Articles

စစ်ရှောင်စခန်းများတွင် ရေနှင့်သန့်ရှင်းရေး အရေးကြီးပုံ

စစ်ရှောင်စခန်းများနှင့် ဒုက္ခသည်စခန်းများတွင် ရေကောင်းရေသန့်ရရှိရေး၊ တကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်နှင့်အိမ်သာသန့်ရှင်းရေးတို့ကို အထူးအလေးထားရန် လိုအပ်ပါသည်။ စစ်ရှောင်စခန်းများသို့ လာရောက်နေထိုင်ရသူအများစုသည် အရေးပေါ်အခြေအနေများကြောင့် တကိုယ်ရေသုံးပစ္စည်းများ မယူဆောင်နိုင်ခြင်း၊ စိတ်ဖိစီးမှုများနေခြင်း၊ လူအများစုပေါင်းနေထိုင်ရသောကြောင့် သန့်ရှင်းရေးကိစ္စတွင် အားနည့်လေ့ရှိပါသည်။ စစ်ရှေmင်စခန်းများတွင် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာမရရှိခြင်း၊ အမှိုက်နှင့်အညစ်အကြေးများ စနစ်တကျစွန့်ပစ်ရန်နေရာများ မထားရှိခြင်းကြောင့် ကျန်းမာရေးနှင့် အခြားပြဿနာများ ကြုံတွေ့လာရနိုင်ပါသည်။ ကျန်းမာရေးပြဿနာများ လုံခြုံရေးနှင့် အခြားပြဿနာများ !အိမ်သာများလုံလောက်စွာမရှိခြင်း၊ ရေအရင်းအမြစ်နှင့် နေထိုင်ရာစုရပ်အကြား အလှမ်းဝေးသောကြောင့် အမျိုးသမီးများနှင့်ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အန္တရာယ်ရှိခြင်း၊ ! သန့်ရှင်းရေးစနစ်များ လုံလောက်ကောင်းမွန်မှုမရှိသောကြောင့် အန္တရာယ်များပြီး မသန့်ရှင်းသော နည်းလမ်းများဖြင့် ကိုယ့်နည်းကိုယ့်ဟန် ဖြေရှင်းလာကြခြင်း၊ အထက်ပါပြဿနာများကို ရှောင်လွှဲနိုင်ရန်အတွက် အောက်ပါအချက်များကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။  ၁။ ရေအရင်းအမြစ်သန့်ရှင်းမှု လူနှင့်တိရစ္ဆာန်များ၏အညစ်အကြေးများကြောင့် ရေအရင်းအမြစ်မသန့်ရှင်းမှုများ ဖြစ်တတ်ပါသည်။ ရေအရင်းအမြစ်သန့်ရှင်းစေရန်အတွက် […]

စစ်ရှောင်စခန်းများတွင် ရေနှင့်သန့်ရှင်းရေး အရေးကြီးပုံ Read More »

အစားအစာနှင့် ရေမသန့်ရှင်းခြင်း၊ လက်သန့်ရှင်းမှုအပါအဝင်တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်သောရောဂါများ

⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါများ (ပြင်းထန် ကာလဝမ်းရောဂါအပါအဝင်) ⚠️ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်အသားဝါရောဂါ (အူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သည်) ⚠️ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ ▬▬▬▬▬▬▬▬▬▬▬▬▬▬ မသန့်ရှင်းသောအစားအစာနှင့် ရေမရရှိသောနေရာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု အား နည်းသော နေရာဒေသများတွင် ရေမှတဆင့် ကူးစက်ဖြစ်ပွားသော ကူးစက်ရောဂါများသည် အခြားကူးစက် ရောဂါ များထက် ပိုမိုအဖြစ်များပါသည်။ ဥပမာအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်း ရောင်အသားဝါရောဂါနှင့် အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ စသည်တို့ ဖြစ်ပါသည်။ ⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါများ (ပြင်းထန် ကာလဝမ်းရောဂါအပါအဝင်) ဝမ်းပျက်ဝမ်းလျှောခြင်းသည်  ဝမ်းပျော့ပျော့ (သို့မဟုတ်) ဝမ်းအရည် မကြာခဏ သွားခြင်း ဖြစ်သည်။ ဝမ်းသွားပြီးနောက် အော့အန်ခြင်းနှင့် ဝမ်းဗိုက်တွင် နာကျင်ခြင်းတို့ ဆက်လက်ဖြစ်ပွားနိုင်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည်

အစားအစာနှင့် ရေမသန့်ရှင်းခြင်း၊ လက်သန့်ရှင်းမှုအပါအဝင်တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်သောရောဂါများ Read More »

သိမှတ်ဖွယ်ရာ အံဆုံးသွား အကြောင်းခြင်းရာ

သင့်ဘဝတစ်သက်တာတွင် သင်၏ သွားနှင့်ခံတွင်း အခြေအနေသည် အပြောင်းအလဲများစွာကို ဖြတ်သန်းဖြစ်ပေါ်လျက် ရှိပါသည်။ အသက် 17 နှစ်မှ 21 နှစ်ကြားတွင် ဖြစ်လေ့ရှိသော အဓိက သွားနှင့်ခံတွင်းဆိုင်ရာ ပြောင်းလဲမှုမှတ်တိုင်တစ်ခုမှာ သင်၏ နောက်ဆုံးအံသွားများ ပေါက်လာခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ပိုမိုရင့်ကျက်သော အသက်အရွယ်တွင် ပေါက်လာသောကြောင့် ဤသွားများကို “Wisdom Teeth” ဟု တင်စားခေါ်ဝေါ်ကြလေ့ရှိသည်။ အနေအထားမှန်ကန်စွာဖြင့် ပေါက်လာသည့် ကျန်းမာကြံ့ခိုင်သော နောက်ဆုံးအံသွားများသည် သင်၏အစာဝါးစားခြင်း လုပ်ငန်းစဥ်ကို ကူညီပေးနိုင်ပါသည်။ သွားများပေါက်သည့် အချိန်အခါတွင် အနည်းငယ် မအီမသာ ခံစားရသည်မှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် အံဆုံးသွားပေါက်သည့်အချိန်တွင် နာကျင်ခြင်းကို ခံစားရပါက ၎င်းသည် ပြဿနာများ၏ ရှေးဦးလက္ခဏာပင် ဖြစ်ပါသည်။ အံဆုံးသွားပေါက်ရန် နေရာအလုံအလောက်ရှိပါသလား ? အံဆုံးသွားများ ပေါက်လာသည့်အချိန်တွင်

သိမှတ်ဖွယ်ရာ အံဆုံးသွား အကြောင်းခြင်းရာ Read More »

ကိုယ်ဝန်ဆောင်မိခင်များအတွက် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သိ‌ကောင်းစရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ သင်၏ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်ကို သင်မျှော်လင့်ထားနိုင်ပါသည်။ သို့သော် သင်၏ခံတွင်းအတွင်းတွင်လည်း အပြောင်းအလဲများ ဖြစ်လာနိုင်သည်ကို သင်သိပါသလား။ ကိုယ်ဝန်ဆောင်ခြင်းသည် သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေကို တိုးလာစေပြီး အဆိုပါပြဿနာများသည် သင့်ကိုယ်ဝန်ကို ထိခိုက်စေနိုင်ပါသည်။ အချို့သော သုတေသနပြုချက်များအရ ပြင်းထန်သော သွားမြစ်ဝန်းကျင် တစ်ရှူးရောင် ရောဂါ (Periodontitis) သည် လမစေ့ဘဲမွေးခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း သားဖွားမီးယပ် ဆရာဝန်ထံ ပုံမှန်သွားရောက်ပြသခြင်းအပြင် သွားနှင့်ခံတွင်းဆရာဝန်ထံ သွားရောက်ပြသမှုများ ပြုလုပ်ရန်လည်း အရေးကြီးပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ခံတွင်း၊ သွားနှင့် သွားဖုံးများကို ကောင်းမွန်စွာ ဂရုစိုက်ခြင်းသည် သင့်အား ကျန်းမာသောကိုယ်ဝန်နှင့် ကျန်းမာသောကလေးတစ်ဦးကို ပိုင်ဆိုင်နိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ခြင်းသည် သင်၏ သွားနှင့်ခံတွင်းကျန်းမာရေးကို မည်သို့ထိခိုက်စေသနည်း။

ကိုယ်ဝန်ဆောင်မိခင်များအတွက် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သိ‌ကောင်းစရာများ Read More »

သွေးလွန်တုပ်ကွေး (Dengue Haemorrhagic Fever)

အဓိကကျသော အချက်အလက်များ အထွေထွေ သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်ကိုက်ခြင်မှ တဆင့် ကူးစက်သော ရောဂါ ဖြစ်သည်။ အဓိက အားဖြင့် Aedes aegypti မျိုးစိတ်ဝင် ခြင်မ က ကိုက်ရာမှ ကူးစက်ပျံ့ပွားစေပါသည်။ Ae. albopictus. ခြင်မ ကိုက်ခံရလျင်လည်း အနည်းအကျဉ်း ဖြစ်ပွားစေပါသည်။ ဤ ခြင်အမျိုးအစားသည် ဆင်တုပ်ကွေး ခေါ် chikungunya နှင့် ဇီကာ Zika ဗိုင်းရပ်စ်ပိုးရောဂါများကို ကူးစက်စေပါသည်။ သွေးလွန်တုပ်ကွေးသည် အပူပိုင်း ဒေသ တိုင်းပြည်များတွင် တွေ့ရပြီး ရာသီဥတု၊ လူမှုရေး နှင့် ပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်များ၏ လွှမ်းမိုးမှုပေါ် မူတည်သော ရောဂါ တခုလည်း ဖြစ်သည်။ သွေးလွန်တုပ်ကွေး လက္ခဏာများကလည်း ကျယ်ပြန့်ပြီး အချို့တွင်

သွေးလွန်တုပ်ကွေး (Dengue Haemorrhagic Fever) Read More »

ခံတွင်းအနံ့ဆိုးခြင်း

ခံတွင်းအနံ့ဆိုးခြင်းသည် အဖြစ်များသော ခံတွင်းကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး အချိန်ကြာမြင့်စွာ ဖြစ်ပွားတတ်သော နာတာရှည်ရောဂါအမျိုးအစား ဖြစ်ပါသည်။ ခံတွင်းအနံ့ဆိုးခြင်းသည် ရှက်စရာတစ်ခုအဖြစ် ခံစားရနိုင်ပြီး အချို့သောအခြေအနေများတွင်မူ သိသာထင်ရှားသော စိတ်ပိုင်းဆိုင်ရာပြဿနာများကိုပင် ခံစားရစေနိုင်ပါသည်။ ၎င်းသည် နံနက်ခင်းအိပ်ရာထချိန်တွင် ဖြစ်လေ့ရှိသည့် ခံတွင်းအနံ့အသက် မကောင်းခြင်း နှင့် မတူဘဲ ထိရောက်ပြည့်စုံသည့် သွားတိုက်ခြင်း၊ ခံတွင်းသန့်ရှင်း ဆေးရည် သို့မဟုတ် Mint (ပူရှိန်း) အသုံးပြုခြင်းတို့သည် ထိရောက်စွာ မဖြေရှင်းပေးနိုင်သည့်အပြင်ဘဲ ခံတွင်းအနံ့ဆိုးခြင်းရောဂါသည် ပိုမိုပြင်းထန်သည့် အခြားသောရောဂါများ၏ လက္ခဏာတစ်ခုအနေဖြင့် ဖော်ပြနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ခံတွင်းအနံ့ဆိုးခြင်း၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အဓိကရောဂါလက္ခဏာမှာ ဆိုးရွားသော ခံတွင်းအနံ့ရှိနေခြင်းဖြစ်ပြီး ခံတွင်းအတွင်းတွင်မကောင်းသောအရသာ ခံစားနေရခြင်းကိုလည်း သတိပြုမိနိုင်ပါသည်။ ခံတွင်းအနံ့ဆိုးခြင်းသည် ဖြစ်ရသည့် အကြောင်းရင်း၊ အဓိကအရင်းခံရောဂါ၏ အခြေအနေပေါ်မူတည်၍အနံ့ပြင်းထန်မှု ပြောင်းလဲနိုင်သည်။ ခံတွင်းအနံ့ဆိုးခြင်း၏ ‌ရောဂါအင်္ဂါရပ်များတွင် အောက်ပါအချက်များ

ခံတွင်းအနံ့ဆိုးခြင်း Read More »

Scroll to Top