အစားအစာနှင့် ရေမသန့်ရှင်းခြင်း၊ လက်သန့်ရှင်းမှုအပါအဝင်တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်သောရောဂါများ

⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါများ (ပြင်းထန် ကာလဝမ်းရောဂါအပါအဝင်)

⚠️ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်အသားဝါရောဂါ (အူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သည်)

⚠️ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ

▬▬▬▬▬▬▬▬▬▬▬▬▬▬

မသန့်ရှင်းသောအစားအစာနှင့် ရေမရရှိသောနေရာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု အား နည်းသော နေရာဒေသများတွင် ရေမှတဆင့် ကူးစက်ဖြစ်ပွားသော ကူးစက်ရောဂါများသည် အခြားကူးစက် ရောဂါ များထက် ပိုမိုအဖြစ်များပါသည်။ ဥပမာအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်း ရောင်အသားဝါရောဂါနှင့် အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ စသည်တို့ ဖြစ်ပါသည်။

⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါများ (ပြင်းထန် ကာလဝမ်းရောဂါအပါအဝင်)

ဝမ်းပျက်ဝမ်းလျှောခြင်းသည်  ဝမ်းပျော့ပျော့ (သို့မဟုတ်) ဝမ်းအရည် မကြာခဏ သွားခြင်း ဖြစ်သည်။ ဝမ်းသွားပြီးနောက် အော့အန်ခြင်းနှင့် ဝမ်းဗိုက်တွင် နာကျင်ခြင်းတို့ ဆက်လက်ဖြစ်ပွားနိုင်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် အများအားဖြင့် လူနာ၏ မစင် သို့မဟုတ် အန်ဖတ် ဝင်ရောက်သွားသော ရေနှင့် အစားအစာတို့ကို စားသုံးမိရာက ရောဂါပိုးကူးစက်ခံရပြီးနောက် ဖြစ်ပွားခြင်းပါသည်။

ညစ်ညမ်းသော ရေ သို့မဟုတ် အစာကို စားသုံးပြီးနောက် (၃) ရက်မှ (၈) ရက်အကြာတွင် ရောဂါဖြစ်ပွားသည်။ ဝမ်းလျှောရောဂါအများစုသည် အလိုအလျောက် သက်သာပျောက်ကင်းလေ့ရှိသော်လည်း ကြာရှည်စွာနှင့် ပြင်းထန်စွာ ဝမ်းလျှောခြင်းသည် ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေပြီး အသက်အန္တရာယ်ရှိနိုင်ပါသည်။

ကလေးများတွင် ရေဓာတ်ခန်းခြောက်နိုင်ခြေ သိသိသာသာ ပိုများပြီး အသက်ဆုံးရှုံးနိုင်ခြေ ပိုများပါသည်။ ဝမ်းပျက်ဝမ်လျှောရောဂါသည် အသက် (၅) နှစ်အောက်ကလေး သေဆုံးမှု၏ ဒုတိယအများဆုံး အကြောင်းရင်းဖြစ်ပါသည်။

✅ ကာကွယ်ရန် နည်းလမ်းများ

သန့်ရှင်းသော ရေကို သောက်ပါ။ မရနိင်ပါက ကျိုချက်ထားသော သို့မဟုတ် ကလိုရင်းခတ်ထားသော ရေကို သောက်ပါ။

👉 သေချာစွာ ချက်ပြုတ်ထားသော အစားအစာများကို စားပါ။

👉 ဟင်းသီးဟင်းရွက်များကို မချက်ပြုတ်မီ ဆေးကြောပါ။ လှီးဖြတ်ထားသော သစ်သီးများကို ဖုံးအုပ်ထားပါ။

👉 စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ပါ။ ယင်လုံအိမ်သာ အသုံးပြုပါ။

👉 အိမ်သာ အသုံးပြုပြီးချိန်တိုင်း၊ အစားအစာများကို ပြင်ဆင်ချက်ပြုတ်ခြင်း မပြုမီတိုင်းနှင့် မစားသုံးမီ အချိန်တိုင်း လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် ဆေးကြောပါ။

👉 ရေဓာတ်ခန်းခြောက်ခြင်းမှု ကာကွယ်ရန် အရည်များများကို တတ်နိုင်သမျှ သောက်ပါ။ ဆားဓာတ်ပါဝင်သည့် အရည်များသည် အသုံးဝင်ပါသည်။

⚫ အငန်ဓာတ်ပါသော ဒိန်ချဉ် သောက်ပါ။

⚫ အငန်ဓာတ်ပါသော ဟင်းသီးဟင်းရွက် ပြုတ်ရည် သို့မဟုတ် ကြက်သားစွပ်ပြုတ် သောက်ပါ။

⚫ ဓာတ်ဆားရည် (ORS) သောက်ပါ။

👉 ကျန်းမာရေးဝန်ထမ်းက အကြံပြုထားခြင်းမရှိပါက ပဋိဇီဝဆေးဝါးများနှင့် ဝမ်းပိတ်စေသော ဆေးဝါးများကို မိမိသဘောနှင့်မိမိ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။

👉 အဖျားကြီးခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောခြင်း ပြင်းထန်/မသက်သာပါက ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပါ။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်အသားဝါရောဂါ (အူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သည်)

အသည်းရောင်အသားဝါ ဗိုင်းရပ်စ် (အေ) နှင့် (အီး) သည် ဗိုင်းရပ်စ်ပိုးပါသော အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်သည်။ ရောဂါပိုးပါဝင်သော အစားအစာကို စားသောက်ပြီးနောက် (၃) ပတ်မှ (၈) ပတ်အကြာတွင် ရောဂါလက္ခဏာများ စတင်ဖြစ်ပွားသည်။ အဓိကအားဖြင့် အရေပြားနှင့် မျက်သားများ အဝါရောင်ဖြစ်ခြင်း၊ ဆီးအရောင်ရင့်ရင့် သွားခြင်းနှင့် ဝမ်းအရောင် ဖျော့ခြင်း စသော ရောဂါလက္ခဏာများဖြင့် တွေ့ရလေ့ရှိသည်။ အသည်းရောင်အသားဝါ (အီး) ဗိုင်းရပ်စ်သည် အသည်းရောင်အသားဝါ ကပ်ရောဂါများကို ဖြစ်ပွားစေနိုင်သည်။

✅ ကာကွယ်ရန် နည်းလမ်းများ

👉 သန့်ရှင်းသော ရေကို သောက်ပါ။ မရနိင်ပါက ကျိုချက်ထားသော သို့မဟုတ် ကလိုရင်းခတ်ထားသော ရေကို သောက်ပါ။

👉 အသည်းရောင်အသားဝါ (အေ) ကာကွယ်ဆေးထိုးရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

👉 ကိုယ်ဝန်ဆောင်စဉ်အတွင်း အသည်းရောင်အသားဝါရောဂါ (အီး) ကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်သောကြောင့် သတိပြုကာကွယ်မှုများ ပြုလုပ်ထားသင့်သည်။

👉 ဆေးဝါးများကို မိမိသဘောနှင့်မိမိ သောက်သုံးခြင်း မပြုပါနှင့်။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ

အူရောင်ငန်းဖျားရောဂါသည် အူလမ်းကြောင်းနှင့် သွေးကြောအတွင်း ဘက်တီးရီးယားပိုး ကူးစက်ခြင်း ဖြစ်ပါသည်။ ရောဂါပိုးရှိသူ ထိတွေ့ကိုင်တွယ်ထားသော အစားအစာများ သို့မဟုတ် အဖျော်ယမကာများကို စားသောက်ခြင်း သို့မဟုတ် ရောဂါပိုးပါဝင်သော ရေကို သောက်မိခြင်းကြောင့် ရောဂါဖြစ်ပွားနိုင်သည်။

ရောဂါပိုးကူးစက်ခံရပြီးနောက် တစ်ပတ်မှ သုံးပတ်အကြာတွင် ရောဂါလက္ခဏာ ပြလေ့ရှိသည်။ ရောဂါလက္ခဏာများမှာ အပျော့စား သို့မဟုတ် ပြင်းထန်နိုင်ပြီး အောက်ပါတို့ ပါဝင်နိုင်သည်။ 

➡️ အဖျားကြီးခြင်း

➡️ နုံးခွေခြင်း

➡️ အစားအသောက်ပျက်ခြင်း

➡️ ခေါင်းကိုက်ခြင်း

➡️ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း

➡️ ရင်ဘတ်တွင် အနီစက်များ ထွက်ခြင်း

အူရောင်ငန်းဖျားရောဂါမှ ပြန်လည်ကောင်းမွန်လာပြီးနောက် အချို့သူများသည် ရောဂါပိုးသယ်ဆောင်သူများ ဖြစ်သွားကြောင်း တွေ့ရသည်။ ဤရောဂါပိုးသယ်ဆောင်သူများသည် အခြားသူများကို ရောဂါပိုး ပြန်လည်ကူးစက်စေနိုင်သောကြောင့် ပဋိဇီဝဆေးဝါးများဖြင့် ကုသရန် လိုအပ်သည်။

✅ ကာကွယ်ရန် နည်းလမ်းများ

👉 သန့်ရှင်းသော ရေကို သောက်ပါ။ မရနိင်ပါက ကျိုချက်ထားသော သို့မဟုတ် ကလိုရင်းခတ်ထားသော ရေကို သောက်ပါ။

👉 အိမ်သာ အသုံးပြုပြီးချိန်တိုင်း၊ အစားအစာများကို ပြင်ဆင်ချက်ပြုတ်ခြင်း မပြုမီတိုင်းနှင့် မစားသုံးမီ အချိန်တိုင်း လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် ဆေးကြောပါ။

👉 သေချာစွာ ချက်ပြုတ်ထားသော အစားအစာများကို စားပါ။

👉 စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ပါ။ ယင်လုံအိမ်သာ အသုံးပြုပါ။

👉 အူရောင်ငန်းဖျားရောဂါ ကာကွယ်ဆေးထိုးရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

👉 ရောဂါလက္ခဏာများ ပေါ်လာပါက ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပါ။ 

▬▬▬▬▬▬▬▬▬▬▬▬▬▬

အထက်ဖော်ပြပါ ရောဂါများအပြင်

  • အရေပြားရောဂါများ
  • သန်ကောင်တုတ်ကောင်ရောဂါများ ဖြစ်စေနိုင်ပြီး ရေရှည်တွင် အာဟာရချို့တဲ့ခြင်းများ ခံစားရနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် ထိုသို့သောကျန်းမာရေးပြဿနာများကို အောက်ဖော်ပြပါ ရိုးရှင်းသောအချက်အလက်များကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

Scroll to Top