ခံတွင်းအနံ့ဆိုးခြင်း
ခံတွင်းအနံ့ဆိုးခြင်းသည် အဖြစ်များသော ခံတွင်းကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး အချိန်ကြာမြင့်စွာ ဖြစ်ပွားတတ်သော နာတာရှည်ရောဂါအမျိုးအစား ဖြစ်ပါသည်။ ခံတွင်းအနံ့ဆိုးခြင်းသည် ရှက်စရာတစ်ခုအဖြစ် ခံစားရနိုင်ပြီး အချို့သောအခြေအနေများတွင်မူ သိသာထင်ရှားသော စိတ်ပိုင်းဆိုင်ရာပြဿနာများကိုပင် ခံစားရစေနိုင်ပါသည်။ ၎င်းသည် နံနက်ခင်းအိပ်ရာထချိန်တွင် ဖြစ်လေ့ရှိသည့် ခံတွင်းအနံ့အသက် မကောင်းခြင်း နှင့် မတူဘဲ ထိရောက်ပြည့်စုံသည့် သွားတိုက်ခြင်း၊ ခံတွင်းသန့်ရှင်း ဆေးရည် သို့မဟုတ် Mint (ပူရှိန်း) အသုံးပြုခြင်းတို့သည် ထိရောက်စွာ မဖြေရှင်းပေးနိုင်သည့်အပြင်ဘဲ ခံတွင်းအနံ့ဆိုးခြင်းရောဂါသည် ပိုမိုပြင်းထန်သည့် အခြားသောရောဂါများ၏ လက္ခဏာတစ်ခုအနေဖြင့် ဖော်ပြနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ခံတွင်းအနံ့ဆိုးခြင်း၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အဓိကရောဂါလက္ခဏာမှာ ဆိုးရွားသော ခံတွင်းအနံ့ရှိနေခြင်းဖြစ်ပြီး ခံတွင်းအတွင်းတွင်မကောင်းသောအရသာ ခံစားနေရခြင်းကိုလည်း သတိပြုမိနိုင်ပါသည်။ ခံတွင်းအနံ့ဆိုးခြင်းသည် ဖြစ်ရသည့် အကြောင်းရင်း၊ အဓိကအရင်းခံရောဂါ၏ အခြေအနေပေါ်မူတည်၍အနံ့ပြင်းထန်မှု ပြောင်းလဲနိုင်သည်။ ခံတွင်းအနံ့ဆိုးခြင်း၏ ရောဂါအင်္ဂါရပ်များတွင် အောက်ပါအချက်များ […]
ခံတွင်းအနံ့ဆိုးခြင်း Read More »