၊ ​ဆွေမျိုး​တွေထဲမှာဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ် ဒီလူက သည်း​ခြေ​ကျောက်တည်လို့တဲ့။ ဟိုလူက​တော့ သည်း​ခြေ​ကျောက်တည်လို့တဲ့ ဆိုပီး ခဏ ခဏ ကြားဖူးကြမယ် ထင်ပါတယ်။ ဗိုက်​အောင့်လို့ပဲဖြစ်ဖြစ်၊ ကျန်းမာ​ရေးစစ်​ဆေးလို့ပဲဖြစ်ဖြစ် အာထွာ​ဆောင်း ရိုက်ကြည့်လိုက်တဲ့အခါမှာ သည်း​ခြေ​​ကျောက်တည်​နေတာကို ​တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဆို​တော့ သည်း​ခြေက ခန္ဓာကိုယ်ရဲ့ ဘယ်​နေရာမှာရှိတာလဲ၊ ဘယ်လို ပုံစံမျိုးလဲ ဆိုတာ ​ရှင်းပြလိုပါတယ်။ သည်း​ခြေအိတ်က ဝမ်းဗိုက်ညာဘက် အ​ပေါ်ပိုင်း နံရိုး​အောက်နား​လေးမှာရှိပါတယ်။ အထဲမှာ​တော့ အသည်း​အောက်မှာကပ်လျှက် ရှိ​နေပြီး သည်း​ခြေအိတ်ရဲ့ အစာ​ချေ သည်း​ခြေရည် ပို့​ပေးတဲ့ ပြွန်​လေးက အသည်းက ဆင်းသက်လာတဲ့ ပြွန်ဆီ ​လာပေါင်းပြီး​တော့မှ Duodenum လို့​ခေါ်တဲ့ အူသိမ်ဦးပိုင်းနဲ့​ပေါင်းစပ်သွားပြီး အူထဲကို

သည်း​ခြေ​​ကျောက်တည်ခြင်း ( Gall Stone ) Read More »

Scroll to Top